Wednesday, July 9, 2008

မရရင်ချကြ ပါစို့ ။

မြန်မာလူထုက အမျိုးသားရေးစိတ်ဒဏ်သင့်တဲ့ အနာ သုံးခါရှိခဲ့ပါပြီ။ ဆရာကြီးရွေဥဒေါင်းစကားနဲ့ ပြောရင်တော့ အသည်းနှလုံးမှာ ဆူးကြီးပေါက်ခဲ့သလိုခံစားခဲ့ရတာ။ ဒေါ်မာမာအေးစကားနဲ့ ပြောရင်တော့ အသည်းနာကမ္ဘာမကြေနာ- မဟာနာကျည်းမှုကြီး ။ ဒါတွေကတော့
၁- ၈၈လှုပ်ရှားမှုကြီးအနိမ်နင်းခံရပြီးနောက်၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အကောင်အထည်မပေါ်လာတာ။
၂- ၂၀၀၇ခုနစ် စက်တင်ဘာ တော်လှန်ရေးက တောင်းဆိုချက်ဘာတခုမှမရပဲ ရက်ရက်စက်စက်နိမ်နင်းခံခဲ့ရတာ။
၃- နာဂစ်မုန်းတိုင်း ခံရတဲ့ပြည်သူတွေအတွက် နိင်ငံတကာအကူညီတွေကိုစစ်အစိုးရက ငြင်းဆန်ပြီး ထောက်ပံမှုတွေကိုအလုံအလောက်မလုပ်ဆောင်ပေးခဲ့တာ ။ ဒီအပေါ်မှာ လူထုက စိတ်ဒဏ်သင့်ခဲ့တယ်။ ဒီစိတ်ဒဏ်သင့်မှုက အလွန် အန္တရယ်ရှိတယ်။ လူထုက တော်လှန်ရေးအပေါ်မှာ ယုံကြည်မှုကျဆင်းသွားစေတတ်တယ်။ ကိုယ်ကိုကိုယ် ယုံကြည်မှုကျဆင်းသွားစေခဲ့တယ်။ ဒီအနာကြီးကိုဖြေဖျောက်ဖို့ အတွက် လူထုကို မျော်လင့်ချက်တွေပေးဖို့ လိုတယ်။ ဒါကတော့ လူထုတိုက်ပွဲတွေ ပြန်လည်ဖေါ်ထုတ်ရမယ်။ နအဖ ရဲ့  စီးပွားရေးပြစ်မှတ်တွေကို တိုက်ခိုက်ဖို့ လိုတယ်။ ဒီလိုဖြစ်ရပ်မျိုးက ၁၉၈၈ ခုနစ် မတ်လ ၁၆ ရက် တံတားနီအရေးခင်မှာ ကျနော်တို့  ကို မဆလ စစ်အစိုးရက နိမ်နင်းခံခဲ့ရတဲ့အခြေအနေနဲ့ တူတယ်။ တံတားနီကျောင်းသားလှုပ်ရှားမှုမှာ ကျောင်းသား တရာကျော်အသတ်ခံရတယ်။ သုံးထောင်နီးပါးအဖမ်းခံရတယ်။ ငါးရာကျော်ကျောင်းထုတ်ခံရတယ်။ ကျောင်းသားတွေကိုလုံထိမ်းကရက်ရက်စက်စက် သတ်ဖြတ်ခံရမှုကြောင့် ကျောင်းသားထုအတွင်းမှာ စိတ်ပိုင်းဆိုင်ရာဒဏ်သင့်သွားနိင်တယ်။ အကြောက်လွန်သွားနိင်တယ်။ စိတ်အားငယ်မှုတွေဖြစ်လာနိင်တယ်။
ခေါင်းဆောင်လုပ်သူတွေက ဒီအခြေအနေကို အရောက်မခံဖို့ လိုတယ်။ ဒီတော့ ကျနော်တို့ 
သိမ်ကြီးဈေး စီရုံကို မီးတင်ရှို့ ခဲ့တယ်။ ဒီတော့ ကျောင်းသားထုနဲ့ လူထုက စိတ်အားပြန်လည်တက်ကြွလာတယ်။ ငါတို့ ကိုမတရားလုပ်ခြင်တိုင်းလုပ်လို့ မရဘူး။ ငါတို့ ထဲမှာ မတရားမှုကိုရဲရဲရင့်ရင့် ဆန်ကျင်မဲ့ အင်အားစုတွေရှိသေးတယ်ဆိုတာကိုသိသွားလို့ ပဲ။ အခု အခြေအနေကြီးကိုကျနော်တို့ မကြိုက်ဘူး။ လူထုထဲမှာ ကျဆင်းနေတဲ့စိတ်ဓါတ်ကို ပြန်လည်တက်ကြွလာနိင်ဖို့ အတွက် တချို့ ပြစ်မှတ်တွေကို ကျနော်တို့ ရှာဖွေ တိုက်ခိုက်သင့်တယ်လို့ တိုက်တွန်းလိုပါတယ်။ မြန်မာပြည်ဒေါင့်တနေရာမှာတော့ မတရားမှုတွေကိုလက်တုန်ပြန်မဲ့  အင်အားစုတွေရှိတယ်ဆိုတာကို ရဲရဲ ၀ံဝံပြသကြပါစို့ ။

အောင်ပွဲသို့ 

မိုးသီး


0 comments: