Wednesday, October 1, 2008

ရန်ကုန်မြို့တော်

လက်ရှိမြန်မာနိုင်ငံရန်ကုန်မြို့ကြီးမှာဖြစ်ပျက်မှုအဖုံဖုံကိုသာမာန်ပြည်သူတစ်ဦးရဲ့ခံစားရေးဖွဲ့ထားတဲ့ကဗျာလေးတစ်ပုဒ်
အီးမေလ်းထဲရောက်လာလို့တစ်ဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ပြည်သူ့ဘုန်းဘုန်း။

ရန်ကုန်မြို့တော်

ရန်ကုန်မြို့တော် ဘတ်ကားတွေပေါ်မှာ

ရုံးတက်ရုံးဆင်း အလုအယက်

ဇယ်ဆက်သလို အသက်ထွက်အောင်

တွယ်တက်နေကြတာတွေမြင်တိုင်း င့ါစိတ်တွေ ပြုတ်က သုံးမရအောင်ပါပဲ.....



ရန်ကုန်မြို့တော်ရုံးတွေပေါ်မှာ

တစ်နေကုန်ချွေးထွက်ပြီး အချိန်နဲ့ဘ၀ကို ပေးဆပ်နေပေမယ့်

အပျော်အပါးဆိုတာ ဘေးမှာထား

လစာဆိုတာ စားမလောက်

အတိုးတွေဝန်းရံလို့ တရားဝင်သူခိုးတွေ ဖြစ်ပြန်ရတဲ့ဝန်ထမ်းတွေမြင်ရတိုင်း ငါ့စိတ်တွေပြုတ်ကျ သုံးမရအောင်ပါပဲ...

ရန်ကုန်မြို့တော်ကျောင်းတွေပေါ်မှာ

ဘုရားနဲ့နှိုင်း တစ်ဂိုဏ်တည်းထားတဲ့

ဒို့ဆရာသမားတွေ ၊ ခေတ်ပျက်ပြီမို့

ဝမ်းဝဖို့ရာ ၊ ဖြူစိမ်းကို ကိုယ်မှဆင်

သိက္ခာကိုခ၀ါချ၊ ကျူရှင်လည်လမ်းသလားပြီး

အာစရိယဂုဏော အနံထောရတာတွေမြင်တိုင်း ငါ့စိတ်တွေပြုတ်ကျ ၊ သုံးမရအောင်ပါပဲ...

ပိုက်ဆံကိုရေလိုမပက်ရင်

ဘာဘာ ဘာမှ မတတ်

တစ်သက်လုံးခွက်ဖြစ်ရမယ့် နောင်တစ်ခေတ်ရဲ့ အာဇာနည်တွေ

ဗမာပြည်ကယ်တင်ရေး ဝေးပြီးရင်းဝေးမှာတွေးပြီး

ငါ့စိတ်တွေပြုတ်ကျ ၊ သုံးမရအောင်ပါပဲ..



ရန်ကုန်မြို့တော် ရုပ်ရှင်ရုံတွေမှာလည်း

ဘာတော်တော်၊ ဘာတတ်တတ် ၊ ဘာဘာမှအသုံးမကျ

ရယ်စရာလေးများရမလားလို့ ရယ်စရာလက်မှတ်ကိုင်ပြီး

မှိုင်နေတာတွေမြင်တိုင်း ငါ့စိတ်တွေပြုတ်ကျ ၊ သုံးမရအောင်ပါပဲ....

နှစ်တွေလည်းကြာလှပြီမို့...
ဗမာလားမေးရင် ကိုယ့်ခေါင်းကိုဝှက်

တံတွေးခွက်ပက်လက်မျော၊ ဗမာဆိုကမ္ဘာမှ
အမျိုးယုတ်တဲ့ သူခိုးစုတ်တွေလို့

မွဲပြာကျလို့အားမရ လူပါအစော်ကားခံကြရတာကို

ရင်လေးစွာတွေးမိတိုင်း ငါ့စိတ်တွေ ပြုတ်ကျ ၊ သုံးမရအောင်ပါပဲ...

ရန်ကုန်မြို့တော်လမ်းတွေပေါ်မှာ

သွေးစတွေပျံ့ကြဲ ပြည်သူတွေဟက်ထိုးလဲပြီး…

ကိုယ်ကျိုးနည်း ရဒါတွေ…မဖြစ်စေချင်တော့ဘူး….



ငါကြားဖူးတာ အီသီယိုးပီးယား...
ဒါ Burmiopia လား
ငါကြားဖူးတာ Golden....
ခုတော့ Tha Khoo Land ဖြစ်သွားပါလား..

ဒီလိုနဲ့ ဆက်တွေးရင် ၊ ဆွေးပြီးတကယ်.. ရူးရချိ..
ဗုဒ္ဓသင်ထားတဲ့ အနိစ္စပညာကို အတွင်တွင် ဆင်ခြင်ပြီး
အရှိကို အရှိတိုင်း ကျေနပ်လက်ခံ ဘာဆိုဘာမ မတုံ့ပြန်တော့ပါဘူး...
ပါရမီမပါတဲ့ ငါဒီစာတွေရေးရုံပြင်
ဘာတွေများတတ်နိုင်ဦးမှာလဲ....


0 comments: