Saturday, August 23, 2008

ရွှေဝါရောင်နှင့်ခွပ်ဒေါင်းနီ


အာဏာရူးမူးဘီလူးကြီးသန်းရွှေ

မြတ်ဗုဒ္ဒ၏သွေး နီစွေးစွေးကို

မရှက်မကြောက် ဒင်းသောက်ဝံ့တယ်။

ကိုယ့်အမျိုးကိုယ့်ဘာသာရယ်လို့မှမထောက်

စစ်ဖိနပ်အောက်မှာ

မြတ်သောနှစ်လုံးသားတွေ ပျောက်ဆုံးခဲ့ရတယ်။

အို ပြည်သူအပေါင်းတို့

တရားခံတွေ မလွတ်စေနဲ့

အမျိုးယုတ်ကို သုတ်သင်ပြစ်မယ်။

မဟာရာဇ၀င်မှာ

အစဉ်အလာသမိုင်းပြောင်ခဲ့တဲ့ 

ရွှေဝါရောင်နှင့်ခွပ်ဒေါင်းနီ

တပ်ပေါင်းစုကြီးလာနေပြီ ဟေ့။

အရေးတော်ပုံ……အောင်ရမည်

အရေးတော်ပုံ……အောင်ရမည်

အရေးတော်ပုံ……အောင်ရမည်။

မင်းတိက္ခ ၈။၈။၀၈။


0 comments: