Friday, July 11, 2008

ဇွဲ

Zawe - Khin Nyunt Yi
သီချင်းယူရန်http://www.mediafire.com/?tyzyffi3q1h
ဇွဲ

V1 (မြန်မာတမျိုးလုံးရဲ့ တာဝန်တွေကို လုံ့လ ဝီရိယ ဇွဲနဲ့ ခဲ ရင် ဧကန်မလွဲ အမြဲအောင်နိုင်မည်။)၂

(ယခုတော့လဲ (ကျွန်တော်တို့) မြန်မာပြည် ရေတတ် ငဇင်ရိုင်းလိုပ ပုံခိုင်းလို့ ဆိုပြန်သည်၊ ကောက်ရိုးမီးတမျှ ဟုန်းခနဲ ထသည်။) ၂

ပြီးတော့တလည် ကျွန်တော့် အသဲထဲမှာ စွဲလောက်အောင် နာပြန်ပါသည်၊ ဆော်ဒါ လစ်မနစ်ရည် ဖောက်လိုက်ရင် မြည်သတဲ့ ဘာသာခြားနဲ့ အများက ဆိုပြန်သည်။ အဲဒါကြောင့် မခံချင်သည် စံတင်လို့ ပြကြစို့ရဲ့ အမှန်ပင် ဝီရိယနှင့် မြန်မာမှန်သမျှ လုပ်ပြစေချင်သည်။

Cho (ဇွဲကိုပင်အတည် မြဲကြဖို့ စိတ်ရင်းကောင်းနဲ့ ရည်၊ အမျိုးသား အမျိုးသမီးတို့သည်) ၂

အရာရာမျိုး ကြံစီကာ တိုး၊ … ကြံစီကာ တိုး .. တို့မြန်မာမျိုး ဖြိုးကြွယ်ဖို့ အတည် .. ဇွဲ .. ဇွဲ .. ဇွဲ ရှိမှ အောင်နိုင်မည်။

V2 (လုံလ ဝီရိယ ဇွဲကို မြဲအောင်ပဲ အတည်၊ မြဲအောင်ပဲ အတည် အသည်းထဲမှာ စွဲကာ ပိုင်ပိုင် နိုင်နိုင် မြိုင်မြိုင်ဆိုင်ဆိုင် အထက်တန်းကျကျနန သတ္တိ၊ ဗျတ္တိ ရှိကြစေချင်သည်။) ၂

(မြန်မာ ပီပီ စွမ်းဆောင်ကြဖို့ တလည် ယောင်္ကျား အာဇာနည် ကောင်းကင်ကြယ်ကို မလွတ်တန်း ဆွတ်လှမ်းနိုင်ဖို့အတည်။) ၂

အထက်ပါ စကားရည် မြွက်ခါကြားသည်၊ မြွက်ခါ ကြားသည် အထက်ပါ စကားရည် ကြံခါစီ အဖန်ဖန်တွားလို့ ပန်ကြားရပြန်သည်။

V3 (ပင်လယ်ပြင် ကူးခတ်သည် တကယ်ပင် ထူးမြတ်သည်၊ သူဇွဲကောင်းလို့ အောင်နိုင်သည် အလောင်းတော် ဇနက္က ပြုမူချက်သည် ယောင်္ကျားလုံ့လ အသုံးချလို့ ထီးနန်းစံရသည်။) ၂

အဲဒီ ပမာ ထုံးကို အစဉ်သုံးဖို့ ကျွန်တော် နှိုးဆော်သည်၊ အဲဒီ ပမာထုံးကို အစဉ်သုံးဖို့ ကျွန်တော် နှိုးဆော်သည်။

Cho (ဇွဲကိုပင်အတည် မြဲကြဖို့ စိတ်ရင်းကောင်းနဲ့ ရည်၊ အမျိုးသား အမျိုးသမီးတို့သည်) ၂

အရာရာမျိုး ကြံစီကာ တိုး၊ … ကြံစီကာ တိုး .. တို့မြန်မာမျိုး ဖြိုးကြွယ်ဖို့ အတည် .. ဇွဲ .. ဇွဲ .. ဇွဲ ရှိမှ အောင်နိုင်မည်။


0 comments: