Friday, July 11, 2008

၈၈ အနှစ် ၂၀ (အခန်းဆက်များ)



ကိုကိုကြီး၊ မင်းကိုနိုင်၊ ပြုံးချို နဲ့ ဌေးကြွယ်
(ဇန်န၀ါရီ ၁၁၊ ၂၀၀၇)

သူတို့နဲ့အတူ မင်းဇေယျာ စတဲ့ ဗကသ၊ မကသ နဲ့ ရကသ ကျောင်းသားခေါင်းဆောင်များကို စစ်အစိုးရက ထောင်ထဲမှာ ၁၀နှစ်ကျော် အကျဉ်းချထားရာက ၂၀၀၄ နိုဝင်ဘာမှာ လွှတ်ပေးခဲ့တယ်။ ၂၀၀၆ စက်တင်ဘာမှာ သူတို့တွေကို ဖမ်းဆီးထိမ်းသိမ်းလိုက်ပြန်ပါတယ်။ ၂၀၀၇ ဇန်န၀ါရီမှာ သူတို့ကို ဖြေရှင်းချက်မပေးဘဲ လွှတ်ပေးလိုက်ပြန်ပါတယ်။ အဲဒီတုံးက သူတို့ ၅ ယောက်ထဲက ၄ ယောက် အတူတကွ တွေ့ရစဉ်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။ သူတို့ ၈၈ မျိုးဆက် ကျောင်းသားများကို ၂၀၀၇ သြဂုတ် ၂၂ မှာ လောင်စာဆီသပိတ်အကြောင်းပြုပြီး ဖမ်းဆီးထားတာ ယခုအချိန်အထိပါပဲ။


0 comments: