Wednesday, July 9, 2008

လူပင်သေသော်ငြားနာမည်မသေသည့်အာဇာနည်များ



၈၈ အနှစ် ၂၀
(အခန်းဆက်များ)
ဝင်းမော်ဦး
(၁၉၇၂ - ၁၉၈၈)

၁၉၈၈ စက်တင်ဘာ ၁၈ မှာ စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းခဲ့တယ်။ လမ်းပေါ်မှာ ဒီမိုကရေစီရေး ဆန္ဒပြတဲ့ လက်နက်မဲ့ ကျောင်းသားလူငယ်တွေကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်။ အဲဒီထဲက ကျောင်းသူ ၀င်းမော်ဦးရဲ့ ဓာတ်ပုံဟာ ကျဆုံးခဲ့ကြတဲ့ ကျောင်းသားလူထုကြီးတရပ်လုံး ကိုယ်စား သမိုင်းတွင်ပြီး ကျန်ရစ်တယ်။

သူ အဲဒီတုန်းက ၁၆ နှစ် ကျောင်းသူ။ အခုဆို သူ ၃၆ နှစ် အရွယ်ကို ရောက်ပါပြီ။ အသက်သာ ရှင်သန်နေမယ်ဆိုရင် သူ့မှာ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ မိသားစုတွေနဲ့ ခင်ဗျားတို့၊ ကျနော်တို့ရဲ့ ဘ၀လိုမျိုး သူ့မှာလည်း ရှိနေမှာပဲ။ မွေးနေ့တွေနဲ့ … ဖြတ်သန်းတည်ဆောက်မှုတွေနဲ့ …။

ဒါပေမယ့် လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက စစ်အာဏာရှင်တွေ ပစ်လိုက်တဲ့ ကျည်ဆံမှာ အခြား မြန်မာပြည်ရဲ့ အညတရ အာဇာနည်များနဲ့အတူ သူ သေဆုံးခဲ့ပြီ။ အခု အနှစ် ၂၀ မှာ သူ၊ ၀င်းမော်ဦး … ခင်ဗျားတို့နဲ့ အတူ မရှိတော့ဘူး။ လွန်ခဲ့တဲ့ အနှစ် ၂၀ မှာတော့ သူ … ရှိခဲ့တယ်။


မိုးမခမှတင်ပြသည်။

0 comments: