Sunday, June 15, 2008

နှောင်ဖွဲ့ရိပ်မြုံထဲမှ တိုက်ပွဲခေါ်သံ



အဲဒီလမ်းက အဲဒီရိပ်မြုံလေးမှာပဲ
ပြည်သူတွေအတွက် တိုက်ပွဲဝင်ရင်း

အရာရာကို အနစ်နာခံ
ပြည်သူတွေ အသာစံစေဖို့
ချွေးသွေးမပြောနဲ့ အသက်ကိုတောင် စွန့်လွှတ်ထားတဲ့
မေတ္တာဂရုနာရှင် အို… အမေရယ်။

အမှန်ဆို
ဒီအသက်အရွယ်မှာ
ပျော်ရွှင်စရာအတိ ဖြစ်နေရမယ်မဟုတ်လား
ဒါပေမယ့်… စိတ်မညစ်ပါနဲ့ အမေရယ်။

ပြည်သူကပေးတဲ့
မေတ္တာ၊ စေတနာတွေ
လက်ခုပ်သံတွေက ထောင်းထောင်းထ
မကြာခင်
အမေလိုချင်တဲ့ ပန်းတိုင် လှမ်းကိုင်နိုင်တော့မှာပါ။

အမေက ပြည်သူတွေကို
အေးမြတဲ့ ရေကြည်စစ်စစ်တိုက်ချင်သူမဟုတ်လား
ဒါကြောင့်
အမေ့မွေးနေ့
အနှစ်တရာမျှမက အနှစ်ရာသောင်းချီပါစေကြောင်း
ပြည်တွေက ဆုမွန်ကောင်း တောင်းရကြောင်းပါ…အမေ။

(၁၉-၆-၀၈ တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည့် မွေးနေ့အား အမှတ်တရ ရေးဖွဲ့သည်)

တပင်တိုင်

0 comments: