Saturday, November 8, 2008

ကြားသမျှမြင်သမျှအချိုးမကျတာလေးတွေ

ဝဋ် မှာအမြဲ…ငရဲမှာအပ

စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးကြီး၏ဦးဆောင်ဆရာတော်

တပါးဖြစ်သောအရှင်ဂမ္ဘီရ၏ဖခင်ဖြစ်သူအားသားဖြစ်သူကိုထောင်

ချရမည့်တရားလိုပြသက်သေအဖြစ်ထွက်ဆိုစေရန်တရားရုံးအမိန့်

ဖြင့်ဆင့်ခေါ်ထားခြင်းဆိုတဲ့သတင်းတစ်ရပ်ကိုVOAနံနက်ပိုင်းအစီ

အစဉ်ကကြေငြာသွားတာ...ကိုတောသားကြားလိုက်ရပါတယ်။

ဒီလိုဥာဏ်နီဥာဏ်နက်မျိုးတွေထွက်တတ်တဲ့နအဖနဲ့တို့ရဲ့အပေါင်း

အပါများကိုဘယ်လိုစကားလုံးမျိုးနဲ့ဂုဏ်ပြုရမလဲမသိအောင်ဖြစ်ရ

ပါတယ်။

ကိုတောသားဆီမှာရှိတဲ့မြန်မာဝေါဟာရအဘိဌာန်ထဲလဲမတွေ့......

တသက်လုံးဖတ်ထားမှတ်ထားတာလေးတွေညှစ်ထုတ်လဲစဉ်းစား

မရ....ခက်.....ခက်ရချည်ရဲ့ဗျာ။

ယုတ်မာတယ်ပြောလို့လဲမလုံလောက်.....ကောက်ကျစ်တယ်ပြော

ရင်လဲမပြည့်စုံ......ကိုတောသားဒီတခါဥပမာပေးတာနဲနဲကြမ်းရင်

ကန်တော့ပါရဲ့...စာဖတ်သူများခင်ဗျား....။

ပြည့်တန်ဆာမနဲ့ဝရမ်းပြေးစပ်ကျတဲ့သန္တေသားဘဝမှာဖိုးတွမ်တိ

ကကြားကားဝင်ဆွဲ............အဲဒီလိုကမွေးတော့တခါဖဲဝိုင်းကြို

ဖဲဝိုင်းကြား...အမှိုက်ပုံကြိုကြားကြီးပြင်းလာရတဲ့အစားမျိုးတွေ

တောင်ဒီလိုညစ်ပတ်ပြောင်မြောက်ယုတ်မာတဲ့အတွေးမျိုးတွေးနိုင်

ပါ့မလားမသိပါဘူးခင်ဗျာ.............။

ကိုယ့်သားသမီးတွေကိုတော့ရွှေလိုဥထား..........ရုပ်ကြမ်းကြီးတွေ

နဲ့ပုံမလာပန်းမလာကြီးတွေကိုစိန်စီပြီးအစွံထုတ်.....ကိုယ့်ဥတော့ကိုယ်

သိတတ်လိုက်တာ....။

သူများကျတော့အဖေအိုကြီးကကိုယ့်သားထောင်ကျဖို့ထွက်ဆိုပေးရ

မတဲ့.....သွားမထွက်ပြန်ရင်လဲ...အိုကြီးအိုမနဲ့အဖမ်းခံရဦးမယ်....။

ကိုတောသားတို့ကမြန်မာဗုဒ္ဓဘာသာဆိုတော့ကျမ်းမာချမ်းသာစွာနဲ့

ယုတ်မာနိုင်ကြပါစေလို့...မေတ္တာပို့ပေးရကောင်းမလား.....ယမမင်းကြီး

ကိုပဲအဝီစိငရဲအောက်မှာနောက်တထပ်လောက်ကန်ထရိုက်ငှားပြီးအမြန်

ဆောက်ထားပါလို့အကြံပေးရင်ကောင်းမလား....။

ဘာပဲဖြစ်ဖြစ်.....သာဓုပါဗျာ….သာဓုပါ…….

ကိုယ့်အလှည့်ကျတော့မနွဲ့စတမ်းပေါ့…….ဝဋ် မှာအမြဲ…ငရဲမှာအပဆို

တဲ့စကားလေးလဲအရှိသားပဲ..နော့…….


0 comments: