ပြည်သူ့ဘက်တော်သားတဦး သတင်းပေးပို့သည်
၁၃-၆-၀၈ ရက်နေ့က မုံရွာမြို့ ဘုန်းကြီးလမ်းထိပ် သုံးထပ်ဈေးရှေ့တွင် စာမေးပွဲဖြေဆိုအပြီး ဆိုင်ကယ်စီး ပြန်လာသည့် ကျောင်းသားတစ်ဦးကို အဓိကရုန်း နှိမ်နင်းရေး ရဲတပ်သားတစ်ဦးက ဦးထုပ်နှင့် ရိုက်သည့် အတွက် စီးလာသည့် ဆိုင်ကယ် တိမ်းမှောက်သွားပြီး ဗိုလ်ချုပ်လမ်းအလယ်ရှိ ယဉ်ကြောနှစ်ခုကို ခြားထားသည့် သံဇကာအား ခေါင်းနှင့်စောင့်မိခဲ့ကြောင်း သတင်းရရှိသည်။ သံဇာကာနှင့် စောင့်မိသည့် အရှိန်ကြောင့် ဘယ်ဘက်ဦးချိုစောင်း ၃ လက်မခန့် ဟက်တက်ကွဲသွားပြီး ဘယ်ဘက်လက်သန်းနှင့် လက်သန်းကြွယ်အရင်း ကျိုးသွားခဲ့သည်။
အဆိုပါ ကျောင်သား၏ အမဖြစ်သူက အခင်းဖြစ်ပွားသည်ကို မြင်သဖြင့် အပြေးအလွှား ရောက်ရှိလာပြီး ယာဉ်ထိန်းရဲများနှင့် စောင်ကြည့်နေသော လုံထိန်းရဲများအား အကူအညီတောင်းရာ အကူအညီ မပေးဘဲ တိမ်းရှောင် ထွက်ပြေးသွားခဲကြသည်ဟု သိရသည်။ နီးစပ်ရာ ဈေးသူဈေးသားများ အကူအညီဖြင့် ဒဏ်ရာရ ကျောင်းသားအား မုံရွာပြည်သူ့ဆေးရုံသို့ တင်ခဲ့ရပါသည်။ ရိုက်သည့်ရဲ၏ ပုံစံသည် အရပ်ရှည်ရှည် အသားဖြူဖြူ ပိန်ပိန်ပါးပါးဖြစ်ပြီး အဓိကရုန်း နှိမ်နှင်းရန်အတွက် ကျေက္ကာလမ်းရှိ ၀ါစက်ဝင်းအတွင်းတွင် စခန်းချနေသော ရဲများထဲမှ တဦးဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောဆိုသည်။ ထိုရဲများကို ယာဉ်ထိန်းရဲများက ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိမ်သိမ်းရာတွင် ကူညီရန်အတွက် တစ်ရက်လျှင် ငွေကျပ် (၁၀၀၀)ဖြင့် ငှားရမ်းထားခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ ရဲများသည် ဖမ်းဆီးရာတွင် ဥပဒေနှင့်အညီ ဖမ်းဆီခြင်း မဟုတ်ဘဲ နံပါတ်တုတ်များဖြင့် ရိုက်နှက်ခြင်း ဦးထုပ်များဖြင့် ရိုက်နှက်ခြင်းများ ပြုလုပ်နေသည်မှာ နှစ်လခန့် ရှိသွားပြီ ဖြစ်ပါသည်။ အရိုက်ခံရသည့် ကျောင်းသား၏ အမည်မှာ မောင်အောင်ကောင်းဖြစ်ပြီး စီပွားရေးတက္ကသိုလ် ဒုတိယနှစ် စီးပွားရေးမေဂျာတွင် ပညာသင်ကြားနေသည့် ကျောင်းသားတစ်ဦး ဖြစ်ပါသည်။
ဒေါက်တာလွဏ်းဆွေမှတင်ပြသည်။
Saturday, June 14, 2008
မုံရွာတွင် ဆိုင်ကယ်စီးသူများကို ဥပဒေမဲ့ ရိုက်နှက်ဖမ်းဆီးမှုများ ပြုလုပ်
Posted by Ashin dhamma at 3:13 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment