Tuesday, September 2, 2008

ရွှေဝါရောင် တော်လှန်ရေး တစ်နှစ်ပြည့် ဂုဏ်ပြုအစီအစဉ်..။


၂၀၀၇- ခုနှစ် စက်တင်ဘာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုဟာ တစ်ကမ္ဘာလုံးကို တုန်လှုပ်ခြောက်ခြား စေခဲ့ပါ
တယ်။ ငြိမ်းချမ်းစွာ ချီတက် မေတ္တာပို့သတဲ့ သံဃာထုကို ဗုဒ္ဓဘာသာကို ကိုးကွယ်ပါတယ် ဆိုတဲ့ အာဏာရှင် စစ်အစိုးရဟာ ဘယ်ဘာသာတရားကမှ လက်မခံနိုင်တဲ့ အပြုအမူကို ရက်ရက်စက်စက် ပြုလုပ်ခဲ့ပါတယ် ဒီအဖြစ်ပျက်ဟာ ကျွန်တော်တို့ ပြည်သူပြည်သားတွေနဲ့ ဗုဒ္ဓဘာသာအား စစ်အစိုးရရဲ့ အမြင့်မားဆုံး စော်ကားမှု ပဲဖြစ်တယ် ဗုဒ္ဓဘာသာ သာသနာ ကွယ်ပျောက်စေတဲ့ မည်သည့်လုပ်ရပ်မဆို ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တိုင်း ဆန့်ကျင်ရမှာဖြစ် တယ် ။

မြန်မာပြည်သူတစ်ရပ်လုံး
(၁) ။ ရွှေဝါရောင် တော်လှန်ရေးကို ဂုဏ်ပြုကြ
(၂) ။ ဗုဒ္ဓဘာသာ ရဟန်းသံဃာများအား မတရားဖမ်းဆီး နှိပ်စက်ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြ
(၃) ။ အဓမ္မ ဝါဒီ စစ်ဘီလူး အာဏာရှင် အစိုးရကို သံဃာတော်များနှင့် အတူ ပူးပေါင်း တိုက်ပွဲဝင်ကြ

ရွှေဝါရောင် တော်လှန်ရေး တစ်နှစ်ပြည့်ကာလအတွင်း ကျဆုံးသွားသော သံဃာ့ အာဇာနည်များ ၊ သပိတ်မှောက် ကံဆောင်ဆဲဖြစ်သော သံဃာတော်များ ၊ မတရား ဖမ်းဆီးခံထားရသော သံဃာတော် များအား ဂုဏ်ပြုခြင်း အထိမ်းအမှတ် အဖြစ် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင် အနီးရှိ ဘုရား၊ကျောင်းကန် များသို့ သွားရောက်၍ ဆီမီးပှု ဇော်ခြင်း ၊ ဝတ်ပြုဆုတောင်းခြင်း၊ရွှေဝါရောင် တော်လှန်ရေး အမှတ်အသားဖြစ်သည့် အဝါရောင် ပါဝင်သော အဝတ်များ ဝတ်ဆင်ခြင်း စသည့် လှုပ်ရှားမှုများအား ဖော်ဆောင် ဆောင်ရွက်သွားကြရန် ဗုဒ္ဓဘာသာဝင် အမျိုးကောင်းသား/သမီး များအား တိုက်တွန်း နှိုးဆော် အပ်ပါသည်။


0 comments: