Friday, July 25, 2008

ရွှေဝါရောင်ဦးဆောင်သံဃာဦးဃောသိတကိုအမေရိကန်သမတတွေ့ဆုံ


၂၀၀၇-ခုနှစ်သံဃာတော်များဦးဆောင်ခဲ့သောရွှေဝါရောင်တော်လှန်ရေးကိုနအဖစစ်မိစ္ဆာများက
အကြမ်းဖက်ဖြိုခွင်းစဉ်စက်တင်ဘာ(၂၆)ရက်နေ့က
ဦးဃောသိတ၏ဦးခေါင်းကိုနံပါတ်တုတ်ဖြင့်ရိုက်နှက်ခံရသည်ကိုတွေ့မြင်ရပုံ။

အမေရိကန်သမတဂျော့ဘုရှ်ဟာမြန်မာနဲ့ဆူဒန်နိုင်ငံအပါအ၀င်(၈)နိုင်ငံကဒီမိုကရေစီရေးနဲ့
လူအခွင့်အရေးလှုပ်ရှားသူတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ဇူလိုင်လ၂၄ရက်နေ့ကအမေရိကန်နိုင်င
ံဝါရှင်တန်ဒီဒီရှိUSAIDခေါ်အမေရိကန်နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ခန်းမမှာကျင်းပတဲ့
အခမ်းအနားကိုမြန်မာနိုင်ငံက၂၀၀၇ခုနှစ်ရွှေဝါရောင်ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ဦးဃောသိတ
ကိုလည်းဖိတ်ကြားခဲ့ပါတယ်။အခမ်းအနားအပြီးမှာ
အမေရိကန်သမတဂျော့ဘုရှ်ဟာနိုင်ငံပေါင်း(၈)နိုင်ငံကလူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့တစ်ဦးချင်း
တွေ့ဆုံနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။အဲဒီအကြောင်းကိုဦးဃောသိတကRFA ကိုအခုလိုမိန့်ကြားခဲ့ပါတယ်၊"ဒီမိုကရေစီနှင့်လူ့အခွင့်အရေးလှုပ်ရှားတဲ့ပုဂ္ဂိုလ်တွေကိုသမတဘုရှ်က
အထူးလက်ခံတွေ့ဆုံးပြီးတော့စကားပြောတယ်၊အဲဒီနောက်မှာမိန့်ခွန်းတွေပြောတယ်၊သူ့ကိုလည်း
ဦးဇင်းတို့လိုချင်တာတွေလည်းတောင်းဆိုလို့ရတယ်၊ဒါမျိုးတွေကိုအခမ်းအနားထဲမှာစီစဉ်ပေးပါတယ်။
"ဦးဃောသိတဟာစက်တင်ဘာရွှေဝါရောင်တော်လှန်ရေးအပြီးနအဖစစ်အုပ်စုရဲ့ဖမ်းဆီးခြင်းခံရမှာ
ကိုစိုးရိမ်တဲ့အတွက်ထိုင်းမြန်မာနယ်စပ်ကိုတိမ်းရှောင်ခဲ့ပြီး၂၀၀၈ခုနှစ်မတ်လအတွင်းမှာအမေရိကန်
ပြည်ထောင်စုကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။


0 comments: