Tuesday, May 6, 2008

သက်ဆိုင်ရာသို့ အထူးတိုက်တွန်း မေတ္တာရပ်ခံချက်

သို့

သက်ဆိုင်ရာ အဖွဲ့အစည်းများ
ရက်စွဲ- ၀၆၊ ၀၅၊၂၀၀၈ အင်္ဂါနေ့

သဘာဝကပ်ဘေးကြီးကြောင့် ယနေ့ မြန်မာနိုင်ငံသည် အဆိုးဝါးဆုံး အခြေအနေတွင်ကျရောက်နေ ပါသည်။ ဤအခြေအနေဆိုးအောက်တွင် ရောက်ရှိနေကြသော ပြည်သူများသည် ခိုကိုးရာမဲ့ ဖြစ်နေကြရပါ သည်။ ထိုပြည်သူများကို ကူညီရန် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း အသီးသီး၏ အထောက်အပံ့များ အရေးတကြီိး လိုအပ်နေပါသည်။ ထို့အပြင် သဘာဝကပ်ဆိုးကြီးပြီးသွားသော်လည်း ရေကောင်းရေသန့် မရရှိခြင်း၊ အစားအသောက်ပြတ်လပ်ခြင်း၊ ကူးစက်ရောဂါများ ထူပြောခြင်း-စသည့် မခန့်မှန်းနိုင်သော ဆိုးကျိုးများ ဆက်လက်ဖြစ်ပေါ်လာဦးမည်မှာ ဧကန်မုချပင် ဖြစ်ပါသည်။ ထိုအန္တရာယ်ဆိုးတို့မှ အတတ်နိုင် ဆုံး ကာကွယ်နိုင်ရန်အတွက် နိုင်ငံတကာအကူအညီများ အထူးလိုအပ်ပါသည်။
နိုင်ငံတကာ သတင်းများအရ အချို့သောနိုင်ငံများက ကူညီရန်ကမ်းလှမ်းသည်-ဟု ကြားသိရပါ သည်။ အရောင်အသွေး အယူအဆတွေ မကြည့်ပဲ လိုအပ်သည့် အကူအညီများကို လက်ခံပါရန် သက်ဆိုင် ရာ အဖွဲ့အစည်းအသီးသီးသို့ အထူးမေတ္တာရပ်ခံအပ်ပါသည်။
ဖြစ်နိုင်မည်ဆိုလျှင် အစိုးရအဖွဲ့အစည်းအပြင် ပြည်တွင်းမှာ သီတင်းသုံးကြသည့် အများ၏ ကြည်ညိုလေးစားမှုခံရသော သံဃာတော်များကနေတဆင့် သို့မဟုတ် အများအကျိုးအမှန်သည်ပိုးသည့် နာရေးကူညီမှုအသင်းစသည့် အသင်းမျိုးတို့မှတဆင့် အထောက်အပံ့ပစ္စည်းတွေကို လက်ခံပြီး မျှတစွာ ခွဲဝေပေးနိုင်မည်လျှင် ကူညီကြသည့် အဖွဲ့အစည်း အသီးသီိးလည်း ကျေနပ်လက်ခံနိုင်မည်-ဖြစ်သကဲ့သို့ ထိုသို့ ပြုလုပ်ခြင်းဖြင့် ဒုက္ခရောက်နေကြသည့် ပြည်သူများကိုလည်း အမှန်တကယ်ကူညီရာ ရောက်မည်-ဟု ယုံကြည်ပါသည်။
ယခု ဖြစ်ပေါ်နေသည့်အရေးသည် တဦးတယောက်၊ အဖွဲ့အစည်း တခုထည်းဖြင့် ဆောင်ရွက်နိုင် မည့်အရေး မဟုတ်သဖြင့် စုပေါင်း၍ လုပ်ဆောင်ကြရန် အရေးကြီးပါသည်။ ကမ်းလှမ်းလာသည့် မည်သည့် အဖွဲ့အစည်းကိုမဆို အမျိုးသားရေးကို ကြည့်ကာ လက်ခံရမည့် အချိန်ကာလဖြစ်ပါသည်။ ထို့ကြောင့် သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များအနေဖြင့် အဖွဲ့အစည်းအသီးသီးသည် ညီညွတ်စွာ လက်တွဲ၍ ယခုလက်ရှိဖြစ်ပေါ်နေသည့် တိုင်းပြည်၏အကျပ်အတည်း အခက်အခဲများကို ရင်ဆိုင်ဖြေရှင်း ပေးပါရန် မေတ္တာရှေ့ထားကာ အထူးတိုက်တွန်းအပ်ပါသည်။

သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့

Type the rest of your post here.

0 comments: