Thursday, November 13, 2008

သခင်စိတ်ဓာတ်သခင်အကျင့်

သခင်စိတ်ဓာတ်သခင်အကျင့်

သခင်လား ကျွန်လား
ရိုးရိုးကျင့် မြင့်မြင့်ကြံ
မှန်တာလုပ် ဟုတ်တာပြောတဲ့
ဒါ… သခင်တစ်ယောက်ရဲ့စိတ်ဓာတ်နဲ့
သခင်တစ်ယောက်ရဲ့အကျင့်မြတ်ပဲ၊
သခင်ဆိုတာ
မရသင့်တဲ့အခွင့်အရေး
ဘယ်သူပေးပေးမယူဘူး
“ထမင်းကြမ်းခဲ” ပြလို့
အမြီးနှံ့ပြရတာ
သခင်မဟုတ် ကျွန်ရဲ့အလုပ်ပဲ၊
သခင်ဆိုတာ
ဗဟုသုတနဲ့ ယုံကြည်မှုရှိ
စိန်ရွှေငွေ ဏ သ တ န မ တွေသူမကြည့်
တိုင်းပြည်ရဲ့တာဝန်ကိုသိတယ်
တိုင်းပြည်နဲ့မိမိတာဝန်
ချိန်ခွင်လျှာတင်ကြည့်ရင်
တိုင်းပြည်ကအလေးသာတယ်၊
ကျွန်ဆိုတာ------
ခံမပြောရဲဘူး
ဟောက်ငေါက်သမျှဖိခံ
မှန်မမှန်သူမသိ
သူသိတာကသခင်အလိုကျအမြီးနှံ့ပြဖို့
သခင်ဆိုတာ
ခိုင်းလို့မဟုတ် တာဝန်သိလို့လုပ်တယ်
မဟောက်နဲ့မငေါက်နဲ့
ကြောက်တတ်တဲ့အလေ့မရှိ
မမှန်တာသူသိရင်
ဖွင့်ဟဖို့ဝန်မလေး
အသက်ပေးဆောင်ရွက်
ဒါ…သခင်စိတ်ဓာတ်နဲ့
သခင်တစ်ယောက်ရဲ့အကျင့်မြတ်ပဲ
သခင်နဲ့ကျွန်
ချိန်ခွင်လျှာတင်ကြည့်
သခင်လား? ကျွန်လား?
ခွဲခွဲခြားခြားသိချင်တယ်
ကွဲကွဲပြားပြားသိချင်တယ်
အဖြေ…………။

မင်းသုည
၁၃-၁၁-၂၀၀၈



0 comments: