Friday, July 4, 2008

ဇေယျာသော်နှင့်ယနေ့ရန်ကုန်မြို့လုံခြုံရေးအခြေအနေ


အဓိကရုဏ်း နှိမ်နင်းရေး ရဲများကို ရန်ကုန်မြို့တွင် တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ စစ်အစိုးရ ဖွဲ့စည်းထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ ရွှေပြည်သာမြို့နယ် ရုံးခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးများ သိသိသာသာ တိုးမြှင့်ချထားမှုများ ပြုလုပ်လာခဲ့သည်။

အက်ဆစ် တေးဂီတအဖွဲ့မှ အဆိုတော် ဇေယျာသော် (လက်ထိပ်ခတ်ခံထားရပြီး အကျီဖြူ၊ ယောပုဆိုး လုံချည်ဖြင့်) ကို အာကာဗိုလ်နှင့်အတူ လမ်းမတော်မြို့နယ် တရားရုံးသို့ ဇွန် ၂၇ ရက်၊ ၂၀၀၈ ခုနှစ်က ရုံးထုတ်လာစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ လူငယ် အဖွဲ့အစည်းတခုဖြစ်သော Generation Wave အဖွဲ့၏ ဦးဆောင်လည်းဖြစ်သူ ကိုဇေယျာသော်ကို နအဖက တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းမှုဖြင့် တရားစွဲဆိုထားသည်။

လူမျက်နှာပျောက်တဲ့လူသား

လူအချင်းချင်း…..မီးထက်ပြင်းတဲ့ထိုးနှက်မှူတွေ
အချစ်ကိုဝယ်စားကြသူတွေနဲ့ အချစ်ကိုရောင်းစားကြသူတွေ
ဈေးခေါ်နေတဲ့ စာရိတ္တတွေနဲ့မေတ္တာမဲ့တဲ့နှလုံးသားတွေ
ဘယ်သူသေသေ ငတေမာရင်ပြီးရောပေါ့။

ငါတို့ခေတ်မှာ လူသားတွေဟာ
တယောက်ရဲ့အတ္တအတွက် တယောက်က
အခြားတယောက်ရဲ့မျှော်လင့်ချက်တွေကိုရိုက်ချိုး
အသွေးအသားတွေကိုဝါးမျို
အရိုးတွေနဲ့မီးလှုံ
ယုံကြည်ချက်တွေ တိုးတိုက်မိကြပေါ့….။


ငါတို့ခေတ်မှာ..ကမ္ဘာရဲ့သစ္စာ
ပျောက်ဆုံးနေတဲ့လောကပါလ ဟာ..
ဘယ်မှာမှရှာမရသလို
အတ္တမျက်မှန်ပြာတွေတပ်
မောဟအမှောင်တိုက်ထဲဝင်…..
ဟင်!
လူသားတွေဟာ လူမျက်နှာတွေပျောက်နေကြပြီ။ ။
ဇေယျာသော်
၂၇.၆.၀၈

0 comments: