ယခုတလောနအဖကသူထိန်းချုပ်ထားတဲ့မီဒီယာများကတင်မက
ပုဂ္ဂလိကပိုင်ဂျာနယ်များ၏အဓမ္မသိမ်းပိုက်ထားသောစာမျက်နှာ
များမှတဆင့်၁၉၉၀ခုနှစ်ရွေးကောက်ပွဲသည်ပြီးသွားပြီ၊
အခြေခံဥပဒေသစ်အရရွေးကောက်ပွဲသစ်အတွက်ပြင်ဆင်ကြဟုတိုက်တွန်းသလို၊
သတိပေးသလိုနှင့်ရေးသားလျှက်ရှိသည်။ ထို့အပြင်လာမည့်လအနည်းငယ်အတွင်း
ရွေးကောက်ပွဲကျင်းပရန်အတွက် လိုအပ်သည့်ပြင်ဆင်မှုများဖြစ်သည့် ရွေးကောက်ပွဲဥပဒေ၊နိုင်ငံရေးပါတီမှတ်ပုံတင်ကိစ္စစသည်များကိုလုပ်ဆောင်တော့မည်
ဆိုသည့်လေသံများလည်းကြားနေရသည်။
နအဖက ၄င်းတို့ချမှတ်ထားသည့် အဆင့်(၇)ဆင့်ပါနိုင်ငံရေးလမ်းပြမြေပုံ
အတိုင်းဆက်လက်လျှောက်လှမ်းရန်ကြိုးပမ်းနေသည်။
ထိုအတွက်အခြေအနေများကိုလည်းဘက်ပေါင်းစုံမှဖန်တီးလျက်ရှိသည်။
ပြည်တွင်းနိုင်ငံရေးအင်အားစုများသာမကပြည်ပရှိအင်အားစုများ၊
ရေးဒီယိုအသံလွင့်ဌာနများကလည်းရှေ့အနာဂတ်အခြေအနေ
နှင့်ပတ်သက်၍ ပြောဆိုတွက်ဆလျက်ရှိသည်။
မြန်မာ့ဒီမိုကရေစီအင်အားစုများ၏သဘောထားနှင့်အနာဂတ်
အစီအစဉ်များကိုမေးမြန်းလျက်ရှိသည်။
နအဖ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာပြည်တွင်
စစ်မှန်သည့်ဒီမိုကရေစီထွန်းကားစေမည်မဟုတ်ပဲစစ်တပ်က
ကြီးစိုးချယ်လှယ်သည့်နိုင်ငံရေးစနစ်တစ်ခုသာ
ပေါ်ထွန်းလာမည်ဖြစ်ပြီးစစ်တပ်ကအာဏာဆက်လက်ချုပ်ကိုင်မှုကိုတရားဝင်
အသိအမှတ်ပြုမည့်အခြေခံဥပဒေသာဖြစ်သည်။ နအဖ၏ လမ်းပြမြေပုံသည်
်လက်ရှိအခြေအနေတွင် အခက်အခဲများရှိနေသည့်ကြားထဲမှပင်၎င်းတို့
သတ်မှတ်ထားသည့်အတိုင်းဖြစ်ချင်သည့်အတိုင်းသွားနေသည်။
မဖြစ်ဖြစ်အောင်လည်းလုပ်နေသည်။အချိန်နှင့်အခြေအနေကိုကိုက်ရန်
စနစ်တကျဖြင့်တွက်ချက်လုပ်ဆောင်နေသည်။
ဤအချက်ကို ဒီမိုကရေစီ အင်အားစုများအနေဖြင့်လုံးဝမမေ့လျော့သင့်ပေ။
နအဖ၏လမ်းပြမြေပုံကိုမည်သို့မည်ပုံဖျက်ပစ်မည်နည်း၊ နအဖနှင့်အပြိုင်မိမိတို့ဖော်ဆောင်မည်စစ်မှန်သည့်ဒီမိုကရေစီထွန်းကားရေးအတွက်မည်သို့
လမ်းကြောင်းချမည်နည်းဆိုသည်ကိုတွက်ချက်အကောင်အထည်ဖော်လုပ်ဆောင်ရမည်ဖြစ်
သည်။နှစ်ပေါင်း(၂၀)နီးပါးစစ်အာဏာရှင်များချမှတ်ထားသည့်လမ်းကြောင်းတွင်လျှောက်လှမ်း
လာနေခဲ့သည်ကိုဒီမိုကရေစီအင်အားစုများအနေဖြင့်မိမိတို့၏အခြေအနေကိုပီပီပြင်ပြင်ပြန်
လည်သုံးသပ်ကာအင်အားစုများအကြားညှိနှိုင်းနားလည်ထားသည့်ဗျူဟာသစ်ဟုဆိုဆို လမ်း
ကြောင်းသစ်ဟုဆိုဆိုပြတ်ပြတ်သားသားအကောင်အထည်ဖော်ရန်လိုအပ်နေပြီဖြစ်သည်။
ဒိမိုကရေစီအင်အားစုများအနေဖြင့်ပြိုင်ဖက်ရန်သူစစ်အာဏာရှင်ကိုလျှော့တွက်၍မရ
စနစ်ကျသည့်ခိုင်မာသည့်လမ်းကြောင်းကိုချမှတ်နိုင်ရမည်ဖြစ်သည်။ထိုအတွက်မည်မျှပြင်ဆင်
လုပ်ဆောင်ထားပီးပြီလဲဟုမေးခွန်းအတွက်အဖြေကိုအမြန်ဆုံးဖြေရန်လိုအပ်နေပြီဖြစ်သည်။
Voice of Burma မှတင်ပြသည်။
Sunday, July 20, 2008
လမ်းကြောင်းချရန်လိုအပ်နေပြီ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment