Friday, May 23, 2008

သန်းရွှေအုပ်စုကို နိုင်ငံတကာတရားရုံးတွင် လူအများကိုအဓမ္မဖျက်ဆီးမှုဖြင့် တရားစွဲသင့်

နာဂစ်မုန်တိုင်းကြောင့် သေကြေပျက်စီးမှုများကို ထိရောက်စွာ ကြိုတင်မကာကွယ်ခြင်း၊ ကယ်ဆယ်ကူညီရေးလုပ်ငန်းများတွင်လည်း နှောင့်နှေးပျက်ကွက်ခြင်းတို့ကြောင့် စစ်အစိုးရတွင် တာဝန်ရှိကြောင်း၊ ရာဇ၀တ်မှုကျူးလွန်ရာ ရောက်ကြောင်း ဥရောပသမဂ္ဂက ကြေညာချက်ထုတ်ပြန်လိုက်သည်။

နိုင်ငံတကာ အကူအညီများကို ချွင်းချက်မရှိ လက်ခံသင့်ကြောင်း၊ ပျက်ကွက်ပါက နိုင်ငံတကာတရားရုံးတွင် မြန်မာစစ်အစိုးရကို ရာဇ၀တ်ကြောင်းဖြင့် တရားစွဲဆို အရေးယူသင့်ကြောင်း သဘောထားကို ထောက်ခံမဲ အများနှင့် အတည်ပြုနိုင်ခဲ့သည်။ ထိုသဘောထားမှာ အကြံပြုထုတ်ပြန်ချက်အဆင့်သာ ဖြစ်ပြီး လက်တွေ့လုပ်ဆောင်မည့် သဘောတူညီချက်အဆင့်သို့ မရောက်သေးပေ။


0 comments: