Wednesday, November 12, 2008

"ဂုဏ်ပြုလိုက်ကြစမ်းပါ"

"ဂုဏ်ပြုလိုက်ကြစမ်းပါ"

တောက်ခေါက်ပြီး

သွေးတွေဆူပွက်ခဲ့ပေမဲ့

ငါတို့ ..မျိုးဆက်

ပေးဆပ်ခဲ့တဲ့အရင်းအနှီးတွေ

အချဉ်းနှီးမဖြစ်အောင်

မင်းဇေယျရဲ့ ကြွေးကြော်သံ

"တိုင်းပြည်အတွက်၆၅နှစ်ထဲဘဲလားကွ"

မီးမီးရဲ့ မကြောက်စကား

"အမှန်တရားအတွက်ဘယ်တော့မှမကြောက်ဘူး"

အားလုံးရဲ့ အတောက်ပဆုံးဟစ်ကြွေးသံ

"မြန်မာပြည်လွှတ်မြောက်ရမည်"

"အာဏာရှင်စနစ်ပြုတ်ကျရမည်"

"မတရားစီရင်ရေးစနစ်အလိုမရှိ"

"အရေးတော်ပုံအောင်ရမည်"

အာဏာရှင်ကိုအံတုဖီဆန်

ခွပ်ဒေါင်းတွေရဲ့ တိုက်ပွဲဝင်အသံ

ငါတို့ ကြားယောင်ရင်း….

သူတို့ ကိုဦးညွှတ်..

ငါတို့ …သမိုင်းသစ်အတွက်

ဂုဏ်ပြုလိုက်ကြစမ်းပါ ။ ။



အေကေအို

Nov:11.08

1:00 am

0 comments: