အင်တာဗျူး - မြင့်မိုရ်မီဒီယာ
မေး ။ ။ ဘန်ကီမွန်းလာတဲ့အခါမှာ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဦးမယ်။ သဘောတူညီမှု ရမယ် မရဘူးဆိုတာလည်း မသေချာသေးဘူး။ ပြီးမှ ဆုံးဖြတ်ချက်ချမယ်ဆိုတော့ ဒါ သိပ်နောက်ကျမနေဘူးလား။
ဖြေ ။ ။ ဟာ … နောက်ကျတာပေါ့။ အရမ်း နောက်ကျတယ်။ အခုဟာက ဘာမှ အကူအညီ မရဘဲနဲ့ နောက်ဆုံးအချိန်ကျမှ ဆွေးနွေးမယ့် အဆင့်ကို လုပ်နေတာ၊ တကယ်တမ်းကျတော့ ပစ္စည်းနဲ့ လူတွေကို ကယ်ဆယ်ရေးက ရှေ့ကသွားရမှာ။ ဆွေးနွေးတာ နောက်မှ ဆွေးနွေးရမှာ။ အခုဟာက ပြောင်းပြန်ဖြစ်နေတော့ လူတွေမှာ သိပ်ဒုက္ခရောက်တယ် အဲသလိုပဲ ပြောချင်တယ်။
မေး ။ ။ ဒီလိုသာ အချိန်ကြာနေမယ်ဆိုရင် ဒုက္ခသည်တွေအနေနဲ့ ဘယ်လိုဖြစ်သွားနိုင်တယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ ဟာ အများကြီး ဒုက္ခရောက်မှာပေါ့။ အခုသတင်းစာမှာ ကယ်ဆယ်ရေးက ပြီးစီးသွားပြီတဲ့၊ ပြန်လည်ထူထောင်ရေး လုပ်နေတယ်တဲ့ အဲသလို ပါနေတယ်။ သူတို့သတင်းစာမှာ ပါတာနဲ့ တကယ့်လက်တွေ့နဲ့က တခြားစီ ဖြစ်နေတယ်။ ဘယ်နေရာမှာ မှားနေလဲ မသိဘူး။ တကယ်တမ်း ပြီးစီးတယ်ဆိုရင်တော့ ၀မ်းသာစရာပေါ့။ လက်တွေ့က အဲလိုမဟုတ်ဘူး။
မေး ။ ။ အဲဒီတော့ ဘန်ကီမွန်း မလာခင် နိုင်ငံတကာ ကယ်ဆယ်ရေးတပ်တွေ ၀င်မယ်ဆိုရင် အန်ကယ်လ်တို့ ဘယ်လိုသဘောရလဲ။
ဖြေ ။ ။ အဲ … အဲဒီကိစ္စကိုတော့ အန်ကယ်လ်တို့ ပြောသလိုပဲ။ ဒီလိုအခြေအနေက အဲဒီဟာမျိုးဖြစ်ဖို့ တွန်းပို့နေသလို ဖြစ်နေတယ်။ အဲလောက်ပဲ ပြောနိုင်တယ်။
မေး ။ ။ အခု အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် ကယ်ဆယ်ရေး သင်္ဘောတွေ မြစ်ဝကျွန်းပေါ်အနီးမှာ ရောက်နေကြပြီ။ သူတို့အနေနဲ့ ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ဖို့အတွက် အင်အားသုံး လုပ်ဆောင်လာမယ်ဆို အန်ကယ်တို့ ဘယ်လိုသဘောရလဲ။
ဖြေ ။ ။ အဲ … ကယ်ဆယ်ဖို့က တကယ်လိုအပ်နေတာ ဖြစ်တဲ့အတွက် ဘယ်လိုပုံစံနဲ့ပဲ လုပ်လုပ် ကယ်ဆယ်ရေးကို ဖြစ်ဖြစ်မြောက်မြောက် လုပ်ဖို့ပဲ အရေးကြီးတယ်လို့ သဘောထားတယ်။
ဒေါက်တာလွဏ်းဆွေမှတင်ပြသည်။
Wednesday, May 21, 2008
အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း
Posted by Ashin dhamma at 7:32 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment