နအဖ စစ်အစိုးရခေါင်းဆောင်များက သူတို့အနေနှင့် အာဏာကိုမက်မော၍ တိုင်းပြည်ကို အုပ်ချုပ်နေခြင်းမဟုတ်၊ တိုင်းပြည်၏လိုအပ်ချက်အရ တပ်မတ်ေက တိုင်းပြည်အာဏာကို ရယူ ရခြင်းသာဖြစ်ကြောင်း အဖန်တလဲလဲပြောသည်။ ယခင်ကလည်းပြောသည်။ ယခုလည်းပြောသည်။ အဏာမလို၍ တော်သေးသည်။ အာဏာလိုလျှင်ကား ကမ္ဘာတည်သရွှေ့ မြနာမာ့နိုင်ငံအုပ်ချုပ်ရေးတွင် နအဖတပ်မတော်သည် လိုင်စင်ရ ရာသက်ပန်အစိုးရတရပ်အဖြစ် တည်ရှိနေမည်လားမသိ။ တိုင်းပြည်အာဏာကိုမလိုပါ။ မမက်မောပါဟု ဆိုနေသည့်ကြားက မြန်မာနိုင်ငံသည် နအဖ စစ်အစိုးရ လက်အောက်တွင် နှစ်ပေါင်း ၂၀ တိုင်တိုင် ရှိခဲ့ပြီးဖြစ်သည်။ တိုင်းပြည်အာဏာကို မမက်မောသည့် နအဖစစ်အစိုးရသည် မည်သည့်အတွက်ကြောင့် နှစ်ပေါင်း နှစ်ဆယ်နီးပါးခန့်ထိ ရောက်ရှိလာ သည့်တိုင်အောင် တိုင်းပြည်အာဏာကို မစွန့်လွတ်ဘဲ ရှိနေရပါလဲ။ မေးစရာများ ရှိပါသည် ။
နအဖ စစ်အုပ်စု တိုင်းပြည်အာဏာကိုမလိုလျှင် တိုင်းပြည်အာဏာအား ပြည်သူလက်သို့ အပ်ရန်သာရှိသည်။ ယခုထိုသို့မဟုတ်။ တိုင်းပြည်အာဏာကိုမလိုဟုပြောပြီး နှစ်ပေါင်း ၂၀ ရှိလာသည့် တိုင် တိုင်းပြည်အာဏာကို ပိုင်ရှင်အစစ်အမှန်များဖြစ်သော ပြည်သူ့လက်ထဲမအပ်။ ၎င်းအပြင် တိုင်းပြည် အာဏာကို ဆက်လက်ရရှိရန် နည်းမျိုးစုံဖြင့် ကြိုးစားလာပြန်သည်။ နအဖ စစ်အုပ်စု၏ အပြောနှင့် အလုပ် တခြားစီပင်ဖြစ်သည်။ သို့အတွက် နအဖ စစ်အုပ်စုအပေါ် မည်သူမျှအယုံအကြည်မရှိ။
ယခုပြုလုပ်နေသာ ပြည်သူ့ဆန္ဒခံယူပွဲကိုကြည့်ပြီး နအဖသည် မည်မျှထိအာဏာ မက်မောသည်ကို ကြည့်၍သိနိုင်သည်။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အပါအ၀င် နိုင်ငံတကာကပါ မြန်မာပြည်သည် နာဂစ်ဆိုင်ကလုန်မုန်တိုင်းကြောင့် ရစရာမရှိအောင် ပျက်စီးကာ လူပေါင်းသိန်းချီ၍ သေဆုံးခဲ့သည်။ သို့အတွက် ဆန္ဒခံယူပွဲထက် လေးဘေးဒဏ်ခံခဲ့ရသော ပြည်သူများ အရေးကို ပိုမိုအာရုံ ဂရုစိုက်သင့်ကြောင့်နှင့် ဆန္ဒခံယူပွဲကိုရွှေ့ဆိုင်းသင့်ကြောင့် မြန်မာစစ်အစိုးရကို မေတ္တာရပ်ခံခဲ့သည်။ သို့သော် အရေးမစိုက်။ အာဏာတည်မြဲရေးအတွက် သူတို့ တဘက်သတ်ရေးဆွဲ ထားသော ဖွဲ့စည်းအုပ်ချုပ်ပုံကို အတည်ပြုရေးကိုသာ ဂရုစိုက်ခဲ့သည်။
ဆန္ဒခံယူပွဲပြုလုပ်သောအခါလည်း လွတ်လပ်မှုလည်းမရှိ၊ တရားမျှတမှုလည်းမရှိ၊ ယုတ်စွအဆုံး ပြည်သူလူထုကို ထောက်ခံမဲထည့်ခိုင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေသည် မည်သို့သော အရာဖြစ်သည် ကို သိရှိခွင့်မရ။ ပြည်သူများမှာ မျက်စိပိတ် နားပိတ်ခံရကာ မဲရုံများသို့သွားရောက်ပြီး အတင်းထောက်ခံ မဲ ထည့်ခိုင်းခံခဲ့ကြရသည်။
တိုင်းပြည်အာဏာကိုမလိုဟုပြောပြီး တိုင်းပြည်အာဏာကိုရရှိရန် နအဖ စစ်အုပ်စုသည် ကလိမ် ကကျစ် နည်းမျိုးစုံဖြင့်ကြိုးပမ်းသည်။ အယောင်ဆောင် ဆန္ဒခံယူပွဲကိုကျင်းပပြီး သူတို့အာဏာ ရရှိရေး အတွက် တဖက်သတ်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပေဒကို အတည်ပြုရန် အားသွန်ကြိုးပမ်း သည်။ ဤမျှထိ မိုက်ရိုင်းပြီး လူသားချင်း စာနာစိတ်ကင်းမဲ့သော အစိုးရသည် ကမ္ဘာပေါ်တွင်မရှိ။
မည်သို့ပင် နအဖစစ်အုပ်စုသည် ဆန္ဒခံယူပွဲတွင် လက်နက်အားကိုးဖြင့် အနိုင်ရရန် ကြိုးပမ်း ပါစေ။ ၎င်းတို့သည် ရှေ့ဆက်ရှင်သန်ရပ်တည်ရန် မဖြစ်နိုင်တော့ပေ။ မြန်မာပြည်သူတရပ်လုံးသာမက နိုင်ငံတကာကလည်း နအဖစစ်အုပ်စု၏ ရွံ့ရှာစက်ဆုတ်ဖွယ်လုပ်ရပ်များကို နဖူးတွေ့ဒူးတွေ့ မြင်တွေ့ နေရ၍ နအဖစစ်အာဏာရှင် အစိုးရသည် ဤကမ္ဘာမြေပေါ်တွင် တည်ရှိရန်မလိုအပ်တော့ဟု ဆိုသော အမြင်သည် ယခုအခါ ခိုင်ခိုင်မာမာတည်ရှိလာခဲ့ပြီဖြစ်သည်။ သို့အတွက် နအဖစစ်အုပ်စု၏ အနာဂတ် သည် မရှိတော့။“ပြည်တင်းရင် မင်းမခံနိုင်” ယခု “ကမ္ဘာပြည်သူတရပ်လုံတင်းလာပြီ။”နအဖ စစ်အုပ်စု ဘာလုပ်မည်လဲ။ နောင်တော် မဆလပါတီကဲသို့ ပျက်ပြုန်းသည့်လမ်းကို မကြာသောကာလတွင်ဆိုက် ရောက်ရတော့မည်ဖြစ်သည်။
Friday, June 13, 2008
အာဏာမလို၍ တော်သေးသည်။အာဏာကိုသာလိုခဲ့ပါလျှင်
Posted by Ashin dhamma at 6:08 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment