မြန်မာ့အရေးကိုအားကြိုးမာန်တက်ဆောင်ရွက်နေသော
သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များ
အဖွဲ့မှအရှင်သြဘာသ
AIPMC-Asian Inter-Parliamentary Myanmar Caucus အဖွဲ့က ကြီးမှူးကျင်းပသော မြန်မာ့ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီမြှင့်တင်ရေးအခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံဂျာကတာမြို့ NIKKO HOTEL တွင် ပြီးခဲ့သည့် မေလ (၂၁) ရက်နေ့က ကျင်းပခဲ့သည်။
ထိုအခမ်းအနားသို့ သာသနမောဠိအဖွဲ့ကိုယ်စား ဒေါက်တာ နာယက နှင့်အတူ သီရိလင်္ကာ ရောက် မြန်မာကျောင်းသားအဖွဲ့မှ ဦးသြဘာသ-လည်း တက်ရောက်ခဲ့ကြောင်း အစည်းအဝေး တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး၊ နာဂစ် ဆိုင်ကလုန်မုန်တိုင်း ဒုက္ခသည်များ အရေးများကို လည်း ထည့်သွင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
Monday, May 26, 2008
မြန်မာ့အရေးဆွေးနွေးပွဲဂျာကတာ၌ကျင်းပ
Posted by Ashin dhamma at 8:26 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment