Saturday, June 7, 2008

တိုက်ပွဲဖေါ်ဆောင်မယ့် အဓိကဦးတည်ချက်

* (၁) နာဂစ် မုန်တိုင်း နောက်ဆက်တွဲဒဏ် ခံစားနေရသော ပြည်သူလူထုအခက်အခဲများ၊လိုအပ်ချက်များကို ကူညီဖြေရှင်းပေးရင်း၊
စစ်အာဏာရှင် နှင့် နောက်လိုက်အပေါင်းအပါများ၊၎င်းတို့ ဒေါက်တိုင် အင်အားစုများ၏ တာဝန်မဲ့မှု၊ရက်စက်မှု၊ကိုယ်ကျိုးရှာမှု၊ အာဏာအလွဲသုံးစားမှုကိုကာကွယ်ဖေါ်ထုတ်ဆောင်ရွက်ပေးခြင်း။

* (၂) အိုးအိမ်၊ဥယျာဉ်ခြံမြေ၊လယ်ယာအသိမ်းခံရသော(သို့) အတင်းအဓမ္မပြောင်းရွှေ့ခံရသော ဒေသခံလယ်သမားများ၊ပြည်သူများနှင့်တသားတည်းရပ်တည်တိုက်ပွဲဖေါ်ဆောင်ရန်။
* (၃) ယုံကြည်ချက်အရပြစ်ဒဏ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်၊ဦးခွန်ထွန်းဦး၊ကိုမင်းကိုနိုင်
တို့နှင့်အတူနိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး၊
* (၄) နိုင်ငံတ၀ှန်းပြည်သူလူထုတရပ်လုံးနေ့စဉ်ကြုံတွေ့နေရသော စားဝတ်နေရေး အခက်အခဲများကို ဥပဒေဘောင်အတွင်းမှတောင်းဆိုတိုက်ပွဲဝင်သွားရန် စည်းရုံး၊လှုံဆော်ခြင်း
စနစ်တကျလူထုတိုက်ပွဲအဆင့်ဆင့်ဖေါ်ဆောင်ခြင်း ။
* (၅)စစ်အာဏာရှင်စနစ် ကို ဖြုတ်ချပြီးစစ်မှန်သောတိုင်းရင်းသားလူမျိုးစုအခွင့်အရေးများ၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးများ အကောင်အထည်ဖေါ်ဆောင်နိုင်ရန် ယာယီ ပြည်သူ့အစိုးရတရပ်တင်မြှောက်နိုင်ရေး။




0 comments: