Sunday, May 4, 2008

ယနေ့ (၄၊ ၅၊ ၂၀၀၈) ညနေ (၄)နာရီတွင် အပတ်စဉ် ပြုလုပ်နေကျ ဆုတောင်းပွဲနှင့် မစိုးရိမ်ဆရာတော် ဘုရားကြီးအတွက် အောက်မေ့ဖွယ်ရာ အခမ်းအနား ကျင်းပမည်

4-05-2008
ကိုလံဘိုမြို့တော်၊ သီရိလင်္ကာနိုင်ငံ (မေလ ၄-ရက်၊ ၂၀၀၈ တနင်္ဂနွေနေ့)
အပြည်ပြည်ဆိုင်ရာ သာသနာ့ဥသျှောင်အဖွဲ့ခွဲ သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များသည်
ယနေ့ ညနေ (၄) နာရီတွင် မကုဋာရာမမြန်မာကျောင်း၊ ဗောဓိပင်အောက်၌ စက်တင်ဘာ “ရွှေဝါရောင် တော်လှန်ရေး” တွင် အသက်ပေးလှူခဲ့ကြသော ရဟန်း၊ရှင်၊ လူ ပြည်သူများအတွက် ဆုတောင်းပွဲအပြင် ဘ၀နတ်ထံ ပျံလွန်တော်မူသော သာသနမောဠိ ပဓာနာစေရ မစိုးရိမ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကောဝိဒ-အတွက်ပါ အောက်မေ့ဖွယ်ရာအခမ်းအနားနှင့် ဆုတောင်းပွဲအခမ်းအနားကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့်
အခမ်းအနားအစီအစဉ်မှာ.....
၁။ နမောတဿ (၃)ကြမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ရန်။
၂။ ကြွရောက်လာကြသော သံဃာတော်များက မေတ္တာပို့၊ ဆုတောင်း၊ အမျှပေးဝေကြရန်။
၃။ သာသနမောဠိ ပဓာနာစေရ စိုးရိမ်ဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိကို ဖတ်ကြားရန်။
၎။ ဆရာတော်ဘုရားကြီးအား ၀န်ချတောင်းပန် ကန်တော့ကျိုးဂါထာဖြင့် ရှိခိုးကန်တော့ရန်။
၅။ ကြွရောက်လာကြသော သံဃာတော်များက ကမ္ဘာသူ၊ ကမ္ဘာသားအပေါင်း၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ဘေးရန်ခပ်သိမ်း ကင်းဝေးစေရန်နှင့် စစ်အာဏာရှင်စနစ်ဆိုးအောက်မှ အမြန်ဆုံးလွတ်မြောက်ရန် ဆုတောင်းမေတ္တာပို့ကြရန်။
၆။ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းရန်။
၇။ ကြွရောက်လာကြသော သံဃာတော်များအား ညနေအဖျော်ဖြင့် ဆက်ကပ်ရန်။
၎င်းအခမ်းအနားသို့ မည်သူမဆို တက်ရောက်နိုင်ကြောင်းလည်း သိရသည်။
(MSMA)


0 comments: