Monday, June 1, 2009

မြတ်မိခင်ဒေါင်း



ဒေါင်းကြယ်စင်
သောကြာနေ့၊ မေလ 29 2009 13:52 - မြန်မာစံတော်ချိန်



မြတ်မိခင်ဒေါင်းအမှောင်မသန်း၊
အရောင်မနွမ်းပါတဲ့၊
အောင်ဆန်းဟေ့ စုကြည်။


မြန်ပြည်ထုရဲ့၊
အန်တီစု ဇာနည်။


ကွေ့မပြေးပါဘူး၊
ဖအေ့သွေးဟာ နီနီရဲပါလို့၊

ပြည့်အရေးမှာ ညီညီဇွဲနဲ့၊

တည်ကြည်ဆဲဟေ့ ဘာမထီ၊

မြန်မာပြည်ရဲ့ ခေါင်းဆောင်ကောင်း။


တကယ်ယုတ်မာ ပြိတ္တာများရယ်က၊

အကျယ်ချုပ်မှာ ပိတ်ကာထားရုံမက၊

မိစ္ဆာတရား အမှောင်ဉာဏ်ဆင့်လို့၊

ထောင်ဒဏ်နှင့်ပင် ထပ်ဖိချင်လည်း၊

ဗျတ္တိဉာဉ် မပြောင်းပါဘူး၊

သတ္တိအစဉ် ကောင်းပါဘိ၊

မြတ်မိခင်ဒေါင်း။


0 comments: