Thursday, February 5, 2009

သတင်းတပ်ဖွဲ့ကနိုင်ငံရေးမှုဖြင့်ဖမ်းဆီးခံရသူများအပေါ်ငွေညှစ်

ရဲအထူးသတင်းတပ်ဖွဲ့ခေါ် Special Branch မှနိုင်ငံရေးမှုဖြင့်ဖမ်းဆီးထိန်းသိမ်းသူများကို
ငွေသိန်းရာချီတောင်း၍ပြန်လွှတ်ပေးမှုများရှိနေသည်ဟုFreedom News Group
မှစုံစမ်းသိရှိရသည်။

ထိုသို့ရဲအထူးတပ်ဖွဲ့မှာငွေသိန်းရာချီယူ၍ပြန်လွှတ်ပေးသူများတွင်နာမည်ကြီးနိုင်ငံရေးလှုပ်
်ရှားသူများနှင့်ထိပ်တန်းအတိုက်အခံအချို့အပါဝင်ဟုသိရသည်။နိုင်ငံရေးလှုပ်ရှားတက်ကြွ
သူများကို ဖမ်းဆီးထိန်းသိမ်းရာတွင် ထိုသူတို့ကိုအကူအညီပေးနေသောငွေကြေးချမ်းသူများ
သို့မဟုတ် လှုပ်ရှားတက်ကြွသူများရှောင်တိန်းရာတွင် ခိုလှုံခွင့်ပေးထားသည့်အိမ်များမှအိမ်
ရှင်များကိုပါ ဖမ်းဆီးထိန်းသိမ်းပြီးစစ်ကြောရေးတွင် ငွေသိန်းရာချီတောင်း၍ပြန်လွှတ်ပေး
ခြင်းဖြစ်သည်။

ဒီဇင်ဘာလအတွင်းကပြန်လည်လွတ်မြောက်လာသည့်နိုင်ငံရေးအမှုဖြင့်ဖမ်းဆီးထိန်းသိမ်း
ခံထားရသူတဦးမှာသတင်းတပ်ဖွဲ့မှပြန်လည်လွှတ်ပေးစေလိုလျှင်သိန်း၅၀၀ပေးရမည်ဟုသူ့
ကိုစစ်ဆေးနေစဉ်အတွင်းရဲသတင်းတပ်ဖွဲ့မှရဲအုပ်တယောက်ကလာရောက်ကမ်းလှမ်းသော
ကြာင့်ငွေသိန်း၅၀၀ကျော်ပေးပြီးပြန်လွတ်မြောက်လာခဲ့ရသည်ဟုဆိုသည်။၂၀၀၈ခုနှစ်အ
တွင်းငွေကျပ်သိန်း၃၀၀ကျော်ပေး၍ပြန်လည်လွတ်မြောက်လာသူတဦးက “သူတို့ကဘယ်
လိုလဲဆိုတော့နိုင်ငံရေးလှုပ်ရှားတဲ့သူတွေကို အသေရိုက်စစ်တယ်။ပြီးတော့ဘယ်အိမ်တွေမှာ
နေခဲ့လဲ။ဘယ်သူကထောက်ပံ့ပေးလဲဆိုတာတွေမေးတယ်။ပြီးရင် အဲဒီသူကနိုင်ငံရေးလှုပ်ရှား
တဲ့အထဲလုံးဝမပါဘူးနော်။အကူအညီပေးရုံသက်သက်ဘဲ။အဲဒီလူတွေကိုသွားဖမ်းတယ်။မဖမ်း
ခင်သူတို့စုံစမ်းသေးတယ်။ချမ်းသာတယ်၊နောက်မှာလဲဘာBackground မှမရှိဘူးဆိုမှသွား
ဖမ်းတယ်။ရိုက်နှက်ပြီးကြောက်အောင်စစ်ပြီးတော့ ပြန်လွှတ်ပေးစေချင်ရင် ဘယ်လောက်
ပေးရမယ်ဆိုပြီးတောင်းတော့တာဘဲ။”ဟု FNG သို့ပြောသည်။

ထိုသို့နိုင်ငံရေးမှုဖြင့်ဖမ်းဆီးခံထားရသူများကိုပြန်လွှတ်ပေးစေချင်ရင်သတင်းတပ်ဖွဲ့၏တောင်း
ဆိုသည့်ငွေကြေးမှာကျပ်သိန်း၃၀၀မှ၇၀၀အထိရှိပြီး ထိုငွေများမှာ နိုင်ငံရေးကိစ္စများကိုကိုင်
တွယ်သည့်သတင်းတပ်ဖွဲ့အရာရှိများ၏အိတ်ထဲသို့သာ ရောက်ကြောင်းစီးပွားရေးကိစ္စများကို
ကိုင်တွယ်သည့်သတင်းတပ်ဖွဲ့မှ အရာရှိတဦးကလည်း အတည်ပြုပြောဆိုသည်။

ထိုကဲ့သို့ သောကိစ္စမျိုးများမှာ ယခင်စစ်ထောက်လှမ်းရေးအဖွဲ့ရှိစဉ်ကတည်းကပေါ်ပေါက်ခဲ့
ဖူးပြီး၁၉၉၆ ခုနှစ်ကျောင်းသားလှုပ်ရှားမှုတွင်ရေသန့်ဗူးများပေးလှူသောစေတနာရှင်တစ်ဦး
ကိုထောက်လှမ်းရေးက ဖမ်းဆီးထိန်းသိမ်းပြီးပြန်လွှတ်ပေးစေလိုလျှင် ငွေကြေးသိန်း၃၀ပေး
ရမည်ဟုထောက်လှမ်းရေး၂၆မှ ဗိုလ်မှူးမျိုးလွင် ကလည်းတောင်းခံခဲ့ဖူးသည်။


Freedom News Group!တင်ပြသည်။

0 comments: