Thursday, July 3, 2008

ဝါဆိုဝင်ကာလမရောက်ခင် ရန်ကုန်မှာရှိသည့် ဘုန်းဘုန်းတွေကို နှင်းထုတ်နေ



(ကာအိုဝါအိုသတင်းမှ ကိုးကားသည်)

ရန်ကုန်မြို.မှာ စာပေကျမ်းဂန်း လေ့လာသင်ကြားနိုင်ရန် နယ်အသီးသီးမှ တက်လာသောဘုန်းဘုန်းများကို ဝါဆိုမဝင်ခင် ကိုယ့်ရပ်ရွာဒေသသို. ပြန်ကြွကြပါရန် နအဖအာဏာပိုင်များက လိုက်လံနှင်းထုတ်နေသည်။ ယခုဆိုရင်၊ မော်လမြိုင်မြို.မှာ ရှိသည့် စိန်းမမကျောင်း၊ ရဲကျောင်း၊ ဆင်ဖြူကျောင်းတွေမှာ ရန်ကုန်မှ ပြန်ကြွလာသော သံဃာတော်များ အပါးပေါင်း (၁၀၀)လောက်ရှိနေပြီ ဟု သိရှိရပါသည်။

ဝါဆိုကာလဆိုသည်မှာ သံဃာတော်များအတွက် ကျောင်းထဲမှာ ပင်နေထိုင်ရပြီး အရေးကြီးသော ကိစ္စမရှိရင် အပြင်သွားလာခွင့်ကိုဝိနည်းအရ ပိတ်ပင်ထားပါသဖြင့် သုံးလအတွင်းမှာ ဗုဒ္ဒစာပေကျမ်းဂန်းများကို ငြိမ်းချမ်းစွာ လေ့လာနိုင်ပါသည်။

နအဖအာဏာပိုင်များအနေနဲ. ယင်ကဲ့သို. လုပ်ဆောင်ရခြင်း၏အကြောင်းရင်းဟာ (၈၈၈၈)လေလုံးနှစ်ပတ်လည်နေ.နှင့် မနှစ်တုန်က ရွှေဝါရောင်တော်လှန်းရေးနှစ်ပတ်လည်နေ.များတွင် အုံကြွမှုထပ်ဖြစ်လာမှာကို စိုးရိမ်းနေပြီး မြို.ပေါ်မှာ ရဟန်းသံဃာတော်များ၏ဦးရေလျော့ကျသွားအောင်လုပ်သည် ဟု ရန်ကုန်ရှိ သံဃာတစ်ပါးကမိန်.ကြားပါသည်။

ထို.အပြင်၊ဂျူလိုင်လမှစ၍ တစ်အိမ်တွင် လူဆယ်ယောက်ထက် ဧည့်ခံလို.မရသည့်အကြောင်း၊ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဧည့်သည်(၅)ယောက်ထက်ခွင့်မပြုသည့်အကြောင်း အာဏာပိုင်တို.အမိန်.ထုတ်ပြန်ထားသည် ဟုရန်ကုန်ကပြန်ကြွလာသော သံဃာတစ်ပါးက မိန်.ကြားပါသည်။



0 comments: