NEJ/ ၂၆ မေ ၂၀၀၈
line
မုန်တိုင်းဒဏ်သင့် ကလေးသူငယ်များကို ဓာတ်ပုံရိုက်ခြင်း၊ တွေ့ဆုံမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ဆိုင်ရာ ကျင့်ဝတ်လမ်းညွှန်ချက်များကို ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ (ယူနီဆက်) မှ ထုတ်ပြန်ထားသည်။
ကလေးသူငယ်များကို တွေ့ဆုံမေးမြန်းရာတွင် လိုက်နာရမည့် လမ်းညွှန်ချက်နှင့် ကလေးသူငယ် များအကြောင်း သတင်းပေးပို့ရာတွင် လိုက်နာရမည့် လမ်းညွှန်ချက်၊ ဓာတ်ပုံပညာကျင့်ဝတ်ဟူ၍ လိုက်နာသင့်သည့် သတင်းထောက်ကျင့်ဝတ်များကို ထုတ်ပြန်ထားခြင်းဖြစ်သည်။
ကလေးသူငယ်များကို တွေ့ဆုံမေးမြန်းရာတွင် ကလေးများ မုန်တိုင်းကိစ္စနှင့် ပတ်သက်ပြီး ပူဆွေးသောကဖြစ်စေသည့် မေးခွန်းများကို ရှောင်ရန်၊ ရုပ်ရှင်၊ ဗီဒီယို၊ ရေဒီယို တွေ့ဆုံမေးမြန်း ခန်းများတွင် လိုက်ဖက်သည့် နောက်ခံမြင်ကွင်း၊ နောက်ခံအသံများသုံးရန် စသဖြင့် အချက် (၆) ချက် လမ်းညွှန်ထားသည်။
ကလေးသူငယ်များအကြောင်း သတင်းပေးပို့ရမည့် လမ်းညွှန်ချက် (၇) ချက်တွင် မကောင်းသော လက်တုံ့ပြန်မှုများ ကလေးသူငယ်အပေါ် မကျအောင် ရှောင်ရန်၊ ကလေးအပေါ် အန္တရာယ် ဖြစ်နိုင် မဖြစ်နိုင် မသေချာပါက မည်မျှဖော်ပြသင့်သည့်သတင်းဖြစ်စေ ကလေးတဦးချင်းအနေနှင့် မဖော် ပြဘဲ ကလေးများ၏ အထွေထွေအခြေအနေဟုသာ ဖော်ပြရန် စသည့်အချက်များကို ယူနီဆက်က တိုက်တွန်းထားသည်။
ယူနီဆက်မှ ထုတ်ပြန်ထားသည့် အရေးပေါ်အခြေ ကလေးများဆိုင်ရာ သတင်းထောက် ကျင့်ဝတ်
များ အသေးစိတ်ကို ခေတ်ပြိုင် မူလစာမျက်နှာတွင် ဖတ်ရှုနိုင်သည်။ ။
ခေတ်ပြိုင်မှတင်ပြသည်။
Monday, May 26, 2008
ကလေးများနှင့်ပတ်သက်သည့် သတင်းထောက်ကျင့်ဝတ် ယူနီဆက်ထုတ်ပြန်
Posted by Ashin dhamma at 8:47 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment