Thursday, May 22, 2008

ကုလအတွင်းရေးမှူးချုပ်နှင့်မုန်တိုင်းသင့်ဒေသခရီးစဉ်



ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မစ္စတာဘန်ကီမွန်းဟာမနေ့ကဧရာဝတီတိုင်းမြစ်ဝကျွန်း ပေါ်ဒေသကကျုံဒါးဟန်ပြဒုက္ခသည်စခန်းကိုကြည့်ရှု့စစ်ဆေးဖို့နအဖသူတောင်းစားများကလိုက်လ
ံပို့ဆောင်းပေးခဲ့ကြပါတယ်။အဲဒီဟန်ပြဒုက္ခသည်စခန်းဟာစနေနေ့ကသံတမန်တွေကိုဗြောင်လိင်
ပြသခဲ့တဲ့စခန်းလို့မစ္စတာဘန်ကီမွန်းနဲ့အတူလိုက်ပါသွားတဲ့ကလသမဂ္ဂအရာရှိတစ်ဦးက ပြောပါတယ်။အဲဒီဒုက္ခသည်စခန်းတွေကိုမစ္စတာဘန်ကီမွန်းပြန်သွားပြီးတဲ့နောက်အားလုံးဖျက်သိမ်း
ဖို့သူတောင်းစားများကညွန်ကြားထားတယ်လို့သိရပါတယ်။မိသားစုဆုံးရှုံးသွားတဲ့အမျိုးသမီးတစ်
ယောက်ကိုသာလျှင်မစ္စတာဘန်ကီမွန်းကအားပေးစကားပြောကြားခဲ့ပါတယ်။သူသိပ်စိတ်မ
ကောင်းဖြစ်မိပါကြောင်း၊မျော်လင့်ချက်တွေကိုလက်မလျှော့ကြဖို့နဲ့လိုအပ်နေတဲ့အကူ
အညီတွေအတွက်ကုလသမဂ္ဂကလာရောက်နေပါပြီလို့ပြောပြီးတော့တစ်ကမ္ဘာလုံးကလည်း
မြန်မာနိုင်ငံကိုကယ်တင်ဖို့ကြိုးစား နေပါတယ်လို့ပုံပြင်တစ်ပုဒ်ကို
ပြောပြခဲ့ပါတယ်။

နအဖရဲ့ကျံဒါးဟန်ပြဒုက္ခသည်စခန်းမှာနအဖရဲ့ဗိုက်ဖြည့်စွမ်းအင်ဝန်ကြီးလွမ်းသီဆိုတဲ့သူကကြိုဆိုခဲ့ပါတယ်။
ဘာတစ်ခုမှလုပ်မပေးသေးတဲ့ဒုက္ခသည်ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ပြီးပြီမို့ နိုင်ငံဟာပုံမှန်အတိုင်းပြန်လည်ရောက်ရှိလာတော့မယ်လို့ဘာမှမသိနားမလည်တဲ့
လွန်းသီဆိုတဲ့သတ္တ၀ါကဗြောင်လိင်ခဲ့ကြောင်းသတင်းမှာဖော်ပြထားပါတယ်။

စပါးခင်းတွေဆားငန်ရည်ဝင်လို့ဖျက်ဆီးခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီး
မစ္စတာဘန်ကီမွန်းကမေးမြန်းရာမှာဦးဏှောက်မရှိဘာတစ်ခုမှနားမလည်တဲ့သူတောင်းစား များအဖွဲ့ကဒါဟာဖြစ်ရိုးဖြစ်စဉ်လို့ပြောပြီးစပါးခင်းတွေဟာရေငန်ကိုခံနိုင်ရည်စွမ်းရှိတယ်
လို့ရမ်းရွှီးထုတ်ခဲ့ကြပါတယ်။နအဖဟာကုလသမဂ္ဂရဲ့ဝင်းပြောင်နေတဲ့ဒေါ်လာတွေကိုသားရေးတမျှ မျှဖြစ်နေကြပြီးပျော့ပြောင်းတဲ့လက္ခဏာတွေပြသနေတယ်လို့မစ္စတာဘန်ကီမွန်းကသတင်း ထောက်တွေကိုပြောကြားခဲ့ပါတယ်။မစ္စတာဘန်ကီမွန်းဟာမြစ်ဝကျွန်းပေါ်ဒေသကိုမထွက်ခွါမှီ နအဖ၀န်ကြီးဆိုသူသိန်းစိန်နဲ့လည်းတွေ့ဆုံခဲ့ပါတယ်၊နိုင်ငံတကာကယ်ဆယ်ရေးကျွမ်းကျင်သူ တွေကိုမုန်တိုင်းသင့်ဒေသသို့သွားခွင့်မရလို့စိတ်ပျက်တဲ့အကြောင်းတွေ၊သဘာဝဘေးအန္တ ရာယ်ကြောင့်ပျက်စီးဆုံးရှုံးမှု့ပမာဏအတိုင်းအတာဟာမြန်မာတစ်နိုင်ငံတည်းကကိုင်တွယ်နိုင် စွမ်းလက်လှမ်းမမီတာမို့နိုင်ငံတကာအထောက်အပံ့တွေလိုတယ်လို့မစ္စတာဘန်ကီမွန်းက ၀န်ကြီးချုပ်သိန်းစိန်ဆိုသူကိုပြောဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ်သိန်းစိန်ဆိုသူကတော့မစ္စတာဘန်ကီမွန်းနေနဲ့စိတ်ပျက်လျှင်တရားများများ
ထိုင်သင့်ကြောင်း၊ကယ်ဆယ်ရေးအပိုင်းကတော့မုန်တိုင်းသင့်ပြည်သူတွေကိုပန်ကန်ပြားနှင့်
မတ်ခွက်တစ်ခုစီပေးဝေပြီးဖြစ်သည့်အတွက်ကြောင့်ပြီးစီးသွားပြီဖြစ်ကြောင်း၊ပြန်လည်
ထူထောင်ရေးလုပ်ငန်းတွေကိုတော့ကျွန်တော်တို့နအဖအဖွဲ့အတွက်သာလျှင်စတင်
လုပ်ဆောင်တော့မည်ဖြစ်ကြောရှင်းလင်းပြောကြားခဲ့ပါတယ်၊မစ္စတာဘန်ကီမွန်းက
ပြောကြားချက်များအားလုံးကိုမှတ်တမ်းတင်ထားခဲ့ပြီးမြန်မာငါးရံ့ခြောက်ဖုတ်နှင့်
ရေနွေးကြမ်းကိုစားသောက်၍ပြန်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

ဘန်ကီမွန်းကိုယ်ရေးအရာရှိ
၂၂.၀၅.၂၀၀၈



0 comments: