Saturday, January 3, 2009

တရားခံဘယ်သူလဲဟေ့

တရားခံဘယ်သူလဲဟေ့

ကျွန်တော့်ရဲ့ ဖွားသက္ကရာဇ်က 1988 ခုနှစ်

အခု 2009 ခုနှစ်ဆိုတော့

ကျွန်တော်အသက် 21 နှစ်ပေါ့

ဒါပေမဲ့ . . . ကျွန်တော့်ကို ကျွန်တော်မေး

မင်း ဘယ်သူလဲ? ငါဘယ်သူလဲ?

မင်း ဘယ်သူလဲဆိုတာ ငါမသိသလို

ငါဘယ်သူလဲဆိုတာ

အဖြေက ယောင်ဝါးဝါး ၀ိုးတိုးဝါးတာပါပဲ

မွေးစကတည်းက အမှောင်ခန်းထဲမှာ မွေးခဲ့တဲ့ငါ

မျက်စီကန်းလို့ နားကမကြား

အရာအားလုံးဟာ ၀ိုးတိုးဝါးတားပါပဲ

ယနေ့ ကမ္ဘာကြီးမှာ ပြောနေကြတဲ့

ကွန်ပျူတာခေတ်၊ အင်တာနက်ခေတ်

IT ခေတ် globalization ခေတ်

20 ရာစုမှ 21 ရာစုကိုပြောင်း

ခေတ်နှစ်ခေတ်ကို မီလိုက်လို့

သိပ်ပြီးထူးခြားတဲ့ခေတ်

ဒါပေမဲ့ ခေတ်တွေက ဘယ်လိုပြောင်းပြောင်း

မပြောင်းလဲတာက ငါ့ရဲ့ဘဝ

20 ရာစုမှာ မွေးလို့ 21 ရာစုထဲ ရောက်ခဲ့တဲ့ ငါ့ရဲ့ ဘဝ

ဟိုး ကမ္ဘာဦးအစ ကျောက်ခေတ်ဘ၀နဲ့

ဘာမှ မခြားနား မကွဲပြား

အရာအားလုံးဟာ ၀ိုးတိုးဝါးတား ယောင်ဝါးဝါးပါပဲ

ဒီလိုနဲ့ သိချင်လို့ ပြည်သူတွေကို ကျွန်တော်မေး

ဒါတွေအားလုံးရဲ့ အဖြစ်မှန်

တရားခံ ဘယ်သူလဲဟေ့?


WHO IS THE CULPRIT

1988 is my date
Now ..... 2005
I am 17 years old
But I asked myself
Who am I ? Who are you?
I don't konw who you are
You don't know who I am
Who am I ?
The answer is uncertain
I was in the dark since I was born
my eyes and ears are closed
Everythings are uncertain
Todays' world is changing
computer and Internet ear
I.T and globalization age
Changed from 20th to 21st century
It's said it is a wonderful opprtunity
to learn the two centuries
But no matter how centuries change,
unchange is my life
I was born in 20th century and living
in 21st century
Oh....my life is no different than stone age
Everthings are still uncertain
So, So, So, .... in order to know,
I asked the people
WHO IS THE CULPRIT
for the facts?




မင်းသုည ကွမ်းခြံကုန်း


0 comments: