Friday, August 8, 2008

ကိုလံဘိုမြို့မြန်မာသံရုံးရှေတွင် ၈၈၈၈ အထိမ်းအမှတ်ဆန္ဒပြ






မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားရေးအတွက် ဆောင်ရွက်ခဲ့သော သမိုင်းကြောင်းတစ်လျှောက်တွင် ၈-လေးလုံး အရေးတော်ပုံကြီးသည် အဓိကမှတ်တိုင်တစ်ခု ဖြစ်သည်။ ၈-လေးလုံးအရေးတော်ပုံသည် ပြည်သူများ၏ လွတ်လွတ်ရေး ဆာလောင်မှုကို ထင်ပေါ်စေသကဲ့သို့ စစ်အာဏာရှင်တို့၏ ရက်စက်ကြမ်းကြုတ်မှုကိုလဲ ကမ္ဘာသိ ဖြစ်စေခဲ့ပေသည်။ အဆိုပါ အရေးတော်ပုံကြီးတွင် ရဟန်းရှင်လူ ပြည်သူထောင်ပေါင်းများစွာ သွေးမြေကျခဲ့ရသည်။ နှစ်စဉ်နှစ်တိုင်း ၈-ရက်၊ ၈-လရောက်တိုင်း အထိမ်း အမှတ်ပွဲများ ကျင်းပကာ ၈-လေးလုံးအရေးတော်ပုံ၌ ကျဆုံးသွားခဲ့ရသော သူများအတွက် ဆုတောင်း ပေးခဲ့ကြသည်။
ယနေ့ဆိုလျှင် အဆိုပါ ၈-လေးလုံးအရေးတော်ပုံကြီးသည် နှစ်ပေါင်း (၂၀) တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်၍ ယနေ့ (၂၀) ကြိမ်မြောက် ၈-လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်နေ့တွင် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးနှင့် စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်ရင်း အသက်သွေးများ စတေးခဲ့ရသော အာဇာနည် ရဟန်းရှင်လူ ပြည်သူအများ၏ တိုက်ပွဲဝင်စိတ်ဓာတ်များကို အောက်မေ့တသ သတိရသောအားဖြင့်လည်းကောင်း၊ ၀မ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့်လည်းကောင်း သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်း တော်များနှင့် သီရိလင်္ကာနိုင်ငံရှိ N.G.O အဖွဲ့အစည်းများ ပူးပေါင်းကာ သီရိလင်္ကာနိုင်ငံ၊ မြန်မာသံရုံးရှေ့တွင် မိနစ်သုံးဆယ်ခန့် Silent Demonstration ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ တဆက်တည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံးကို အမြန်ဆုံး လွှတ်ပေးရန်နှင့် စစ်မှန်သည့် ဒီမိုကရေစီ အမြန်ဆုံး ပေါ်ထွန်းလာရန် ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။


0 comments: