Type your summary here. သတင်း - သားကျော် (PMV)
လွန်ခဲ့သောအပါတ် သောကြာနေ့ နှင့် စနေနေ့တွင် တိုင်းနှင့်ပြည်နယ် ၅ခုတွင် တိုက်ခတ်သွားသော နာဂစ် ဆိုင်ကလုံးကြောင့် အနည်းဆုံး လူပေါင်း၁၅၀၀၀ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် သေဆုံးခဲ့သည်ဟု မြန်မာစစ်အစိုးရမှာ တနင်္လာနေ့ ညနေပိုင်းတွင် ကြေညာသည်ဟု ဆင်ဟွာသတင်းဋ္ဌာနတွင် ဖေါ်ပြထားသည်။
ဧရာဝတီတိုင်း ဘိုကလေးတွင် လူပေါင်း ၁၀၀၀၀ ကျော်၊ လပွတ္တာတွင် အနည်းဆုံးလူ ၁၀၀၀ သေဆုံးခဲ့သည်။ ဧရာဝတီတိုင်း၌ လူပေါင်း၃၈၈၀သေဆုံးခဲ့ပြီး၊ ဘိုကလေး နှင့် လပွတ္တာတွင် ၂၀၊ ရန်ကုန်တွင် ၅၉ယောက်ဟု အစောပိုင်း ထုတ်ပြန်ချက်များတွင် ဖေါ်ပြသော်လည်း၊ ပြည်တွင်းမှ လာသောသတင်းများအရ ဧရာဝတီတိုင်းတွင် လူပေါင်း၂၃၇၅ နှင့် ရန်ကုန်တိုင်းတွင် ၅၀၄ယောက် ပျောက်ဆုံးနေသည်ဟု ဆိုသည်။
Tuesday, May 6, 2008
ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတွင် လူပေါင်း၁၅၀၀၀ကျော် သေဆုံး
Posted by Ashin dhamma at 12:24 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment