ဒီကနေ့ကျရောက်သည့်အမျိုးသားလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်
၏(၆၃)နှစ်မြောက်မွေးနေ့ကိုNLD(LA)မလေးရှားရုံးတွင်ကျင်းပခဲ့သည်။
အခမ်းအနားကိုဒေသစံတော်ချိန်နံနက်(၁၁)နာရီစတင်ခဲ့သည်။ရှေးဦးစွာ
ကြွရောက်လာသည့်သံဃာတော်အရှင်သူမြတ်များကိုနေ့ဆွမ်းဆက်ကပ်
လှူဒါန်းခြင်း၊(၅)ပါးသီလခံယူဆောက်တည်ခြင်း၊သံဃာတော်အရှင်သူမြတ်
တို့ဟောကြားသည့်ပရိတ်တရားဒေသနာတော်တို့ကိုနာယူခြင်း၊ပြုလုပ်အပ်သော
ကုသိုလ်ကောင်းမှုအစုစုအတွက်ရေစက်သွန်းချအမျှပေးဝေခြင်းစသည်တို့ကို
ပြုလုပ်ခဲ့ကြသည်၊ယင်းနောက်ကြွရောက်လာကြသည့်ဧည့်ပရိသတ်အပေါင်း
တို့က(၆၃)နှစ်မြောက်မွေးနေ့ကိတ်မုန့်ဖြင့်ဒေါ်အောင်ဆန်းစုကြည်ကျန်းမာ
ချမ်းသာ၍အသက်ရာကျော်ရှည်စေကြောင်းဆုမွန်ကောင်းများတောင်းခဲ့ကြပြီး
အခမ်းအနားကိုအောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။
သတင်းNLD(LA)MALAYSIA
Thursday, June 19, 2008
ဒေါ်အောင်ဆန်းစုကြည်(၆၃)နှစ်ပြည့်မွေးနေ့ NLD(LA)မလေးရှားရုံးတွင်ကျင်းပ
Posted by Ashin dhamma at 3:31 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment