Friday, May 2, 2008

မဝေးတော့သည့်အနာဂတ်ကာလတစ်ခုဝယ်

လူတိုင်းဒီမိုကရေစီလိုချင်ကြတယ်၊ဒီမိုကရေစီရဲ့အရသာကိုလူတိုင်းခံစားချင်ကြတယ်၊
နှစ်သက်ကြတယ်ဘဲဆိုကြပါစို့၊သို့သော်ဒီမိုကရေစီမှန်သမျှဘယ်သောအခါမှအလွယ်တကူ
ရရိုးထုံးစံမရှိခဲ့၊ခက်ခက်ခဲခဲအသက်သွေးချွေးမြောက်များစွာပေးဆပ်မှသာရရှိနိုင်မည်ဖြစ်
ပေသည်၊ဘာကြောင့်နည်းဟုမေးစရာရှိပါသည်၊ဒီမိုကရေစီသည်တန်ဘိုးရှိသောကြောင့်ဟုရိုးရှင်းစွာဖြေဆိုရပါမည်၊
ဒီနေ့မြန်မာနိုင်ငံသူ/သားတွေပြည်တွင်းမှာရောပြည်ပမှာပါဒီမိုကရေစီအတွက်
တိုက်ပွဲဝင်နေကြတယ်၊တိုက်ပွဲဝင်သည့်နေရာမှာပါးစပ်ဖြင့်တိုက်ပွဲင်နေရုံနှင့်မပြီးတော့၊ အမှန်တကယ်လက်တွေ့ကျကျတိုက်ပွဲင်မှသာဒီမိုကရေစီပန်းတိုင်သို့အမြန်ဆုံးရောက်ရှိနိုင်မည်ဖြစ်ပေသည်၊
ယနေ့မြန်မာပြည်ကြီး၏ဒီမိုကရေစီလမ်းခရီးသည်အမျိုးသားနိုင်ငံရေးအသွင်သဏ္ဌာန် ဖြင့်သွားရမည့်အချိန်အခါသို့ရောက်ရှိနေပြီဖြစ်သည်၊ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းကြိုးပမ်းအားထုတ်၍
လုံလောက်သည့်အခြေအနေမျိုးမဟုတ်တော့ပေ၊ဒီမိုကရေစီရရှိရေးအတွက်လူ တိုင်းမှာ
တာဝန်အပြည့်ရှိပေသည်၊စစ်အာဏာရှင်စနစ်ဆိုးကြီး အမြစ်ပြတ်အဆုံးသတ်ရေး အတွက်အားလုံးလုပ်ဆောင်ကြရမည်ဖြစ်ပေသည်၊လုပ်ဆောင်သည့်နေရာမှာ မိမိကိုယ်ကိုယ်မိမိအားကိုးကြဘို့လိုပေသည်၊ရေသာခိုအချောင်စီးသည့်စိတ်ဓာတ်မျိုး
ကိုဖယ်ရှားပစ်ဖို့အရေးကြီးသည်၊အခြေအနေကောင်းမှလုပ်မည်ဆိုသည့်စိတ်ဓာတ်မျိုး၊
ကိုယ့်အတွက်အကျိုးရှိမှအမြတ်ရမှလုပ်မယ်ဆိုသည့်အောက်တန်းကျသည့်စိတ်ဓာတ်တွေကိုဖယ်ရှား
သုတ်သင်ပစ်ကြရပေမည်၊ဒီမိုကရေစီအကြောင်းကို
လူတိုင်းတော်တော်များများအာဘောင် အာရင်းသန်သန်ဖြင့်ပြောဆိုတတ်ကြသည်၊
ပြောသည့်အတိုင်းလုပ်သည့်သူမှာလွန်စွာမှရှားပါးနေသေးသည်၊လက်တွေ့ကျကျပြောဆို၍
ပြောသည့်အတိုင်းလက်တွေ့အကောင်အထည်ဖော်ဘို့လွန်စွာမှအရေးကြီးပေသည်၊
ဒီမိုကရေစီ၏သဘောတရားသည်လက်တွေ့ဖြစ်သည်၊ စိတ်ကူးယဉ်နေရုံအိပ်မက်မက်နေရုံဖြင့်ပြီးသွားလိမ့်မည်မဟုတ်၊စိတ်ကူးယဉ်မှုသည်စိတ်ကူး သက်သက်သာဖြစ်နိုင်သလိုအိပ်မက်သည်လည်းအိပ်မက်အဖြစ်နှင့်သာပြီးဆုံးသွားပေလိမ့်မည်၊
နောက်တစ်ခုရှိသေးသည်၊ဒီမိုကရေစီသည်ဝေ့လည်ကြောင်ပတ်လုပ်ရသည့်ကိစ္စမျိုးမဟုတ်သလိုpersonalကိစ္စမျိုးလည်းမဟုတ်ပေ၊ဒါကိုလဲသဘောပေါက်ဖို့လိုပေသည်၊personalမျိုးလုပ် သည့်ဒီမိုကရေစီသည် personalဒီမိုကရေစီသာဖြစ်ပြီးအများနှင့်သက်ဆိုင်သည့်ဒီမိုကရေစီမျိုး ဘယ်တော့အခါမှဖြစ်လာနိုင်မည်မဟုတ်ပေ၊ဒီမိုကရေစီသည်တစ်ဦးတစ်ယောက်တည်းနှင့်မ သက်ဆိုင်၊အားလုံးနှင့်သက်ဆိုင်သောအလုပ်ဖြစ်သည်ဟုရှေ့မှာဆိုခဲ့ပြီးဖြစ်သည်၊တစ်ဦးနှင့် တစ်ဦးတစ်နိုင်ငံနှင့်တစ်နိုင်ငံပူးပေါင်းဆောင်ရွက်လုပ်ကိုင်ဆောင်ရွက်ခြင်းကိုပင်ဒီမိုကရေစီဟု ခေါ်သည်၊မိမိသာလျှင်အသိမိမိသာလျှင်အတတ်ကြီးလုပ်၍
လုပ်ကိုင်ခြင်းမျိုးသည်ဘယ်သောအခါမှဒီမိုကရေလမ်းကြောင်းပေါ်သို့ရောက်ရှိလာနိုင်မည်မ ဟုတ်ပေ၊
လူသားတို့သည်မွေးဖွားလာစဉ်ကဘာကိုမှသိခဲ့ကြသည်မဟုတ်သလိုဘာကိုမှလဲတတ်ခဲ့ကြသည်မဟုတ်ပေ၊ နောက်မှတစ်ဖြေးဖြေးသင်ရင်းတတ်သိလာကြသူများသာဖြစ်သည်၊မိမိကသူများထက်ပိုသိ တယ်ဆိုရင်မိမိထက်မသိသေးတဲ့လူတွေကိုသိရှိနားလည်သဘောပေါက်အောင်ပြောဆိုရှင်း လင်းပြသကြရပေမည်၊ဒါကိုအသိဥာဏ်ပညာဗဟုသုတတိုးပွားအောင်ဖြန့်ဝေပေးခြင်းဟုခေါ်ပေသည်၊မိမိလောက်မသိသေးတဲ့သူတွေကိုကြည့်ပြီးဘာမှစောက်သုံးမကျတဲ့ကောင်တွေ
ဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုပြီးငါမှငါထင်နေကြဦးမည်ဆိုလျှင်မြန်မာပြည်ကြီးသည်ဒီမိုကရေစီနှင့်
အလှမ်းကွာဝေးနေဦးမည်ဖြစ်သည်၊ဒါကြောင့်ဒီမိုကရေစီလိုချင်တယ်ဆိုလျှင်ငါဆိုတဲ့အတ္တတွေကိုလျှော့ကြပါ၊
ငါသာလျှင်အသိငါသာလျှင်အတတ်၊ငါသာလျှင်ဦးဆောင်နိုင်သည်ဆိုသည့်စိတ်ဓာတ်တွေကိုလျှော့ကြပါ၊
ငါကတော့အမြဲတမ်းနောက်လိုက်ဘဲဆိုသည့်ပျော့ညံ့သည့်စိတ်ဓာတ်တွေကိုလဲဖျောက်ဖျက်ကြပါ၊
လူတိုင်းလူတိုင်းမှာစွမ်းဆောင်နိုင်သည့်အရည်အချင်းတစ်ခုစီတော့ရှိကြပါသည်။တစ်ဦးကိုတစ်ဦးတန်ဘိုးထားလေးစားပြီး
ယုံယုံကြည်ကြည်သစ္စာရှိရှိလက်တွဲ၍အာဏာရှင်လူတစ်စုကိုမိမိစွမ်းနိုင်သည့်ဖက်ကနေတိုက်ခိုက်သွားကြမည်ဆိုလျှင
်မဝေးတော့သည့်အနာဂတ်ကာလတစ်ခုမှာ...


တက္ကသိုလ်မြတ်မင်းသွေး
03,05,2008

0 comments: