Tuesday, July 1, 2008

ဦးဝင်းတင်အားပုံမှန်တွေ့ဆုံခွင့်ရနေသူနှင့် ဆက်သွယ်မေးမြန်းချက်



ဘီဘီစီ(မြန်မာဌာန)
ဇူလိုင် ၁၊ ၂၀၀၈

နှစ်ရှည်လများ ထောင်ကျနေတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ ကျန်းမာရေးကို စိုးရိမ်တဲ့ အတွက် ပြန်လွတ်ပေးဖို့ နယ်စည်းမထား သတင်းထောက်များအဖွဲ့ နဲ့ မြန်မာသတင်းသမဂ္ဂတို့က တိုက်တွန်းလိုက်ပါတယ်။

ထောင်ထဲက ဦးဝင်းတင်ရဲ့ကျန်းမာ ရေးအခြေအနေ သိရအောင် ပြီးခဲ့တဲ့စနေနေ့က ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ ဦးမောင်မောင်ခင်ကို မေးကြည့်တော့

“ခါတိုင်း ဟိုတုန်းကသွားတွေ့တုန်းကတော့ မဆိုးပါဘူး။ အခု ဒီတခါသွားတော့ တော်တော် ရင်ကျပ်နေတယ်။ ရယ်လိုက်တော့ ချွဲသံ ပါနေတယ်ပေါ့ဗျာ။ ရှဲရှဲ ရှဲရှဲနဲ့။ ရယ်လိုက်တော့ ရယ်တဲ့အသံ ထွက်မလာဘူး။ ချွဲသံ ထွက်လာတော့ ကျနော်တော့ နည်းနည်းတော့ လန့််သွားတယ်ဗျ။ ”

ထောင်ထဲမှာ အဲဒီရောဂါနဲ့ ပတ်သက်ပြီးတော့ ဆေးကုသမှု ခံယူရပါသလား။

“အဲဒီရောဂါနဲ့ ပတ်သက်လို့ သူ သွားပြောတာပဲ။ ပြောတော့ ဗိုက်ဆိုဗင် ဆိုတဲ့ဆေးကို သောက်ပါဆိုပြီး ၀ယ်သောက်ခိုင်းတယ် တဲ့။ ဆေးရုံကလည်း ပေးစရာဆေး မရှိဘူးထင်ပါရဲ့ဗျာ ကြည့်ရတာ။ ၀ယ်သောက်ခိုင်းတယ် တဲ့ အဲဒီဆေးကို။ အဲဒါနဲ့ ကျနော်က ဘာလုပ်ရလဲဆိုတော့၊ ကဲ ဒီလိုဆို တာဝန်ရှိတဲ့သူကို အဲဒီဆေးကို ၀ယ်ပေးပါဗျာ ဆိုပြီးတော့ ကျနော် ပိုက်ဆံတွေ ဘာတွေ ပေးခဲ့ရတာ။”

ဦးဝင်းတင်မှာ ဘာရောဂါဖြစ်နေတယ်လို့ သိရပါသလဲ။

“ဦးဝင်းတင်မှာက တောက်လျှောက် သူ သောက်နေရတာကတော့ နှ လုံး နဲ့ သွေးတိုးပါဗျာ။ ဆေးကတော့ တောက်လျှောက် သူ သောက်နေတယ်။ သူ့ကို တိုက်တာပေါ့ဗျာ။ အဲဒီဆေးလည်း ကျနော်တို့က မှန်မှန် ပေးနေပါတယ်။ ဒါပေမဲ့ အဲဒါကလည်း သိပ် ပြင်းပြင်းထန်ထန် ဖြစ်တာတော့ မဟုတ်ဘူး။ အခုဖြစ်တာကတော့ ရင်ကျပ်တာကတော့ တော်တော်လေး ခံရပုံရတယ်ခင်ဗျ။ ”

ထောင်ဆရာဝန်နဲ့ ပုံမှန်တွေ့ခွင့်ရပါသလား။

“ထောင်ဆရာဝန်ကတော့ ၂ ရက်ခြားလောက် ၁ ရက်ခြားလောက် သွေးလေးဘာလေး လာလာချိန်ပေးတယ် ပြောတာပဲ။ ”

ဆရာဦးဝင်းတင်အနေနဲ့ကရော ဘယ်လို ဆန္ဒရှိတယ်လို့ ကြားခဲ့ရပါသလဲ။

“ဘယ်လိုမှ မပြောဘူး အဲဒီပုဂ္ဂိုလ်ကလေ။ အခုလည်းပဲ သူက ရင်ကျပ်တယ်ကွာ တဲ့၊ အိပ်လည်း မအိပ်နိုင်ဘူး၊ စားလည်း မစားနိုင်ဘူး၊ လေးငါးခြောက်ရက် ရှိပြီ တဲ့။”

သူ့ရဲ့ရောဂါအခြေအနေကို ကြည့်ရတာ အပြင်မှာထွက်ပြီးတော့ ဆေးကုသခံယူဖို့ လိုအပ်တဲ့အထိ အရေးကြီးတယ်လို့ မြင်ခဲ့ရပါသလား။

“လူကြီးပဲ၊ ကြာရင်တော့၊ ကြာကြာဖြစ်လာရင်တော့ လိုအပ်မှာပေါ့ဗျာ။”


0 comments: