အမျိုးသားရေးအတွက်
အသက်ပေးသွားသော
ရဲဘော်များအား
တိုင်တည်သစ္စာပြုပါ၏ ၊
မပြီးပြတ်သေးတော်လှန်ရေးတွင်
ကျွန်ုပ်၏သွေး မနီသေးလျှင်
အသင်တို့ သွေး ပက်ဖျန်းပေး၍
ရဲဆေးတင်ပေးကြပါလေ ၊
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်ဝိဥာဉ်
ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျင်
သင်တို့ ဝိဥာဉ်ပူးကပ်ဝင်၍
ကျွန်ုပ်အား
ထိန်းချုပ်သွားပါလေ ၊
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား
အမျိုးဂုဏ်မောက် သစ္စာဖေါက်ဟု
မထောက်မညှာ ပြုမိပါလျှင်
အသင်တို့ ၏ မညွတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပြစ်ပေးကြပါလေ
မပြီးပြတ်သေး
တော်လှန်ရေးအတွက်
ကျွန်ုပ်အသက် လမ်းတ၀က်မှ
ပေးဆပ်ရလည်း
လူ့ ဘုံလမ်းခွဲ ၀မ်းမနည်းပဲ
တာဝန်တရပ် ကျေပွန်မှတ်၍
ထက်ဆင့်ပျော်ရွှင် ကျွန်ုပ်ဝိဥာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့်ကြိုကြပါလေ ။
မင်းကိုနိုင်
Sunday, June 1, 2008
သစ္စာ
Posted by Ashin dhamma at 8:00 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment