မြန်မာနိုင်ငံလေဘေးဒုက္ခသည်များအတွက်ဒုတိယအကြိမ်အလှူငွေကောက်ခံခြင်း
မြန်မာနိုင်ငံအတွင်းဝင်ရောက်တိုက်ခိုက်သွားသော နာဂစ်အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း ၊ မွန်ပြည်နယ် ၊ ကရင်ပြည်နယ် တို့တွင်အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရပါသည် ။ မုန်တိုင်း ၏နောက်ဆက်တွဲဖြစ်သော စားနပ်ရိက္ခာရှားပါးခြင်း ၊ သောက်သုံးရေပြတ်လပ်ခြင်း ၊ ကူးစက်ရောဂါများဖြစ်ပွားခြင်း ၊ ၀မ်းရောဂါ များဖြစ်ပွားခြင်းများကို ယနေ့နိုင်ငံတော်တွင်တာဝန်ယူနေသော န.အ.ဖ စစ်အစိုးရမှ ဒုက္ခရောက်နေသော ပြည်သူများအား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၊ ကူးစက်ရောဂါကာကွယ်ရေးနှင့် စာနပ်ရိက္ခာဖြန့်ဝေရေးအစရှိသည့်လိုအပ် ချက်များကို မုန်တိုင်းတိုက်ခတ်ပြီး (၃)ပတ်ခန့်ထိဆောင်ရွက်ခြင်းမရှိဘဲ ပြည်သူလူထု၏ဒုက္ခများကိုလစ်လျှူရှုကာ အာဏာကို ငမ်းငမ်းတက်လျက် မေလ (၁၀) ရက်နေ့တွင်ပြုလုပ်ရန်ရှိသည့် ပြည်သူ့ဆန္နခံယူပွဲကိုကျင်းပခဲ့သည်မှာ လူမဆန်သောလုပ်ရပ် ဖြစ်ပါသည်။
တိုင်းပြည်နှင့်ပြည်သူလူထုကိုချစ်လှပါသည်ဟု အသံကောင်းဟစ်နေသောစစ် ဗိုလ်ချုပ်ကြီးများသည် ယခုကျရောက် လျှက်ရှိသောသဘာဝဘေးအန္တရယ်ကို ကြိုတင်သိရက်နှင့်ပြည်သူလူထုအားအချိန်မှီအသိပေးခြင်းမရှိ ၊ မုန်တိုင်းအန္တရာယ်မှ ကာကွယ်ရန် ဆောင်ရွက်ခြင်းလည်းမရှိ ၊ မုန်တိုင်းကျရောက်ပြီးသောအခါတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများကိုလည်း ပြုလုပ်ခဲ့ခြင်းမရှိပါ။ ယနေ့နောက်ဆုံး သတင်းများအရသေဆုံးသူဦးရေ (၂၂၀၀၀) ၊ ပျောက်ဆုံးသူဦးရေ (၄၂၀၀၀) ရှိသွားပြီဟု အစိုးရ အသံလွှင့်ဌာနကကြေငြာသွားပါသည်။ ပြည်တွင်းမှရရှိသောသတင်းများအရ သေဆုံးသူနှင့်ပျောက်ဆုံးသူဦးရေမှာ ထိုထက်ပို၍ များပြားကြောင်းသိရပါသည်။
သို့ပါ၍ ကျွန်တော်တို့ NLD (LA) Malaysia ဌာနခွဲမှမြန်မာနိုင်ငံတွင်ကျရောက်နေသောသဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေကြသည့် မြန်မာနိုင်ငံသားတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် ထပ်တူ ၀မ်းနည်းကြေကွဲစွာခံစားရပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသားလေဘေးဒုက္ခသည်များအား အကူအညီပေးရန်အတွက် ကော်မတီတရပ်ကို No.2. Jalan Intan 2/11, TMN Puchong Intan, 47100 Puchong တွင်ဖွဲ့စည်းခဲ့ပါသည်။
ကော်မတီသည် (၀၆-၀၅-၀၈)မှ (၁၈-၀၅-၀၈)ထိ ပထမအကြိမ်အလှူငွေများကိုလက်ခံကောက်ယူခဲ့ပါသည်။ အလှူငွေစုစုပေါင်း ရင်းဂစ်(၄)သောင်းကျော်ရရှိခဲ့ပါသည်။ မြန်မာကျပ်(၁၀)သိန်းကိုငွေသားဖြင့်တိုက်ရိုက်ပေးပို့လှူဒါန်းခဲ့ပြီး၊ ကျန်ငွေရင်းဂစ် (၃)သောင်းကျော်ကို ပို့ဆောင်ပေးရန်လှူဒါန်းထားသည့် အ၀တ်အထည် ၊ ဆေးဝါး ၊ စားနပ်ရိက္ခာအစရှိသည်တို့အတွက် မလေးရှားမှ မြစ်ဝကျွန်းပေါ်ရှိဒုက္ခသည်များထံအရောက်ပို့ဆောင်ရေးအတွက်ဆက်လက်အသုံးပြုနေပါသည်။
ဒုက္ခသည်များအတွက်လိုအပ်ချက်များကိုဆက်လက်ကူညီနိုင်ရေးနှင့်ပြန်လည်ထူထောင်ရေးအတွက် ဒုတိယအကြိမ် အလှူငွေ များကို (၂၅.၀၅.၂၀၀၈) မှစ၍ (၁၅.၀၆.၀၈)နေ့အထိ ဆက်လက်ကောက်ခံမည်ဖြစ်ပြီး ရရှိလာသော အလှူငွေများကို ပြည်တွင်းရှိ (လူမှုကယ်ဆယ်ရေးနှင့်ကူညီထောက်ပံ့ရေးအဖွဲ့) ထံသို့ ပေးပို့ပြီးလေဘေးဒုက္ခသည်များထံ တိုက်ရိုက်ပေးပို့ ကူညီသွားမည်ဖြစ်ပါသည်။
စုံစမ်းဆက်သွယ်ရန်- 03 8062 5679
E-mail: koyesitnaing@gmail.com
မြန်မာနိုင်ငံလေဘေးဒုက္ခကူညီရေးကော်မတီ
၀၂ ၀၆ ၂၀၀၈
Sunday, June 1, 2008
မလေးရှားမှနာဂစ်ကူညီရေးလှုပ်ဆောင်မှုများ
Posted by Ashin dhamma at 6:23 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment