Monday, December 15, 2008

မင်းသတိထား



အတိတ်-သံသရာကြားမှာ
လူနည်းစု စစ်ဝါဒလေးအတွက်နဲ့
လူအများစုကြီးအပေါ် အနိုင်ကျင့်ခြယ်လှယ်နေတာ
မင်း လုပ်သမျှ မင်း ကောင်းဖို့ပဲပေါ့ ။

ဆုံးဖြတ်ချက်တွေက မျက်နှာလွဲ ခဲပစ်
အပြောအဆိုတွေက ကလေးဆန်ဆန် ။

ကမ္ဘာတောင် မီးမလောင်သေးဘူး
ကိုယ့်သားကောင်ကို ချနင်းပစ်ရဲတဲ့ မင်း
မင်းကျင့်တရား ဆယ်ပါးကိုရော
မင်း သိရဲ့လား ?

မင်း ဘာတွေပဲ လုပ်လုပ်
ဒီပန်းချီကားရဲ့ နောက်ဆုံးစုတ်ချက်ရောက်ရင်
အပြစ်နဲ့ ဒဏ်
မင်း ခံရမယ် !!!

BLACK


0 comments: