Wednesday, November 5, 2008

ရန်ကုန်အင်းစိန်ဖော့ကန်ရပ်ကွက်အား..အာဏာပိုင်များမှအတင်းအဓမ္မဖျက်ဆီးနေ

ရန်ကုန်အင်းစိန်ဖော့ကန်ရပ်ကွက်အား..အာဏာပိုင်များမှအတင်းအဓမ္မဖျက်ဆီးနေ

ရန်ကုန်တိုင်း အင်းစိန်မြို့ နယ် ဖော့ကန်ရပ်ကွက် သံမဏိ ( ၁ ) လမ်း မှာ သံမဏိ ( ၅ ) လမ်းအထိ မြေနေရာအား အာဏာပိုင်များမှ ဦးပိုင် ကုပ္ပဏီ လိမိတက်သို့ ရောင်းချခဲ့ပါသည် ။ ထိုသို့ ရောင်းချခဲ့ ပြီးနောက် ( ၂၆ . ၁၀ . ၂၀၀၈ ) ရက်နေ့  တွင် ၎င်း ရပ်ကွက်တွင်းနေထိုင်ကြသော အိမ်ခြေ သုံးရာနီးပါအား လှော်ကား မြို့ နယ် ( ဒ ) ဒဒွေး ရပ်ကွက် ရှိ နာဂစ်လေဘေးဒုက္ခ သည်များအားလှူဒါန်းရန်အတွက် ဆောက်လုပ် ထား သော လေဘေးအိမ်များသို့  အတင်းအဓ္ဓမပြောင်းရွှေ့ ခိုင်းခဲ့ပါသည် ။

ထိုသို့  ပြောင်းရွှေ့ ရာတွင် ဖော့  ကန်ရပ်ကွက် ဥက္ကဌ မှ အိမ်ဌားနေထိုင်သူများအား ငွေကျပ် သုံးသောင်း ( ၃၀၀၀၀ ) မှ တစ်သိန်း (၁၀၀၀၀၀ ) ထိတောင်းခံ ပြီးလှော်ကားမြို့ နယ်ရှိ လေဘေး အတွက်ဆောက်လုပ်ထားသောနေအိမ်များသို့  ပြောင်းရွှေ့ နေထိုင်စေခဲ့ပါသည် ။ ထိုသို့  ပြောင်းရွှေ့ နေထိုင် ကြသော နေအိမ် များမှာ ယနေ့  အထိ ( ၂၂၁ ) အိမ်ရှိပြီ ဖြစ်သော်လည်း ဆင်းရဲနွမ်းပါး၍ ငွေပေး နိုင်ခြင်းမရှိသည့်  မိသားစု အိမ်ခြေပေါင်း မှာ ( ၅၀ ) ကျော်ကျန်ရှိနေပါသေး သည် ။ ထိုမိသားစုဝင်များမှာ ဆင်းရဲ နွမ်းပါး လွန်းသည့် အတွက် ငွေ ပေးခြေ နိုင်ခြင်းမရှိသလို အခြားတနေရာသို့  ပြောင်းရွှေ့ နေထိုင် နိုင် ခြင်း လည်း မရှိပါ ။ ထိုအိမ်ထောင်စုများအား ( ၁ . ၁၁ . ၂၀၀၈ ) ရက်နေ့  မှ စတင်၍ ဧည့် စာရင်းမပေးတော့  ပဲ ညအချိန်များတွင် ဧည့် စာရင်း အကြောင်း ပြကာ အာဏာပိုင်များမှ ၀င်ရောက်ဖမ်းဆီးခြင်းများပြုနေပါ သည် ။

အချို့ မိသားစုများမှာ နီးစပ်ရာဆွေမျိုးမိတ်ဆွေ များနေအိမ် တွင် ည အချိန်ရှောင်တိမ်း ၍ အိပ်စက်ကြရ ပြီးနေအချိန်တွင် မိမိတို့  နေအိမ်များသို့  ပြန်လည် နေထိုင် ကြရပါသည် ။ ထို့  အခါ အာဏာ ပိုင်များမှာ ညအချိန်လူမရှိသော နေအိမ်များ အား ပိုင်ရှင်မဲ့ သတ်မှတ်ကာ ( ၃ . ၁၁ . ၂၀၀၈ ) ရက်နေ့  မှ ( ၄ .၁၁ .၂၀၀၈ ) အထိ ဖော့ ကန်ရပ်ကွက် ဥက္ကဌ နှင့်  ရာအိမ်မှူး အပါအ၀င် အာဏာပိုင်များမှ နေအိမ်များအား ဖြိုဖျက်နေပါသည် ။ အခြားသို့  ရှောင်တိမ်း ညအိပ်စရာ မရှိ၍ မိမိတို့  နေအိမ်များ၌ ပင်အိပ်စက် ကြသူများမှာလည်း ညအချိန် ဧည့်  စာရင်းစစ်အချိန်တွင် အဖမ်းခံ ရ ပြန်ပါသည် ။ ထိုသို့  အဖမ်းခံ ရသူများ ကိုတော့  အာဏာပိုင်များမှ နေအိမ်များ ဖျက်ပေးလျှင်လွှတ်ပေး မည် ဆိုသောကြောင့်  ကြောက် လန့် ၍ ဖျက် ပေးရန် ဂတိပြု လက်မှတ်ထိုးခဲ့ကြသူများလည်းအချို့  ရှိနေပြီး အချို့ မှ ဖျက်ပေးရန် လက်မှတ် မထိုး သော ကြောင့် ဆက်လက် ဖမ်းဆီးခံထားရ သူများလည်းရှိနေဆဲဖြစ်ပါသည် ။
ယခုအချိန်တွင် နအဖ သည် နိုင်ငံပိုင် သယံဇာတများ ၊ မြန်မာနိုင်ငံနယ်စပ်မြေနေရာများအား အစိပ်စိပ်အမွှာမွှာ ခွဲခြမ်း၍ တဖက်လှည့် ဖြင့် ရောင်းချခြင်းများပြုနေသကဲ့ သို့  ၎င်း တို့  ၏လက်အောက် ငယ်သားများမှလည်း ရန်ကုန်မြို့  တွင်းရှိတန်ဖိုးကြီးမားသော မြေနေရာများအားလည်း နီးစပ်ရာ ကုပ္ပဏီများ နှင့် လုပ်ငန်းရှင်များသို့  ရောင်းချလျှက်ရှိနေပါသည် ။ မြန်မာနိုင်ငံ နယ်စပ်တလျှောက်တွင် နေထိုင်ကြသော တိုင်းရင်းသားများ ၏ ကျေးရွာ များအား ရွာလုံးကျွတ်မီးရှို့ ဖျက်ဆီးနေ ခြင်းသာမက ၊ ယခုအခါတွင် မြို့ကြီးများ ရှိလူနေရပ်ကွက် များအား အတင်းအဓ္ဓမ ပြောင်းရွေ့ ဖျက်ဆီးခြင်း ပြုလုပ်နေပြီဖြစ်ကြောင်း တင် ပြလိုက် ပါသည် ။
http://freeforcountry.blogspot.com/မှတင်ပြသည်။

0 comments: