Saturday, July 5, 2008

ရွေးကောက်ပွဲတကြော့ပြန်ဇင်ဘာဘွေနှင့်မြန်မာပြည်၏အနာဂတ်





"အာဏာရှင်စံနစ်ဆိုးအောက်မှာ လူ့အဖွဲ့အစည်းတခုလုံးဘယ်နေရာကြည့်ကြည့် အကျင့်ပျက်မှုဟာကပ်ရောဂါကြီးလို ပြန့်နေတယ်။"

The economy poorly transitioned after Robert Mugabe's leadership, deteriorating from one of Africa's strongest economies to one of the world's worst. Inflation has surpassed that of all other nations at over 1,000,000% (although it is impossible to calculate an accurate value), with the next highest in Burma at 39.5%


ဆောင်းပါး- (ms)

၁၉၈၉ ခုနှစ်တုန်းက တရုတ်ပြည်ကလူမှုသိပ္ပံတက္ကသိုလ်ကျောင်းအုပ် ယင်ယာချီ၏ စကားတခွန်းမှာ တော်တော်မှတ်သားဖို့ ကောင်းပါသည်။ ဒီစကားဟာ တရုတ်ပြည် မှာအုပ်ချူပ်နေခဲ့တဲ့ ကွန်မြူနစ် အာဏာရှင်တွေကို အသိပေးထောက်ပြ ဝေဖန်ခဲ့တာလည်း ဖြစ်တယ်။ ဒီအကြောင်းကိုဆရာကြီးမြသန်းတင့်က “အာရှအရုဏ်ဦး ” စာအုပ်မှာ “နောက်ပိုင်းတရုတ်တွေဘာကြောင့် ကြီးပွားကြသလဲ” ဆောင်ပါးကို ( Pacific Destiny written by Robert Elegant) ကို ဘာသာပြန်ဆိုရာ၌ ထည့်သွင်း ရေးသားပေး ခဲ့ပါသည်။ အာဏာရှင်တွေအကြောင်းမို့ တိုက်ဆိုင်၍တင်ပြလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့လူမျိုးဟာတခြားလူမျိုးတွေထက်သာတယ်၊ ကျွန်တော်တို့ယဉ်ကျေးမှုဟာလည်း တခြားယဉ်ကျေးမှုတွေနဲ့ သာတယ်ဆိုတဲ့အယူအဆကိုလုံးဝစွန့်လွှတ်ဖို့ကောင်းပြီ။ကိုယ့်ကိုကိုယ် ကမ္ဘာကြီးရဲ့ဗဟိုလို့ထင်နေရင်နိုင်ငံခြားတိုင်းပြည်တွေရဲ့ အတွေ့အကြုံကိုကျွန်တော်တို့ သင်ယူနိုင်မှာမဟုတ်ဘူး။ ဒီလိုဆိုရင်ကျွန်တော်တို့ရဲ့ တိုးတက်မှုဟာလည်း သိပ်ပြီး နှေးသွားလိမ့်မယ်” ဟုသူကပြောခဲ့သည်။

ဒီလို ယင်ယာချီ ဥပမာပြု ပြောဆို သုံးနှုန်းခဲ့တဲ့မျက်ကန်းမျိုးချစ်နှင့် နိုင်ငံခြားသားများကို မုန်းတီးမှုအယူအဆတွေဟာယနေ့ ဇင်ဘာဘွေနှင့်မြန်မာစစ်အုပ်စုအာဏာရှင်တွေရဲ့ ဥဏှောက်ထဲမှာ အမတန်မှဆိုးဝါးလှတဲ့ ဗိုင်းရပ်ပိုးတခုလိုတည်ရှိနေကြတယ်။ အာဏာရှင်တိုင်းမှာတူညီချက်တွေရှိတယ်။ ပြည်သူတွေကို အကြမ်းဖက်ပြီး အကြောက်တရားနဲ့ ချိန်းခြောက်အုပ်ချုပ်တယ်။အတိုက်အခံ ပြည်သူတွေကိုညှင်းပန်း နှိက်စက်ထောင်ချမယ်။ သူတို့ ရဲ့ အကြမ်းဖက်လုပ်ရပ်က မှန်တယ်၊တရားတယ်၊ ဆိုပြီး ကမ္ဘာကိုဟစ်ကြွေးကြတယ်။ ဒါဟာမှန်ကန်ခဲ့ကြောင်း ကမ္ဘာမှာနံမည်ကြီး အာဏာရှင်တွေ ဖြစ်ခဲ့ကြတဲ့ ဟစ်တလာ၊ဆဒမ်ဟူစိန်၊ ယူဂန်တာအဏာရှင် (Idi Amin) တို့က သူတို့ တိုင်းပြည်အုပ်ချူပ် ခဲ့စဉ်တုန်းက သက်သေပြ ခဲ့ကြသလို၊ အခုလည်း ခေတ်သစ်အဆိုးဝါးဆုံးအာဏာရှင် တွေဖြစ်နေကြတဲ့ ဇင်ဘာဘွေ ရောဘတ် မူဂါဘီနှင့် မြန်မာပြည်က သန်းရွှေ တို့ကလည်း အပြိုင်အဆိုင်အတုခိုး လုပ်ဆောင်နေကြ သလားလို့တောင်ထင်ရတယ်။

ဇင်ဘာဘွေနိုင်ငံမှာ လက်ရှိသမ္မတ ရောဘတ် မူဂါဘီသာ တစ်ဦးတည်း သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်တဲ့ တကြော့ပြန် ယှဉ်ပြိုင်မဲ့ သမ္မတ ရွေးကောက်ပွဲမှာ အကြမ်းဖက်အနိုင်ယူသွားခဲ့သလို၊ မြန်မာနိုင်ငံမှာလည်း အနှိုင်းမဲ့န၀တ အာဏာရှင် စစ်အုပ်စုဟာ စစ်တပ်၏ လက်ပါးစေ လက်ကိုင်ဒုတ် ကြံဖွတ်တို့၊ စွမ်းအားရှင်တို့ကိုအသုံးပြုပြီး အတိုက်အခံ တွေကို အကြမ်းဖက်ပြီး နှစ်ကြော့ပြန်ရွေးကောက်ပွဲကို အနိုင်ယူဘို့ ပြင်ဆင်နေပါပြီ။

အာဏာရှင်တွေအားလုံးမှာတူညီတဲ့ခံယူချက်ဆိုး တခုရှိတယ်။အဲဒါက သူတို့ကို အတိုက်အခံပြုတဲ့သူတွေကို အကြမ်းဖက်နှိပ်ကွပ်တဲ့လုပ်ဆောင်ချက်ပါဘဲ။ အဲဒီတော့ အာဏာရှင်တွေဟာ ယဉ်ကျေးတဲ့ လူဘောင်အဖွဲ့အစည်းကို လက်နက်အားကိုးပြီး ဥပဒေမဲ့ အကြမ်းဖက်လုပ်ဆောင်မူ့တွေကို လိုင်စင်ရတရားဝင်အရှက်တရားကင်းမဲ့ စွာ၊လူသားမဆန်စွာ ပြုလုပ်လာကြတယ်။

ဒီလိုလုပ်ရပ်တွေကို ဒေသတွင်းနိုင်ငံများကလည်းရှုံ့ချကြယုံကတပါးဘာမှထိထိရောက်ရောက် အရေးယူမူ့တွေပြုလုပ်နိုင်ကြမှာ မဟုတ်ပါဘူး။ ဥပမာအားဖြင့် ဒေသတွင်းအာဖရိကသမဂ္ဂက ကဇင်ဘာဘွေအာဏာရှင် အပေါ်ဘာမှထိထိရောက်ရောက်အရေးယူမူ့တွေမပြုလုပ်နိုင်ခဲ့သလို၊ ဒေသတွင်း အာဆီယံအဖွဲ့ကလည်းမြန်မာနိုင်ငံက န၀တအာဏာရှင်စစ်အုပ်စုအပေါ် ဘာမှထိထိ ရောက်ရောက် အရေးယူမူ့တွေပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။

ဇင်ဘာဘွေမှာအတိုက်အခံတွေဟာလည်းအကြမ်းဖက် တိုက်ခိုက် ခံခဲ့ရမှုတွေကြောင့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ် ခဲ့သလို၊ မြန်မာနိုင်ငံမှာလည်း သန်းရွှေခေါင်ဆောင်တဲ့ န၀တစစ်အုပ်စုအာဏာရှင်တွေ ရှိနေသ၍ဘယ်လိုမှ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာမှာမဟုတ်ပါဘူး။ တကြော့ပြန်ရွေးကောက်ကြောင့် မြန်မာပြည်သူတွေဟာ အနှစ်(၂၀)ကျော် အာဏာရှင်တွေရဲ့ အကြမ်းဖက်နှိပ်စက်တာခံခဲ့ရသလို၊ နှစ်ကြော့ပြန်ရွေးကောက်ကြောင့် ပြည်သူတွေဟာ နောက်ထပ် အနှစ်(၄၀)ကျော်အောင် စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်နှိပ်စက်တာ ခံကြရတော့မှာတော့ ကျိမ်းသေနေပါပြီ။

အာဏာရှင်စံနစ်ဆိုးအောက်မှာ အုပ်ချူပ်သူမကောင်းလို့ ပြည်သူဆင်းရဲ၊ ပြည်သူဆင်းရဲပြီး ပညာရေးအဆင့်အတန်း နှိမ့်ပါးမှုကြောင့်၊ တိုင်းပြည်ဒုက္ခရောက် မုံ့လုံးစက္ကူကပ်ဖြစ်နေတယ်။ အာဏာရှင်စံနစ်ဆိုးအောက်မှာ လူ့အဖွဲ့အစည်းတခုလုံးဘယ်နေရာကြည့်ကြည့် အကျင့်ပျက်မှုဟာကပ်ရောဂါကြီးလို ပြန့်နေတယ်။

ဇင်ဘာဘွေ အာဏာရှင်ရောဘတ်မူဂါဘီကို အာဏာပြန်ရအောင်ပြုလုပ်တဲ့ အကြမ်းဖက်တ ကြော့ပြန်ရွေးကောက်ပွဲကြောင့် အခုဆိုပြည်သူတွေရဲ့စားဝတ်နေရေးအကျပ်အတည်း ဒုက္ခတွေဟာ စိုးရိမ်အမှတ်ကိုရောက်ရှိနေပါပြီ။ ဇင်ဘာဘွေမှာ အလုပ်လက်မဲ့ဦးရေဟာ ၈၀ ရာခိုင်နှုန်းရှိနေပြီး၊ စားသောက်ကုန်ဈေးနှုန်းပေါ် တွက်ရှိသောငွေကြေးဖောင်းပွမူ့နှုန်းဟာ ၁၀၀၀၀၀၀ ရာခိုင်နှုန်းကိုကျော်လွန်နေပါပြီ။ ဇင်ဘာဘွေပြည်သူတွေဟာ အခြားအိမ်နီးချင်း အာဖရိကနိုင်ငံတွေမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပင် အလုပ် လုပ်ကိုင်နေ ကြပါတယ်။ ဇင်ဘာဘွေမှာ အာဏာရှင် မူဂါဘီရှိနေသ၍ ဇင်ဘာဘွေပြည်သူတွေ နှင့် အိမ်နီးချင်းနိုင်ငံ အာဖရိကနိုင်ငံတွေဟာ ဒုက္ခရောက်နေကြမှာဖြစ်သလို၊ မြန်မာပြည်မှာလည်း အကြမ်းဖက် န၀တစစ်အုပ်စုရှိနေသ၍ မြန်မာပြည်သူတွေ နှင့် အိမ်နီးချင်းနိုင်ငံအာဆီယံနိုင်ငံတွေဟာ ဒုက္ခရောက်နေကြမှာပါဘဲ။

ဇင်ဘာဘွေနှင့် မြန်မာပြည်သူတွေအကြောင်းတွေးမိရင်း ဆရာကြီးမြသန်းတင့်၏ "ကျွန်တော်အနှစ်သက်ဆုံး ကွန်ဖျူးရှပ်သြ၀ါဒ ကထာ" တခုကိုသွားသတိရမိသည်။

တစ်နေ့သ၌ ကွန်ဖျူးရှပ်သည် ကျားကိုက်ခံရသည့်လင်ယောက်ျားအလောင်းကိုရှေ့တွင် ချကာငိုကြွေးနေသည့် မိန်းမယောက်ကိုတွေ့ရသည်။ သူ့သားမှာလည်းအနီးရှိတောထဲမှာ ကျားရဲတကောင်ကိုက်သဖြင့် သေခဲ့ပြီးပြီဟုအမျိုးသမီးကပြောသည်။

“သို့ဖြစ်လျှင်ဘာကြောင့်တခြားနေရာကိုပြောင်းရွေှ့မနေသနည်း” ဟုကွန်ဖျူးရှပ်ကမေးသည်။

“မှန်ပါ။သည်နေရာကနှိပ်စက်ကလူပြုသည့်အစိုးရမရှိသောကြောင့်တခြားကိုမပြောင်းခြင်းဖြစ်ပါသည်။” ဟုအမျိုးသမီးကပြန်ပြောသည်။ ထိုနီတိကိုစာဖတ်သူကြိုက်သလိုအဓိပ္ပါယ်ကောက်နိုင်
ပါသည်။

နှိပ်စက်ညှင်းပန်းသောအစိုးရသည် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့အတွက်
အဆိုးဆုံးသော မကောင်းဆိုးဝါးဖြစ်သည်ဟု ကွန်ဖျူးရှပ်အထင် အရှားယူဆထားပါသည်။ ဒီလိုဘဲ ဇင်ဘာဘွေနှင့် မြန်မာ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေ ယူဆနေကြပါပြီ။ အခြားတိုင်းပြည်တွေမှာဒုက္ခရောက်နေကြပေမဲ့၊ အခြားတိုင်းပြည်တွေဟာ မကောင်းဆိုးဝါးတွေရှိတဲ့ ကိုယ့်တိုင်းပြည်ထက်ပိုမိုကောင်မွန်နေသေးသည်။

ဟုတ်ပါသည်.....ကံကြမ္မာဆိုးတွေသည် ဇင်ဘာဘွေနှင့် မြန်မာ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေ ဘက်၌ရှိနေသည်မဟုတ်ပါလား။ ။



The economy of Zimbabwe is collapsing under the weight of economic mismanagement, resulting in 85% unemployment and spiraling hyperinflation. The economy poorly transitioned after Robert Mugabe's leadership, deteriorating from one of Africa's strongest economies to one of the world's worst. Inflation has surpassed that of all other nations at over 1,000,000% (although it is impossible to calculate an accurate value), with the next highest in Burma at 39.5%[1]. The government has attributed the economy's poor performance to ZDERA, a US congressional act hinging debt relief for Zimbabwe on democratic reform, and freezing the international assets of the ruling class. It currently has the lowest GDP real growth rate in an independent country and 3rd in total (behind Palestinian territories.)

The country has reserves of metallurgical-grade chromite. Other commercial mineral deposits include coal, asbestos, copper, nickel, gold, platinum and iron ore. However, its ongoing political turmoil and the world's highest rate of AIDS[2] infection have greatly hampered its progress. Mugabe's policies towards land reform have led to internal upheaval and population displacement, high inflation, and an inability of the country's citizens to feed themselves.
Contents

မိုးသီးဇွန်မှတင်ပြသည်။

0 comments: