သူဖုန်းစားပြည်ကို အုပ်ချုပ်လျှက်
နေသတဲ့။အဲဒီအထဲမှာ သန်းရွှေဆိုတဲ့ ကျောင်းသားလေး တစ်ယောက်လဲ ပါပါသတဲ့။
တနေ့တော့ မောင် သန်းရွှေလေးဟာ မြစ်ဆိပ်ကို ရေချိုး ဆင်းရင်းနဲ့ နှမ်းတွေ
နေလှမ်းထားတာ မြင်ပါသတဲ့။ ဒါနဲ့ စားချင်စိတ်တွေ ဖြစ်လာတာပေါ့နော်။ ဒါနဲ့
နှမ်းလက်တဆုပ် ယူစားသတဲ့။ နှမ်းကိုလှမ်းထားတဲ့ ပိုင်ရှင်ကလဲ သနားပြီးတော့
ဘာမှ မပြောဘူးတဲ့။ ဒါနဲ့ နောက်တကြိမ် ရေချိုးဆိပ်ဆင်းရင်းနဲ့လည်း
နှမ်းတဆုပ် ခိုးစားပြန်ရောတဲ့။ ပိုင်ရှင်ကလည်း အော် သနားပါတယ်လေလို့သာ
တွေးပြီး မပြောပြန်ဘူးတဲ့။ တတိယအကြိမ် ထပ်ခိုးတော့ ပိုင်ရှင်ဟာ
မခံနိုင်ဖြစ်ပြီး ဆရာကြီးကို သွားတိုင်သတဲ့။ ဒါနဲ့ ဆရာကလဲ
စစ်မေးသတဲ့။ဆရာ။ ။ မောင်သန်းရွှေ .. မင်း ဒီလူရဲ့ နှမ်းတွေကို
နှိုက်စားတယ်ဆို။
သန်းရွှေ။ ။ မဟုတ်ရပါ ဆရာ။ ဒီလူ အလကား လာလိမ်တိုင်တာပါ။ (အဲဒီထဲက ဗြောင်လိမ်တတ်တာ။)
ဆရာ။ ။ ဟ …. လူကြီးက အလကား လာတိုင်ပ့ါမလားကွ။ ပြန်တောင်းပန်လိုက်စမ်း။
သန်းရွှေ။ ။ ဟုတ်ကဲ့.. တောင်းပန်ပါတယ် လူကြီးမင်း ခင်ဗျား။
လာတိုင်သူ။ ။ ကဲ … ကဲ။ ကလေးပဲဗျာ။ နောက်ခိုးမစားအောင်သာ ကျုပ်ရှေ့မှာ ဆုံးမပါ။
ဒါနဲ့ ဆရာဖြစ်သူက မောင်သန်းရွှေလေးကို လှည်းတုတ်နဲ့ ဖင်ကို
သုံးချက်ဆောင့်သတဲ့။ လာတိုင်တဲ့ ဦးကြီးကလဲ ကြည့်ရတာ အံတောင် ကြိတ်သွား
မိသတဲ့။ ပြီးတော့ ကလေးကို ဒီလောက် အလွန်အကျွံ မလုပ်ဖို့ ပြောပြီး
ပြန်သွားသတဲ့။
ဆရာ။ ။ မင်းကို ဘာလို့ တုတ်နဲ့ ထိုးရသလဲ သိလား။
သန်းရွှေ။ ။ မသိပါဘူးဆရာ။
ဆရာ။ ။ အေး .. အဲဒီလူက ရွာသူကြီးကွ … ။ ပြောတာ မမှန်ရင်တောင်
ပြန်မပြောရဘူး။ ဟိုက စိတ်မကြည်ရင် ဒို့ ဒီဇရပ်က ဂျောင်းသွားရမယ်ဆိုတာ
နားလည်။ ဒါကြောင့် မင်းကို ဆရာက လက်တွေ့ပြလိုက်တာ။
သန်းရွှေ။ ။ ဆရာကလဲဗျာ။ လက်တွေ့ ပြတာကြီးကလဲ။
ဆရာ။ ။ အေး .. ငါ့လူလေး သန်းရွှေ .. တသက်စာ မှတ်သွား။ အကျိုးရှိဖို့အတွက်၊
အပြစ်လွတ်ဖို့အတွက်၊ နေရာ ရဖို့အတွက် လိုအပ်တဲ့ အချိန်မှာ ဖင်ခံသင့်ရင်
ခံရတယ်ဆိုတာ ဆရာက လက်တွေ့ ပြလိုက်တာ။ တသက်စာ သင်္ခန်းစာယူလေ။
ဆရာ၏ စကားကလည်း တကယ်မှန်ပါပေတယ်။ သိပ်မကြာခင်မှာပဲ။ ရွာလူကြီးက သနားပြီး
နှမ်းပျစ်မုန့်တွေနဲ့ ဒဏ်ကြေလိမ်းဆေးတွေပါ ပို့ပေးလာပါတယ်။ သို့သော်
မောင်သန်းရွှေလေးဟာ ဆရာကို မကျေနပ်ဖူးပေါ့လေ။ ဘယ်ကျေနပ်ပါ့မလဲ။ လူရှေ့မှာ
ဖင်ကို တုတ်နဲ့ ထိုးခံ ရတာကို။ သို့သော်လည်း ဆရာ့စကား မှန်ကြောင်းကိုမူ
လက်ခံပြီး ကျင့်သုံးသတဲ့။
ဒီလိုနဲ့ ဆရာ့စကားကို လိုက်နာရင်း လိုအပ်တိုင်း ဖင်ခံဖားလာလိုက်တာ
မင်းဖြစ်ရောတဲ့ဗျာ။ ဒီတော့ ငါ့ကို လူရှေ့ ဖင်တုတ်နဲ့ ထိုးတဲ့ဆရာ ကို
ငါခေါ်သတ်မဟဲ့ ဆိုပြီး ဆရာကို အခေါ်လွှတ်ပါသတဲ့။ ဆရာကလည်း သူတောင်းစား
သာသာဆိုတော့ ပျော်မြူးပြီး လိုက်လာတာပေါ့ လေ။ ဒါနဲ့ သေပြည်တော်ကို
ရောက်တော့ ဘုရင် သန်းရွှေက ဆရာဖြစ်သူကို ဖင်ကို တုတ်နဲ့ မသေမချင်းထိုးဖို့
အမိန့် ထုတ်ပါလေရော။
ဒါနဲ့ ဆရာဖြစ်သူက ကြံစည်တယ်။ ဒီခွေးမသားလေးဟာ ငါသင်ပေးလိုက်လို့
မင်းဖြစ်လာတဲ့ အကောင်လေး။ ငါ့လောက် ဥာဏ်ရှိမယ် မ ဟုတ်ဘူး။ စိုင်ကော်လို့
ချုံပေါ်ရောက်နေတဲ့ အကောင်လေးမျှသာ ဖြစ်တယ်။ ဒီတော့ ငါ စကားဆိုရင်
ကောင်းမယ်လို့ အကြံဖြစ်ပါသတဲ့။ ဒီတော့ အမှုထမ်းတွေကို ဘုရင်နဲ့
တွေ့ချင်ကြောင်း ပြောခိုင်းသတဲ့။
ဘုရင်သန်းရွှေကလည်း ရာဇမာန်နဲ့သာ မိန့်တော် မူတာကိုး။ တကယ်တော့ မရှိအတူ
တောင်းစား၊ ရှိအတူ ထမင်းရည် တူတူလျက်လာတဲ့ ဆရာကို သံယောဇဉ် မကုန်
ရှာဘူးပေါ့။ ဒါနဲ့ ရှေ့တော် သွင်းစေဆိုပြီး အမိန့် ထုတ်ပါသတဲ့။ ပြီးတော့
ဆရာကို ရာဇသံနဲ့ မိန့်ကြားလေ သတဲ့။
သန်းရွှေ။ ။ ဆရာ ဘာတတ်နိုင်သေးသလဲ .. အကျွန်ုပ်ကို တုတ်နဲ့ ထိုးခဲ့တာ
အခုတော့ သိပြီ မဟုတ်လား။
ဆရာ။ ။ အရှင်မင်းကြီး .. အရှင်မင်းကြီးကိုသာ ဖင်တုတ်နဲ့ ထိုးပြီး
မဆုံးမခဲ့လျှင် အရှင်မင်းကြီး သူခိုးသာ ဖြစ်ပေလိမ့်မယ်။ အခု အကျွန်ုပ်
ဆုံးမ၍သာ ဖင်ခံသင့်သော အခါ ခံ၍ အသင်မင်းကြီး မင်းအဖြစ်ကို ရပေသည်။
သန်းရွှေ အတော်တင်းသွားလေသည်။ မှူးမှတ်တွေရှေ့မှာ ဖင်တုတ်နဲ့
ထိုးခံရကြောင်း အဖွခံရပြန်ပြီ။ ပြင်ပ မီဒီယာတွေ သိသွားလျှင် မလွယ်။
သန်းရွှေ။ ။ တော်တန်တိတ်… ဆရာတုတ်နဲ့ ထိုးခဲ့တာ ကျုပ်ပြန်တွေးတိုင်း
နာတုန်းပဲ။ ဒီစကား ဒီတင်ရပ်.. မဟုတ်လျှင် တံကျင်လျှို သတ်ရပေလိမ့်မည်။
ဆရာ။ ။ မင်းကြီး စဉ်းစားတော်မူပါ။ အကျွန်ုပ်သာ အရှင်မင်းကြီးအား
လူမသိအောင် ခိုးနည်း၊ ဗြောင်လိမ်ခြင်း၊ လူမိလျှင် ဖင်ခံဖားသင့် လျှင်
ဖားရခြင်း၊ မျက်နှာပြောင်ခြင်း အစရှိသော ပညာတွေကို သင်မပေးခဲ့သော်
အသင်မင်းကြီး ယနေ့ မင်းအဖြစ်ကို မရနိုင်။ အသင်မင်း ကြီးသည်
ငယ်ရွယ်စဉ်ကပင် ဥာဏ်ပညာ အလွန်ထက်မြက်၏။ ဝေဖန်တော်မူပါ။
သန်းရွှေကြီးကလည်း ဥာဏ်ပညာ ထက်မြက်တယ် အပြောခံရတော့
အရူးဘုံမြှောက်ဖြစ်သွားတာပေါ့လေ။ ဒီတော့ ၀န်စိမ်းတွေကို ခေါ်
တိုင်ပင်သတဲ့။ (သူ့ခေတ်မှာ ၀န်နီမရှိတော့ပါ။ ပြောသမျှ ထောက်ခံရသော
ဝန်စိမ်းတွေသာ ရှိပါတော့သည်။)
သန်းရွှေ။ ။ မောင်မင်းများ .. အဘယ်နည်း အဘယ်ပုံ မြင်သည်ကို လျှောက်တင်ကြချေစမ်း။
ဝန်များ။ ။ အရှင်မင်းကြီး .. အရှင်မင်းကြီးလို လူမျိုးကို
မွေးထုတ်ပေးနိုင်သော ဆရာကား တော်လှပေသည်။ အချည်းနှီး အသက် မဆုံး စေသင့်
.. တပ်တော်များအား အပ်၍ သင်စေလျှင် အထူး သင့်မြတ်လှမည် ဖြစ်ကြောင်းပါ။
သန်းရွှေ။ ။ အိမ်း .. ဟုတ်ပေသည်။ ငါလိုလူကို မွေးထုတ်ပေးနိုင်သော ဆရာ၏
စွမ်းရည်သည် ပေါ့သေးသေး မဟုတ်။ ထို့ကြောင့် အမတ် မင်းများ
လျှောက်တင်သည့်အတိုင်း တပ်တော်များအား သင်ကြားပေးရသော ၀န်နေရာ ပေးစေ
မောင်မင်းများ။
ထိုအချိန်မှစ၍ မင်းတလားကြီး သန်းရွှေ၏ တပ်တော်သည် သူခိုး၊ ဓားပြ၊
အောက်ဆုံးအထစ် သူတောင်းစားနှင့်သာ အတိပြီးလေသ တည်း။
PS: သူတောင်းစား အခေါ်ခံရ၍ သူခိုး၊ ဓားပြလုပ်မည်တော့ စိတ်မကူးစေလိုပါ။
ခေတ်ပျက်၍ တောင်းစားရသည် မှန်သော်လည်း သင့် တင့်လျှောက်ပတ်စွာသာ
တောင်းကြသော၊ လူထုကို ငဲ့ညှာသော စစ်တပ်မှ အရာရှိများမှစ၍ ဆေးရုံ
အပေါက်စောင့်အထိအား လူထု ကိုယ်စား ကျေးဇူးတင်ပါသည်။ သူတောင်းစားဘ၀ကို
စွန့်နိုင်ရန် ပြည်သူတို့နှင့် လက်တွဲ၍ သူတောင်းစား၊ သူခိုး၊ ဓားပြ
ရှိသမျှ မကောင်း မှုတို့ စုဝေးရာ အပုပ်ကောင်ကြီး ဖြစ်ပေသော မင်းတလား
အရူးကြီးများအား ၀ိုင်းဝန်းဖယ်ရှားကြပါစို့။
Sunday, July 12, 2009
ပုံပြင်လေးတစ်ပုဒ်ပါ၊ စိတ်ဝင်စားဖို့ကောင်းတယ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment