PDF Print E-mail
ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ မေလ 07 2008 18:24 - မြန်မာစံတော်ချိန်
မြန်မာပြည်သူများနှင့် သံဃာတော်များဘက်တွင် မားမားမတ်မတ် ရပ်တည်ပေးရန် နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးများထံ သာသနာဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ (ထိုင်းနိုင်ငံ) က ယမန်နေ့ တိုက်တွန်းလိုက်သည်။
ယနေ့အချိန်တွင် ဆရာတော်ကြီးများ အနေနှင့် မင်းနှင့် ရင်းနှီး ကျွမ်းဝင်သည့် ရာဇ၀လ္လပ အဖြစ်ဆိုးမှ ရုန်းထွက်၍ သာသနာအတွက် တိုင်းပြည်ကို ကယ်တင်ပေးပါရန် တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
“ဧပြီလ ၂၇၊ ၂၈ နေ့တွေမှာ သံဃာတွေကို ကားပေါ်ကနေ အတင်းဆွဲချပြီးတော့ ဘုရားပေါ် မတက်ရအောင် အတင်းအဓမ္မ ပိတ်ဆို့တယ်၊ ဖမ်းဆီးတယ်၊ ထောင်ထဲ အကျဉ်းချတယ်။ အဲလိုဖြစ်တာကို သံဃာ့ နာယကအဖွဲ့ ဆရာတော်အနေနဲ့ အာဏာပိုင်တွေကို ပြောပြခြင်း မရှိဘူး၊ ဘာမှ ရပ်တည်ပေးခြင်း မရှိဘူး။ အဲဒါကို သံဃာ့နာယကအဖွဲ့က စာနာထောက်ထားကာ ပြည်သူတွေဘက်က ရပ်တည်ပေးဖို့ တိုက်တွန်းတာပါ” ဟု အဖွဲ့ ဒု-ဥက္ကဌ အရှင်ပညာသာမိက မိန့်ကြားသည်။
အိတ်ဖွင့် လျှောက်ထားချက်တွင် နအဖ အာဏာရှင်များက ဗုဒ္ဓရုပ်ပွားတော်များ ဖျက်ဆီးခြင်း၊ သာသနိက ကျောင်းတော်များကို ပိတ်ပင်တားဆီးခြင်း၊ အထွဋ်အမြတ်ထားသည့် ရွှေတိဂုံဘုရား ရင်ပြင်တွင် သံဃာများ၏ သွေးမြေကျခြင်း၊ သံဃာတော်များကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီး အကျဉ်းချခြင်းတို့ကြောင့် ယခုကဲ့သို့ မြန်မာပြည်ကြီး ကပ်ကြီး ၃ ပါး ဆိုက်ရောက်ပြီး မုန်တိုင်းဒဏ်သင့်ကာ ဆင်းရဲဒုက္ခ ရောက်နေကြရကြောင်း ရေးသားထားသည်။
ထို့အပြင် မြန်မာ့သာသနာတွင် အတိတ်သမိုင်းမှ မင်းသြ၀ါဒ အပူဇော်ခံ ဆရာတော်ကြီးများ ပေါ်ထွန်းခဲ့ပြီး မင်းတို့အား မကောင်းမှုကို တားမြစ်၍ ကောင်းမှုကို ညွန်ပြနိုင်ခဲ့သည်ဟု ထောက်ပြထားသည်။
အရှင်ပညာသာမိက ပြီးခဲ့သည့်လ ၂၆၊ ၂၇၊ ၂၈ ရက်နေ့များတွင် သာသနာ့ ဥသျှောင်မှ သံဃာများနှင့် ပြည်သူများက နအဖ၏ ဆန္ဒခံယူပွဲကို ကန့်ကွက်ရန်အတွက် လူထုလှုပ်ရှားမှု စတင်ရန် တိုက်တွန်းပြီးနောက် နအဖ စစ်အစိုးရမှ သံဃာတော်များကို ဖမ်းဆီးခဲ့ရာ အပါး ၃၀ ခန့် ရှိခဲ့သည်ဟု ဆိုသည်။
“စစ်အာဏရှင်တွေက ရွှေတိရုံဘုရား ရင်ပြင်မှာကို သံဃာတွေကို ရိုက်တယ်၊ သတ်တယ်။ သံဃာတွေကို ရိုက်တာ၊ အကျဉ်းချထားတဲ့ အပြစ်တွေဟာ အင်မတန်မှ ကြီးတယ်။ ဒါကြောင့် မုန်တိုင်း သဘောဝ ဘေးအန္တရာယ် ခံနေရတယ်။ ဗုဒ္ဓဘာသာအနေနဲ့ သံဃာ သူတော်ကောင်းတွေကို ဖျက်ဆီး တိုက်ဖျက်ရင် ဘေးဒဏ်ဆိုတဲ့ မိုးဒဏ်၊ လေဒဏ်၊ မီးဒဏ်ဆိုတဲ့ ကပ်သုံးပါးဟာ ကျရောက်နေပါတယ်။ ပြည်သူလူထု အတိဒုက္ခ ရောက်နေရတယ်။ ဒါကြောင့် သံဃာ့ နာယက ဆရာတော်ကြီးတွေ အနေနဲ့ သံဃာတွေနဲ့ ပြည်လူထုဘက်မှ မားမား ရပ်တည်ပြီးတော့ ပြောဆို တိုက်တွန်းပေးဖို့ လိုနေပြီ” ဟု အရှင်ပညာသာမိက ဆက်လက် မိန့်ကြားလိုက်သည်။type your sumary here
Wednesday, May 7, 2008
သံဃာ့ မဟာနာယက ဆရာတော်ကြီးများ ပြည်သူနှင့် ပူးပေါင်းရန် တိုက်တွန်း
Posted by Ashin dhamma at 7:41 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment