မဇ္ဈိမသတင်းဌာန
စနေနေ့၊ ဂျူလိုင်လ 19 2008 12:36 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ အာဏာပိုင်များ စောင့်ကြည့်နေသည့်ကြားက အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် အာဇာနည်နေ့ အခမ်းအနားကို ကျင်းပနေဆဲ ဖြစ်သည်။
အနည်းဆုံး အင်အားတထောင်ကျော်ရှိသော ကြံ့ခိုင်ဖွံ့ဖြိုးရေး၊ စွမ်းအားရှင်၊ လုံထိန်းရဲနှင့် မီးသတ်တို့က အဖွဲ့ချုပ် ရုံးတဝိုက်နှင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာ လမ်းမကို ပိတ်ဆို့ စောင့်ကြပ်နေခဲ့သည်။ အဖွဲ့ချုပ်ရုံးသို့ သွားရာလမ်းများတွင် ယာဉ်သွားလာမှု ပိတ်ပင်ထားပြီး လမ်းလျှောက်၍သာ ဖြတ်သန်း သွားလာခွင့်ရှိပြီး ဒေါ်စုနေအိမ် သွားရာလမ်းကို အပြင်လူ ဖြတ်သွားလာခွင့် ပိတ်ပင်ထားသည်။
သို့သော်လည်း ၆၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရာ အဖွဲ့ချုပ်ဝင် ၄ဝဝ ခန့် တက်ရောက်ခဲ့ကြသည်ဟု တက်ရောက်ခဲ့သူ ပါတီဝင် လူငယ်တဦးက ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင်တကွ အာဇာနည်ခေါင်းဆောင် ၉ ဦးတို့ကို ဂါရဝပြု အခမ်းအနား ကျင်းပပြီးနောက် ပါတီက ဒုတိယပိုင်း အခမ်းအနား ဆက်လက် လုပ်ဆောင်နေသည်။
Mazzimaမှတင်ပြသည်။
Friday, July 18, 2008
အန်အယ်လ်ဒီရုံးတွင် အာဇာနည်နေ့ အခမ်းအနား ကျင်းပ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment