မး။ ။ ဖြစ်တဲ့နေ့ကစပြီးတော့ အခုလက်ရှိကာလအထိ အခြေအနေ ဘယ်လိုရှိလဲဆိုတာ အရင်ပြောပြပါ။
ဖြေ။ ။ ကျနော်တို့က မေလ ၇ ရက်နေ့ကနေစပြီးလုပ်တာ ဒီနေ့မနက်အထိ လုပ်နေကြတယ်။ ရောက်တာလည်း မြို့အကုန်ကုန်ပြီ၊ ငပုတောတမြို့ဘဲမရောက်သေးတာ … ဒါလည်း ကျနော်သာမရောက်တာ ကျနော်တို့အဖွဲ့က ရောက်ပြီးသွားပြီ။ အဲဒီအပြင် ကျနော်တို့အဖွဲ့က ဘယ်လိုနေရာတွေရောက်လဲဆိုတော့ ဘာအကူအညီမှ မရသေးတဲ့ ရွာပေါင်း ၄၂ ရွာ ရောက်ပြီးပြီ၊ ဒေးဒရဲအပိုင်ထဲမှာရှိတယ်၊ စပါးဒိုင်တွေကို စုထားတဲ့ရွာ … ကျေးရွာအစုကြီး ၃ စု။
ဘိုကလေးအပိုင်ထဲမှာလည်း ကျေးရွာအစုကြီး ၃ စု … အဲဒါမျိုးတွေကို ကျနော်တို့အရောက်သွားတယ်။ အဲဒီရွာတွေ ၄၂ ရွာရှိတယ်၊ ဘာအကူအညီမှမရကြသေးဘူး။ နိုင်ငံတော်အဆင့်ကပေးတဲ့ အကူအညီတင် မဟုတ်ဘူး … ယူအန်ဆီကလည်းမရဘူး၊ ဘယ်အန်ဂျီအိုမှလည်း မရောက်ကြသေးဘူး။
မေး။ ။ အဲဒီနေရာတွေမှာ ဘာတွေတွေ့ခဲ့သလဲ၊ လူတွေဘယ်လောက်သေသလဲ၊ ဘာအကူအညီတွေ လိုအပ်နေသလဲ၊ ရွာတွေ ဘယ်လောက်ပျက်သွားတယ်ဆိုတာကို ပြောပြနိုင်မလား ခင်ဗျ။
ဖြေ။ ။ ကျနော် ဥပမာတခုပြောပြမယ်။ မငေးကြီးဒိုင်နယ်ဆိုရင် အိမ်ခြေတထောင်ရှိတယ် … အဲဒီတထောင်မှာ ၇၀၀ က ဘာမှမကျန်အောင်ကို လုံးဝပျက်စီးသွားတယ်။ အိမ်ခြေ ၃၀၀ က တိုင်လောက်၊ အခင်းလောက် ကျန်တယ်။ လူ ၂၂၁ ယောက်သေတယ်၊ ၃၀၀ က ပျောက်နေတုန်းပဲ အခုအထိရှာမတွေ့သေးဘူး၊ ဘယ်ရောက်နေမှန်းလည်း မသိဘူး။
ကျနော်တို့ရောက်တဲ့ ၂၂ ရက်နေ့အထိ အလောင်းတွေက ချောင်းထဲမှာဒီအတိုင်းရှိနေတုန်းပဲ။ အစိုးရကပေးတဲ့ ဆန် နို့ဆီဘူး ၇ လုံးနဲ့ စေတနာရှင်တယောက်ကလာလှူတဲ့ ခေါက်ဆွဲခြောက်တထုပ်ဆီ ရတယ်၊ အဲဒါကလွဲရင် ဘာမှမရကြသေးဘူး။ အဲဒါ မုန်တိုင်းအလွန် ရက် ၂၀ အကြာ …။
ပြီးခဲ့တဲ့ ၂၈ ရက်နေ့က ကျနော်တို့ ဘိုကလေးကနေပြီးတော့ တင်မောင်းချောင်း၊ ကြိမ်စု၊ ထိပ်ချောင်းကြီးကျေးရွာ၊ ကန်စု၊ ရွှေဘိုစု … အဲဒီနေရာတွေကိုရောက်တယ်။ အဲဒီနေရာမှာရှိတဲ့ လူတွေအားလုံးက ဘာအကူအညီမှ မရသေးဘူး၊ ဘယ်သူကမှလာမပေးဘူး … အင်္ကျီမရှိဘူး၊ ကလေးတွေက ကိုယ်တုံးလုံးနီးပါးဖြစ်နေတယ်။
အရေအတွက်က မိသားစု ၅၄၂ အိမ်ထောင်ရှိတယ် … အဲဒီအိမ်ထောင်စုတွေအားလုံး အိမ်မရှိတော့ဘူး။ အဲဒီမှာ အကျွတ်အလွတ်ဆိုတဲ့ ဘုရာလေးတဆူရှိတယ်၊ အဲဒီဘုရားကလည်း ပျက်စီးနေပါပြီ၊ ထီးတွေဘာတွေ ကျိုးကျနေပြီ … သူတို့ခမျာ အဲဒီဘုရားရင်ပြင်ပေါ်မှာ စုပြုံပြီးတော့အိပ်နေကြတယ်။ ယူအန်မလာဘူး၊ အန်ဂျီအို မရောက်သေးဘူး … ဘာအကူအညီမှ မရဘူး။ ကျနော်တို့ ပုဂ္ဂလိကအဖွဲ့ကလေးတွေပဲ အဲဒီကို ရောက်တယ်။ ကျနော်တို့ရောက်တဲ့ အချိန်ကတော့ သူတို့ဘာမှမရသေးလို့ တော်တော်များများ ပေးနိုင်ခဲ့တယ်။ အဆိုးဆုံးက အဲဒီမှာ ရေမရှိဘူး၊ သောက်ရေလုံးဝမရှိဘူး။ အဲဒီလိုမရှိတဲ့အတွက် မိုးရွာမှ ရေခံပြီးသောက်နေရတယ်။ ရေသန့်တွေကို သင်္ဘောနဲ့တင်ပြီး သွားပို့ရတယ်။ ရေသန့်ဘူးပေါင်းတသောင်း။
မေး။ ။ အစိုးရ ရနေတဲ့ … လက်ခံထားတဲ့ နိုင်ငံတကာကအကူအညီတွေ အဲဒီဘက်ကို မရောက်ဖူးဘူးလား ခင်ဗျ။
ဖြေ။ ။ အဲဒါတွေက … ကယ်ဆယ်ရေးစခန်းတွေရှိတယ်ဗျ။ လပ္ပတ္တာမှာရှိတယ်၊ ဘိုကလေးမှာဆိုလည်းရှိတယ် … အဲဒီစခန်းတွေမှာတော့ မိုးကာတဲတွေနဲ့နေရတယ်၊ တတဲကို ၄၊ ၅ ယောက် နေကြတယ်။ အဲဒီမှာ ထမင်း ချက်တယ်၊ ဆန်ပြုတ်သောက်ရတယ်၊ အဲဒီဘက်တွေမှာတော့ရတယ်။ အရည်အတွက်အားဖြင့် နည်းနည်းလေးပဲရှိတယ်။ ရွာတွေမှာရောက်နေတဲ့လူတွေကတော့ ဘာမှမရကြဘူး။
မေး။ ။ ယူအန် က ပြောတယ်။ လွန်ခဲ့တဲ့အပတ်အထိ လူဦးရေ ၂၅ ရာခိုင်နှုန်းအထိပဲ အကူအညီတွေ ရောက်သေးတယ်ဆိုတော့ … အဲဒီတွက်ချက်မှုက ဘယ်လောက်အထိ မှန်ပါသလဲ။
ဖြေ။ ။ မှန်တယ်လို့တော့ပြောလို့ရတယ်။ အဲဒီလို ကယ်ဆယ်ရေးနေရာတွေကို ရောက်တဲ့လူက နည်းနည်းရယ် … ကျန်တဲ့ ကျွန်းတွေ၊ ကိုယ့်ရပ်ရွာတွေပေါ့ဗျာ … ဘယ်သူမှလည်း လာမခေါ်လို့၊ ဘယ်သူမှလည်း လာမရလို့၊ ကားလမ်းလည်းမပေါက်လို့ ရေလမ်းတခုပဲ အားကိုးအားထားပြုပြီး ကိုယ့်ရွာလေးမှာ အသက်ရှင်ကျန်နေကြတဲ့ လူတွေပေါ့ဗျာ … စိတ်မကောင်းစရာအကြောင်းလေးတခု ကျနော်ဖြတ်ပြောပြမယ် … အဘွားကြီးတယောက်က သူ့မှာ မိသားစု ၁၁ ယောက် ရှိတယ်၊ ၁၀ ယောက်သေသွားပြီး သူတယောက်တည်းကျန်ခဲ့တယ်။ အဲဒီလို ၁၀ ယောက်သေသွားတယ်ဆိုတာကို သူမသိဘူး၊ သူကိုယ်တိုင်လည်း သူ့ကိုယ်သူ မမှတ်မိတော့ဘူး။ အဲဒီလိုလူတွေ အများကြီးပဲ၊ ကျွန်းတွေပေါ်မှာ အဲဒီလို ကြောင်ပြီးကျန်ခဲ့တဲ့လူတွေ အများကြီးပဲ။ တံငါရွာလေးတွေပေါ့။
မေး။ ။ အဲဒီလို စိတ်ပိုင်းဆိုင်ရာထိခိုက်သွားတဲ့လူတွေ ဘယ်လောက်တွေ့ခဲ့သလဲ။ သူတို့တွေက ဘယ်လိုအခြေအနေမျိုးမှာ ရှိနေကြသလဲ ခင်ဗျ။
ဖြေ။ ။ ၃ မျိုးတွေ့တယ်ဗျ။ တမျိုးက အရမ်းပေါက်ကွဲနေတယ်၊ အထိမခံရွှေပုဂံပေါ့ဗျာ … ဘာမှကိုအပြောမခံဘူး၊ ဒေါသတွေကြီးနေတယ်၊ တချိန်လုံး စိတ်တွေတို ရန်လိုနေတဲ့လူတွေကို တွေ့ရတယ်။ ဒုတိယတမျိုးကျတော့ လုံးဝကို ငိုပြီးတော့ သူ့မှာ ကြုံခဲ့ရတဲ့အခက်အခဲကြီးကိုပြန်ပြီးတော့ တချိန်လုံးတွေးပြီး ပြောကာပြောကာနဲ့ ငိုနေတဲ့လူတွေကို တွေ့ရတယ်။ နောက်တခုကတော့ ဘာစကားမှကို မပြောတော့ဘူး၊ လှုပ်လဲမလှုပ်တော့ဘူး။ ကျနော်တို့က ဆန်သွားဝေတယ်ဗျာ … တယောက်ကို ဆန် ၄ ပြည်နှုန်းနဲ့ဝေတယ်။ နောက်ပြီးတော့ ပဲဝါ၊ ပဲကတ္တီပါပေးတယ်။ အဲဒါတွေကို အထုပ်တွေနဲ့ စောင်၊ ခြင်ထောင်ပါထည့်ပြီး တယောက်ချင်းစီကိုပေးတယ်။ အဲဒီလိုပေးတာကိုတောင် လာမယူတော့ဘူး။ ဘာကိုမှ စိတ်မ၀င်စားတော့ဘူး … ငါတို့ဘ၀ သေတာပဲ ကောင်းပါတယ်ဆိုတာမျိုးတွေရှိတယ်။
မေး။ ။ ကိုဇာဂနာ သွားခဲ့တဲ့နေရာတွေမှာ နိုင်ငံတော်က ဘာတွေလုပ်ပေးနေတာကို တွေ့ခဲ့ပါသလဲ။
ဖြေ။ ။ ဘာမှလုပ်မပေးဘူး။ ရတာက အခုနကျနော်ပြောသလို ဆန်နို့ဆီဗူး ၇ လုံးနဲ့ စေတနာရှင်တယောက်ဝေသွားတဲ့ ခေါက်ဆွဲခြောက်တထုပ်ပဲရတယ်။ အဲဒါ ၂၈ ရက်နေ့ ကျနော်တို့ရောက်သွားတဲ့ အချိန်အထိ …
မေး။ ။ အဲဒီဖက်တွေကိုကျတော့ အကူပစ္စည်းကို ဘာနဲ့ပို့ရသလဲ။ လှေတွေနဲ့သွားတာလား။
ဖြေ။ ။ ဟုတ်တယ် … လှေနဲ့သွားရတာ။
မေး။ ။ ကိုဇာဂနာတို့လို ပုဂ္ဂလိကအလှူရှင်တွေအနေနဲ့ ဘယ်လောက်အထိ လုပ်ခွင့်ရသလဲ။
ဖြေ။ ။ အစပိုင်းကတော့ ကျနော်တို့က တွန်းလုပ်တာပေါ့ဗျာ … နည်းနည်းတော့ အခက်အခဲရှိတယ်။ ထိပ်တိုက်တိုးရတာတွေ ရှိတယ်။ ဥပမာ - ခင်ဗျားတို့က ဘာဖြစ်လို့ ကျနော်တို့ကို (အာဏာပိုင်) မတိုင်ပင်ဘဲ သွားတာလဲ၊ ကျနော်တို့ကိုပြောပါ ဘာညာဆိုပြီး နည်းနည်းညှိနှိင်းပြီးလုပ်ကျတဲ့။ ခင်ဗျားတို့ရဲ့ အသက် အန္တရာယ်ကို တာဝန်မယူဘူးတဲ့ … မယူလဲနေ၊ သေချင်သေပလေ့စေ၊ သွားမယ်ပြောပြီး တိုးဝင်သွားရတာတွေ ရှိတယ်။ စေတနာရှင်တွေ ကိုယ်တိုင် သွားလှူလို့ရတယ်အမိန့်ထွက်ပြီးတော့ သိပ်မပြောတော့ဘူး … သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့က ထုတ်တဲ့အမိန်လေ … သွားလာရေး ခက်ခဲ့တဲ့နေရာတွေကိုသွားနိုင်ရင် ပိုမိုကောင်းမွန်ပါတယ်၊ ပုဂ္ဂလိကအလှူရှင်များ မိမိသဘောနဲ့မိမိ ကြိုက်သလိုလှူဒါန်းနိုင်ပါတယ်လို့ အမိန့်မှာပါတယ်။
အဲဒိအမိန့်ထွက်ပြီးမှ တရုတ်တန်းက ကုန်သည်များအဖွဲ့၊ မဂိုလမ်းက ရွှေဆိုင်တွေတွေပါ အကူကိစ္စ လုပ်လာကြတယ်။ သူတို့တွေဝင်လာတော့ ဒုက္ခသည်တွေလည်း ပိုရတာပေါ့။ သူတို့တွေ ချောင်ကျတဲ့ နေရာတွေကို မသွားနိုင်လည်း ကျနော်တို့အဖွဲ့က ယူသွားပေးတယ်။ ဥပမာ - ဘိုကလေးမြို့ ဆိုပါတော့၊ အလှူရှင်တွေက မြို့ပေါ်မှာထားခဲ့ … ကျနော်တို့သရုပ်ဆောင်တွေက ရွာတွေဆီယူသွားပေးပေါ့။ ကျနော်တို့ အဖွဲ့မှာ ၀ိုင်းကူလုပ်နေတဲ့လူ ၄၂၀ ရှိတယ်။ ထိရောက်မှုရှိအောင် အဖွဲ့တွေခွဲပြီး လုပ်ကြတယ်။
မေး။ ။ တနေ့က မြန်မာ့အလင်းမှာ လူတွေကို ဖားရှာ၊ ငါးရှာစား … နောက်နှစ်ဆို ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ စပါးတွေရွှေရောင်းသန်းပြီးတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းနဲ့ စည်ပင်တော့မယ်လို့ ရေးထားတယ်။ အဲဒါ ဖြစ်နိုင်ပါ့မလား ခင်ဗျ။
ဖြေ။ ။ အဲဒီအိပ်မက်ကလေးကောင်းသားပဲလို့ ကျနော်ပြောချင်တယ် … ဟဲဟဲဟဲ … ဖားရှာ၊ ငါးရှာ ရှာလို့ရမလားတော့ မသိဘူး … ဧရာဝတီမြစ်ကြီးနဲ့ ဘိုကလေးမြစ်ဆိုရင် ရေအရောင်ကို နာမည်ပေးထားတယ်၊ နာဂစ်ကာလာလို့။ ဘာလဲဆိုတော့ ဖြူဖြဲဖြဲ အရောင်ကြီး၊ အဲဒီအရောင်ကြီးနဲ့ လူနဲ့ ကျွဲ နွားအလောင်းတွေက အများကြီး … နာဂစ်ရနံ့ဆိုတာရှိသေးတယ် … အဲဒီညှီနံ့ကြီးက ပြန်လာရင်ပါလာတာပဲ၊ ဘယ်သူမှမခံနိုင်ဘူး အန်တယ်။ ဒီတော့ အဲဒီလိုနေရာတွေမှာ ဘယ်လိုလုပ်ပြီး ငါးရှာ၊ ဖားရှာမှာလဲဗျာ … ငါးဖမ်းမယ့်အစား အလောင်းတွေဖဲ့စားမှ ရတော့မယ်။
မေး။ ။ အလောင်းကိစ္စကို မေးချင်သေးတယ်။ အခုထိ အလောင်းတွေကို သင်္ဂြီုဟ်လို့ မပြီးသေးဘူးလား ခင်ဗျ။
ဖြေ။ ။ ကောက်ကို မကောက်နိုင်သေးတာ။ ၂၈ ရက်နေ့ ဘိုကလေးကပြန်လာတယ်။ ရွာ ၅ ရွာကို သွားခဲ့တယ်။ အဲဒီ ၅ ရွာမှာ ဗီဒီယို၊ ဓာတ်ပုံ မရိုက်နိုင်တော့ဘူး … အလောင်းတွေများလွန်းလို့။ အနည်းဆုံး အလောင်း ၄၀ လောက် တွေခဲ့တယ်။ အဲဒါတောင် ဟိုးအစွန်ပိုင်းကအလောင်းတွေကို ကောက်ပြီးတော့ မီးရှို့လိုက်တာ တထောင်ကျော် ရှိတယ် … စေတနာရှင်တွေက မီးစက်ကြီးတွေ အလုံး ၈၀ လောက်သယ်လာပြီး မီးရှို့ပေးတာ။ ကျနော်သိသလောက် အေဇက်ဂျီတို့ ခရစ်ယန်သာသနာပြုအဖွဲ့တို့ကပေါ့။
မေး။ ။ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ ကရင်လူမျိုးတွေအများစုနေကြတယ် … သူတို့တွေရဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ဘိုကလေးအပိုင်တို့ ဒေးဒရဲအပိုင်တို့မှာ ကရင်ရွာတွေရှိတယ် … အများစုက ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်တယ်။ အဲဒီက ကရင်တွေကို သဘောကျတယ်ဗျ။ ကျနော်တို့ရောက်သွားတဲ့အချိန်မှာ ရွာထဲကနေကူမယ့် လူတွေကို ခေါ်တယ် … သူတို့ကို ရန်ကုန်ခေါ်လာပြီး ဆရာဝန်တွေနဲ့ ဆွေးနွေးပွဲတွေ လုပ်ပေးတယ်။ သူ့တို့က ရွာကိုပြန်ပြီး တည်ဆောက်ရေးကို ဦးဆောင်ကြမှာလေ။
အရေးပေါ်လိုအပ်နေတဲ့ အမိုး၊ အကာနဲ့ အစားအသောက်စတဲ့ အကူပစ္စည်းတွေပေးပြီး ဒုတိယအဆင့်အနေနဲ့ ဒီနေ့ကစပြီးတော့ ကန်စွန်း၊ ဟင်းနုနွယ်၊ ချင်ပေါင် မျိုးစေ့တွေပေးတယ်။ ဘယ်မြေမှာမဆိုစိုက်လို့ရအောင်ထည့်တဲ့ မြေသြဇာပေးတယ်၊ သုံးပုံသုံးနည်းကိုလည်း သင်ပေးတယ်။
မေး။ ။ အခုလိုကာလမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်စလို့ရမယ် ထင်ပါသလား။
ဖြေ။ ။ စပါးကတော့ မရနိုင်သေးဘူး။ ဟင်းသီးဟင်းရွက်၊ ဘူးသီး၊ ခ၀ဲသီးလောက်ကတော့ ရနိုင်တယ်။ ဒီနေ့စလုပ်တယ် … ရွာတွေကပါလာတဲ့ ကရင်တွေကို တတ်ကျွမ်းတဲ့လူတွေနဲ့ သင်ပေးတယ်။
မေး။ ။ ကရင်လူမျိုးတွေ တိုင်းရင်သားတွေမို့ အကူအညီမရကြဘူးလို့ ပြောကြတာတွေလည်းရှိတယ်။ အဲဒါ ဟုတ်ပါသလား။
ဖြေ။ ။ တိုင်းရင်သားမှမဟုတ်ပါဘူး … ဗမာလည်း မရကြပါဘူး … ဘယ်သူမှမရကြတာပါ။ စပါးပြန်စိုက်ဖို့ အချိန်က ၁၅ ရက်ပဲ ရှိတော့တယ်။ အခု ကျနော်တို့က ကုမ္ပဏီကြီးတွေကို မေတ္တာရပ်ခံပြီး လိုက်ညှိနေတာ … ထိုင်းက ပညာရှင်တွေနဲ့လဲ ညှိထားတယ်။ ရွှေကျွဲလို့ခေါ်တဲ့ လက်တွန်းလယ်ထွန်စက်ပေါ့ … အဲဒီကောင်နဲ့ဆိုရင် နေ့ဝက်ကို တဧကပြီးတယ်။ စက်တလုံးကို ကျပ် ၁၄ သိန်းရှိတယ်။ ကျွန်းညိုကြီးတိုက်နယ်ကို အဓိကနေရာအဖြစ် သတ်မှတ်လိုက်တယ်။ အဲဒီမှာ လူဦးရေ ၅၅၁၄ ဦး ရှိတယ် … အဲဒီမှာ အလုပ်လုပ်နိုင်တဲ့ ယောက်ျားဦးရေက ၃၂၀၀ ကျော် ရှိတယ်။ အဲဒီကမြေကြီးတွေကို ထိုင်းက ပညာရှင်တွေနဲ့ပြင်ကြည့်တော့ ရတယ်။ သံဘီးတပ်တဲ့ ရွှေကျွဲ ၁၈ လုံးလောက်ရှိရင် အလုပ်စလုပ်လို့ရပြီ။ အခုအလှူခံထားတာ ၁၀ လုံးရပြီ၊ နောက် ၈ လုံးလိုသေးတယ်။
မေး။ ။ အိမ်နီးချင်းနိုင်ငံတွေက ကျန်းမာရေးအဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့တွေ လာကြတယ်။ သူတို့တွေကော အဲဒီနေရာတွေကို ရောက်ကြရဲ့လား။
ဖြေ။ ။ တခြားနိုင်ငံတွေကတော့မရောက်ဘူး။ ကျနော်တို့နဲ့အတူ ထိုင်းက အမျိုးသမီးတယောက်လိုက်လာပြီး မြေကြီးတွေ လေ့လာတာတော့ရှိတယ်။ မနေ့ကပြန်သွားတယ် … စနေနေ့ ပြန်လာမယ်။ သူပြန်လာရင်တော့ သိရမယ် ဒီမြေကြီးကို ၁၅ ရက်အတွင်း စပါးစိုက်လို့ ရ မရကို။
မေး။ ။ မြန်မာနိုင်ငံမြောက်ပိုင်း၊ အထက်ပိုင်းကကော ဘယ်လိုအကူအညီတွေရပါသလဲ ခင်ဗျ။
ဖြေ။ ။ ရောက်လာတယ် … အများကြီးပဲ။ ဥပမာ - နမ္မတီး၊ မြစ်ကြီးနား၊ လားရှိုး ဘက်ကဆို ၁၀ ဘီး ကားကြီးတွေနဲ့ လာတာ။ ဆီတွေဆိုရင် ပေပါ ၂၀၀ တို့ … အခုနောက်ပိုင်း ဆင်းလာတယ်။ လားရှိုးက ဆင်းလာတဲ့အဖွဲ့ဆိုရင် ခရစ်ယာန် သာသနာပြုအဖွဲ့နဲ့ ပေါင်းပြီး ဆင်းလာတာ ၁၀ ဘီးကား ၁၀ စီးနဲ့။ အခုနပဲ သွားကြိုလာတာ … ရှမ်းလူမျိုးတွေ။
မေး။ ။ ရန်ကုန်မြို့အခြေအနေကိုလည်း ပြောပြပါဦး။
ဖြေ။ ။ အဲဒီနေရာတွေကိုလည်း သွားနေရတာပါပဲ။ ဒီနေ့မနက်ဆိုရင် ဒလ၊ ကွမ်းခြံကုန်းနဲ့ ကြည့်မြင်တိုင် တဘက်ကမ်းက ညောင်ဝိုင်းကို ကျနော်တို့အဖွဲ့တွေ သွားကြတယ်။ အဲဒီနေရာတွေက မြစ်ဝကျွန်းပေါ်လောက် ဆိုးဆိုးရွားရွား မဖြစ်ပါဘူး။ ဒါပေမယ့် အိမ်တွေပြိုသွားတယ်၊ အဲဒီလူတွေကိုလည်း လှူရတာပေါ့။ အဲဒီကလူတွေက မြစ်ဝကျွန်းပေါ်လောက်တော့ စိတ်ပိုင်းဆိုင်ရာ မထိခိုက်ဘူး။
မေး။ ။ ပြည်ပကလူတွေကိုရော ကိုဇာဂနာ ဘာပြောချင်သေးလဲ။
ဖြေ။ ။ ကျနော်တို့ မတတ်နိုင်တဲ့အတိုင်းအတာတွေ ရှိပါတယ်။ အပြင်ကလူတွေ လုပ်ပေးလို့ ရနိုင်တာတွေကတော့ ပျက်စီးသွားတဲ့ရွာတွေ အမြန်ဆုံးပြန်လည်ထူထောင်နိုင်ဖို့အတွက်ပါ။ ဥပမာ - ဆူနာမီ တုံးကဆိုရင် ထိုင်းနိုင်ငံမှာ ပညာရှင်တွေ ချက်ချင်းရောက်လာတယ်။ ပြီးတော့ အိမ်တွေကို ချက်ချင်း ဆောက်ပေးလိုက်နိုင်တယ် … အဲဒီလိုမျိုး ကျနော်တို့ မတတ်နိုင်ဘူး၊ အဲဒီလောက်လည်း မချမ်းသာဘူး။ ဘီလ်ဂိတ်လိုလူမျိုးကလည်း လှူတယ်ဆိုပြီးတော့ ဘယ်လိုလူတွေကို ဘာတွေလုပ်ပေးနေသလဲဆိုတာ စဉ်းစားလို့ကို မတတ်ဘူး။
အိမ်တလုံးဆောက်ဖို့ ဘယ်လောက်မှလည်း မကုန်ပါဘူး … အဲဒီလိုအိမ်လေးတွေများ နိုင်ငံတကာက ရွာတွေမှာ လာဆောက်ပေးနိုင်မယ်ဆိုရင် … …။
ယူအန်ကိုတော့ မကျေနပ်ဘူး။ ကျနော်တို့ပြည်သူတွေအတွက် ဘာမှ ထိထိရောက်ရောက် မလုပ်ပေးနိုင်လို့။ အခု ဘိုကလေးမှာ ကျနော်တို့ရောက်တဲ့ ရွာတွေရှိတယ်ဗျာ၊ ကိုဝေဠုကျော်တို့ရောက်တဲ့ လပ္ပတ္တာကရွာတွေ၊ ကျနော်တို့လူတွေရောက်တဲ့ ငပုတောကရွာတွေ … ကျနော်တို့မှာ မြေပုံတွေရှိပါတယ်၊ အဲဒီနေရာတွေကို ယူအန်က တယောက်မှ မရောက်သေးဘူးဗျာ။ ယူအန်ဖြစ်ဖြစ် … တခြား အန်ဂျီအိုဖြစ်ဖြစ် … သူတို့တွေက အစိုးရ ငြိုငြင်မှာကို ကြောက်နေတယ် … အဲဒါကို ကျနော်ကမကြိုက်တာ။ ဒုက္ခသည်ကိုကူညီမှာ ဘာလို့ ငြိုငြင်တာ မခံရဲရတာလဲ။ မသွားရဘူးပြောလည်း သွားပေါ့ဗျာ ဘာဖြစ်လည်း။ ဒါမှမဟုတ် သွားလာနေတဲ့လူတွေကို အကူအညီပေးပေါ့။ ကျနော်တို့လို အလားသဏ္ဍန်တူ သွားနေတဲ့အဖွဲ့ ၄၊ ၅ ဖွဲ့ လောက်ရှိတယ်။ အဲဒါတွေကိုလည်း အကူအညီမပေးဘူး … မယက ရုံးထဲကို ပစ္စည်းတွေ သွားပို့နေတော့ ဘာသွားလုပ်မလဲ။
မေး။ ။ လူတွေ တောင်းစားတယ်ဆိုတဲ့ကိစ္စကကော ခင်ဗျ။
ဖြေ။ ။ တကယ်တမ်းပြောရရင် ငတ်တော့လည်း တောင်းစားမိမှာပေါ့ဗျာ … ဟုတ်တယ်မလား။ ကုန်းခြံကုန်းလမ်းမှာ အစားအသောက်တွေပေးကြပါနဲ့ တကယ်ငတ်မွတ်နေကြတာကိုး … တောင်းမှာပေါ့၊ သိပ်ရုပ်ပျက်ဆင်းပျက်တော့ မဖြစ်ပါဘူး … ဘီစကစ်တွေ ကားပေါ်ကပစ်ချလို့ လမ်းဘေးမှာလူးလှိမ့်ပြီး လုနေတာတော့မရှိပါဘူး … ကားတိုက်ပြီး သေကုန်မှာပေါ့။
မေး။ ။ အမေရိကန်က ပြောနေတုန်းရှိသေးတယ်၊ တချို့နေရာတွေကို သူတို့ရဲ့ ရေပေါ်၊ မြေပေါ်မှာသွားလို့ရတဲ့ ရှပ်ပြေးမော်တော်လေးတွေနဲ့မှ အလုပ်ဖြစ်မယ်၊ ကူညီချင်ပါတယ်လို့ တဲ့။ အဲဒီအကူအညီက အခုလို တလပြည့်လာတဲ့ကာလမှာ လိုအပ်သေးတယ်လို့ ထင်သလား ခင်ဗျ။
ဖြေ။ ။ ကျနော့်အနေနဲ့ကတော့ လိုအပ်တယ် … ဒုက္ခသည်တွေက သူတို့ကို အမေရိကန်၊ ပြင်သစ်၊ အင်္ဂလိပ်က သင်္ဘောကြီးတွေ သူတို့ကိုလာကူညီနေကြပါပြီဆိုပြီး အရမ်းဝမ်းသာနေကြတာ … ကျနော်တို့က ရေဒီယိုလည်း ပေးတယ်လေ … ခင်ဗျားတို့ ကမ္ဘာနဲ့ အဆက်မပြတ်အောင် နားထောင်ကြပါလို့ … သတင်းတွေနားထောင်ပြီး တအားပျော်ကြတာ၊ အခုလို မလာတော့ဘူးလိုလိုဖြစ်တော့ သူတို့တွေအရမ်းခံစားရတာ။ ကျုပ်တို့ကို မကယ်တော့ဘူးလား၊ ဒီအတိုင်းပစ်ထားတော့မှာလား၊ ဒီကျွန်းပေါ်မှာ သေမယ့်ရက်ကို ထိုင်စောင့်နေရမှာလားလို့ အော်ကြတာ။ တယောက်တည်း၊ နှစ်ယောက်တည်းက ပြောတာမဟုတ်ဘူး။ အဘိုးကြီး၊ အဘွားကြီးတွေ၊ ကလေးတွေပါ ပြောကြတာ။
The Irrawaddyမှတင်ပြသည်။
Saturday, May 31, 2008
ကယ်ဆယ်ရေးလုပ်သားကြီး လူရွှင်တော် ဇာဂနာ
Posted by Ashin dhamma at 8:04 AM 0 comments
ခင်ဗျားသာဟစ်တလာဆိုရင်
ဒီတိုက်ပွဲက နိုင်ဖို့သိပ်မလွယ်ဘူး ”
ဒီစကားလေးတစ်ခွန်းဟာ ဟစ်တလာရဲ့ ဗိုလ်ချူပ်ကြီးတစ်ယောက်ကို သတ်ပစ်ခဲ့ဖူးတယ်။
ဝါတာလူးစစ်ပွဲကို ကြိုတင်နိမိတ်ဖတ်လိုက်တာပါ ။ ဒါကိုဟစ်တလာကကြားတော့ ဒီစကားဟာအန္တရယ်ရှိတယ် ။ ဒီစကားကိုသာ စစ်သားတွေကြားသွားရင် ဆိုက်ကော်လော်ဂျီ နည်းအရ အများကြီးထိခိုက်သွားနိုင်တယ် ။ ဒီလိုယူဆတယ် ၊ ဒါကြောင့်အဲဒီ ဗိုလ်ချူပ်ကြီးကို ခေါ်ပြီးသေမိန့်ပေးလိုက်တယ် ။ မင်းဖာသာမင်းသတ်မလား ၊ ငါသတ်ရမလား ၊ မင်းဖာသာမင်းသတ်ရင် သူရဲကောင်းဗိမ္ဗာန် မှာထားမယ် ၊ ငါသတ်လို့သေရင် သူရဲကြောင်စာရင်းထဲ ထည့်လိုက်မယ် ။
အဲဒီဗိုလ်ချူပ်ကြီးကလည်း သူ့ကိုယ်သူအဆုံးစီရင် လိုက်တယ် ၊ ၀ါတာလူးမှာ ဟစ်တလာလည်းရှုံးခဲ့ရတယ် ။
ဒါပေမဲ့ ဟစ်တလာရဲ့ စိတ်ထဲမှာတော့ ဒီစကားကြောင့် စိတ်ဓါတ်ရေးရာ ကျဆင်းပြီး ရှုံးသွားရတာလို့ မတွေးဘူးလို့ ဘယ်သူပြောမလဲ ။ တော်လှန်ရေးဟာ ဟစ်တလာလောက် ရှုးသွပ်မှရလိမ့်မယ် ။
၂၀၀၈ တာ့ဂတ်တော်လှန်ရေး ဟာ Now or Never ဖြစ်နေပါတယ် ။ န.အ.ဖ စစ်အစိုးရဟာ တဖြည်းဖြည်းဆေးယဉ်လာတဲ့ ဗိုင်းရပ်(စ်) နဲ့တူတူလာပါတယ် ။ ရောဂါကို အမြစ်ပြတ်အောင် ကျနော်တို့ မကုခဲ့ကြ ၊ မကုနိုင်ခဲ့ကြသေးဘူး ။ ဒီလိုနဲ့ အရေးအခင်း တစ်ခုပြီးတိုင်း ကျနော်တို့ကပဲ န.အ.ဖ ကိုသင်ခန်းစာ တစ်ခုထပ်သင်ပေး လိုက်သလိုဖြစ်ဖြစ်နေပါတယ် ။
၂၀၀၈ ဟာအနိုင်တိုက်ရမဲ့ နှစ်ဖြစ်တယ် ။
ကဲ………. ဒါဆိုဘာလုပ်ကြမှာလဲ ။
န.အ.ဖ ကိုတိုက်ဖို့လူတိုင်း သိတဲ့စစ်မြေပြင် သုံးကွင်းရှိတယ် ။
၁ ။ လက်နက်ကိုင်တော်လှန်ရေး
၂ ။ လူထုအုံကြွမှုနဲ့ တော်လှန်ရေး
၃ ။ ပြည်ပ အကူအညီနဲ့ ပြည်ပဖိအားနဲ့ ဒီပလိုမက်တစ်နည်းအရ တော်လှန်ရေး ။
“ တော်လှန်ရေး ” ဆိုတဲ့ခေါင်းစဉ်အောက်မှာ အသေအပျောက် စာရင်းဆိုတာ အမြဲတမ်းရှိပါတယ် ။ သေလည်းသေခဲ့ ကြပြီးပြီ ထပ်ဖြစ်ရင် ထပ်သေကြဦးမယ် ၊ ဒါကစကားအလှ သုံးစရာ မလို ၊ ဖုံးစရာမလိုတဲ့ အမှန်တရားပါပဲ ။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အခု….. ကျနော်ဆွေးနွေးမဲ့ အတွေးအခေါ်ဟာ ပုဂ္ဂလိကအတွေး ပါမှန်နိုင် ၊ မှားနိုင်ပါတယ် ။
နံပါတ် ( ၃ ) ဖြစ်တဲ့ ဒီပလိုမက်တစ်နည်းကို အသာထားပြီး ( ၁ ) နဲ့ ( ၂ ) ကိုအရင်ဆွေးနွေး ပါ့မယ် ။
၁ ။ လက်နက်ကိုင်တော်လှန်မယ် ။ ဒီတော်လှန်ရေးထဲမှာ ဒါတွေပါဝင်လာနိုင်တယ် ။
(က) ပြောက်ကျားစနစ် စနိုက်ပါတွေနဲ့ တိုက်မယ် ။
(ခ) အသေခံဗုံးခွဲမယ် ။
(ဂ) ထိပ်တိုက်စစ်မျက်နှာ ဖွင့်မယ် ။
ပြောက်ကျားစနစ် နဲ့စနိုက်ပါပဲသုံးသုံး ၊ အသေခံဗုံးပဲခွဲခွဲ န.အ.ဖ ကိုဇာတ်သိမ်းပေး လောက်အောင်အထိ အားမကောင်းနိုင်ဘူး ။ ဒါဆိုထိပ်တိုက် စစ်မျက်နှာပြင်ဖွင့် တိုက်မယ် ။ နိုင်နိုင်မလား ၊ ဒီအစီအစဉ်ဟာ န.အ.ဖ ကိုဇာတ်သိမ်းနိုင်ဖို့ ဖြစ်နိုင်ခြေ အများဆုံးပဲ ။
ခင်ဗျားသာ ဟစ်တလာဆိုရင် ကျနော့်ကိုလာသတ်လှည့်ပါ ။ ကျနော်တို့လက်နက်ကိုင် တပ်ရင်းဟာ န.အ.ဖ ဘီလူးတပ်လောက် အင်အားမတောင့်တင်းဘူး ။
• လက်နက်ကိုင်တော်လှန်ရေး ရဲ့ အဓိက အားနည်းချက်က ပြည်သူလူထုကြီး ပါဝင်ဆင်နွဲ ခွင့်မရခြင်းပါပဲ ။
• စကားပြောကောင်း စည်းရုံးရေးကောင်း သူတွေရဲ့ အရည်အချင်းကို ( အပြည့်အ၀ ) အသုံးချခွင့် မရခြင်းပါပဲ ။
ဒါပေမဲ့ လက်နက်ကိုင်တော်လှန်ရေး လုပ်ကိုလုပ်ရပါမယ် ။ လက်နက်ကိုင်တော်လှန်ရေးဟာ န.အ.ဖ ကိုချည့်နဲ့စေနိုင်ပါတယ် ။ ပုဂ္ဂလိက အမြင်အရ အသေခံဗုံးခွဲတာကို တော့ဖယ်ထားခဲ့ချင်ပါတယ် ။
ပထမဆုံး လုပ်ရမဲ့ အလုပ်က လက်နက်ကိုင်တပ်ရင်းတိုင်းက တပြိုင်ထဲ၊ တစ်ရက်ထဲ န.အ.ဖ ကို စစ်ကြေငြာ လိုက်ဖို့ ပါ။
အားလုံးစုစည်းပြီး တိုက်စရာမလိုပါဘူး၊ ကိုယ့်စစ်မျက်နှာနဲ့ ကိုယ်ဖွင့်ပြီးတိုက်ဖို့ပါ။ စစ်မျက်နှာတွေအများကြီးဖွင့်လိုက်ရတဲ့အတွက် န.အ.ဖ စစ်တပ်ဟာလည်း ခွဲပြီး စစ်ဆင် ရပါလိမ့်မယ်။
နယ်စပ် စစ်ဆင်ရေးတွေကို မဲနေချိန်မှာ လူထုကြားထဲက စနိုက်ပါ တွေက ထပ်ပြီး ပြဿနာရှာဖို့ ပါ။ သန်းရွှေသေမှ မောင်အေး သေမှရယ်လို့ မဟုတ်ပါဘူး။ အပွင့်ကြီးကြီး အစိမ်းရောင် ကောင် တစ်ကောင်ကျတယ်ဆိုရင်ပဲ သူတို့ စိတ်ဓါတ်ရေးရာ ခြောက်ခြားလာမှာပါ။ ရက်စက်လွန်းတယ်လို့ မထင်ရင် ဒီအခြေအနေတွေမှာ အသေခံဗုံးခွဲမှူတွေ ၀င်လာနိုင်ပါတယ်။
-ရှေ့ တန်းအတွက် အမျိုးမျိုးသောစစ်မျက်နှာ
-ကြို့ ကြား၊ ကြို့ ကြား စနိုက်ပါ အန္တရယ်၊
-ဒီအစီအစဉ်ရဲ့  အကျအရှူံးစာရင်း၊
ကျွန်တော်တို့ ဘယ်လောက်ပေးဆပ်ရမလဲ?၊
လမ်းပေါ်မှာလမ်းလျှောက်ရင်းလည်းပေးဆပ်နေရတာပဲမဟုတ်ဘူးလား?၊
မထူးပါဘူး၊လက်နက်ကိုင်တော်လှန်ရေး အရှိန်မြှင့်သင့်ပြီ။
ဟုတ်ပြီ လက်နက်ကိုင်တပ်ရင်းတိုင်းက တပြိုင်နက်ထဲ စစ်မျက်နှာ အသီးသီးက စစ်ကြေငြာ လိုက်ကြပြီ။ စနိုက်ပါ တစ်ချို့ က ကြို ကြား ကြိုကြား လက်စွမ်းပြနေပြီ၊ ဒီအခြေအနေမှာ/ န.အ.ဖ ခေါင်းမီးတောက်နေချိန်မှာ-
လူ ထု အုံ ကြွ မှူ စတင်ရမယ်။
ဒီ လူ ထု အုံ ကြွ မှု ကို N L D နဲ့ သံဃာတော်တွေ ဦးဆောင်ရမယ်။
လူထုအုံကြွမှု ရဲ့ နောက်မှာ စနိုက်ပါတွေ၊ ဂျင်ကလိတွေ၊ နှစ်ဖက်ဓားသွားတွေ ရှိနေရမယ်။
စနိုက်ပါရဲ့  အခန်းကဏ္ဍက ကြံ့ဖွတ်နဲ့ စွမ်းအားရှင် ဆိုတဲ့ ဘီလူးလက်ပါးစေတချို့ ကို သိုသိုသိပ်သိပ် လက်စ ဖျောက်ပစ်ဖို့ ပါ။ အားလုံးကို လက်စဖျောက်စရာမလိုပါဘူး။ ဒီကောင်တွေက အူကြောင်ကြား တွေဆို တော့ ကျန်တဲ့လူတချို့ က ကိုယ့်အင်အားတောင်ဖြစ်လာနိုင်ပါတယ်။
ကျနော်တို့သုံး ရမဲ့ဗျူဟာက ကိုယ်ကသူ့ကိုကြောက်နေရမဲ့အစား ၊ ကိုယ့်ကိုသူကကြောက်နေရအောင် ဗျူဟာပြောင်းပစ်လိုက် ရမယ် ။
ကြံဖွတ်နဲ့စွမ်းအားရှင် တစ်ချို့ကိုလက်စဖျောက် လိုက်ပီဆိုတာနဲ့ ကျနော်တို့ကို သူတို့ကစတင်ကြောက်ရွံ့ လာမှာဖြစ်ပါတယ် ။
ဒါကြောင့် လူထု အုံကြွမှူရဲ့  နောက်ကွယ်မှာ စနိုက်ပါတွေရှိရမယ်၊ ဂျင်ကလိတွေရှိရမယ်။ စနိုက်ပါတွေရဲ့  တာ့ဂက် က သန်းရွှေ မဟုတ်၊ မောင်အေး မဟုတ်ပါ၊ ဟောင်ဖွာ ဟောင်ဖွာ ကြံ့ ဖွတ် (တိကျရပါမယ်) တချို့  သာဖြစ်ပါတယ်။ အဲဒီ လက်ပါးစေတွေမရှိရင် လူထုအုံကြွမှူဟာ အရှိန်ကောင်း ကောင်းနဲ့  ချီတက်လာနိုင်မှာဖြစ်ပါတယ်။
* အရေးကြီးတာက လူထု အုံကြွမှူကြီးအားကောင်းလာချိန်မှာ ရှေ့တန်း စစ်မျက်နှာတွေကလည်း အရှိန်မြှင့်နေဖို့ ပါ။
* န.အ.ဖ ကို ချည့်နဲ့ အောင် သာတိုက်ပြီး မြို့ ပြတွေကိုတော့လူထုအုံကြွမှူနဲ့ ပဲ သိမ်းပိုက်ပါစေ။
ဒီအစီအစဉ်တွေ အထမြောက်ဖို့  လူနဲ့ ငွေ လိုပါတယ်။ လူရှိသူက လူပေးပြီး ငွေရှိသူက ငွေပေးရပါလိမ့် မယ်။ ဖြစ်နိုင်ရင်နှစ်မျိုးလုံး လည်း ပေးရပါလိမ့်မယ်။
လူထုဆီက ကြံ့ ဖွတ် တွေရဲ့ သတင်း အချက်အလက်နဲ့  သွားလာ ကျက်စားတတ်တဲ့  နေရာတွေ သိထားရပါမယ်။
ဒါဆို လူထု အုံကြွမှူနဲ့  အောင်ပွဲခံနိုင်ပါလိမ့်မယ်။
ကျနော် ပြောချင်တာက လူထုကြီးမပါသေး သရွေ့ ၊ ၀န်ထမ်းတွေ မပါဝင်သေးသရွေ့  န.အ.ဖ ကို ဖြုတ်ချနိုင်မှာမဟုတ်ပါဘူး။ အလွန်ဆုံးဖြစ်လှ သန်းရွှေ ကနေ ရွှေမန်း ပြောင်းတာလောက် ပါပဲ။ ဒီလောက်အထိ လူထုနဲ့  လွတ်လပ်ရေး တပ်သားတွေက လုပ်နိုင်ရင် ကျန်တဲ့ ကိစ္စတွေကိုတော့ နိုင်ငံရေးပါတီများ အတွက်ချန်ထားရတော့မှာဖြစ်ပါတယ်။
လူထုကြီးပါဝင်လာရဲဖို့  အခွင့် အလမ်းတွေရအောင်တော့ ပြည်တွင်း ပြည်ပက ကျောင်းသား၊ ရဟန်းသံဃာ တွေက စတင်ဖန်တီးပေးရပါမယ်။
အုံကြွလာတဲ့ လူထုကို ထိန်းဖို့  ဒေါ်စု ရှိပါတယ်၊ မင်းကိုနိုင် ရှိပါတယ်၊ သာသနာ့ မောဠိကဆရာတော်ကြီး နှစ်ပါးရှိပါတယ်။
အတ္တကိုရှေ့ တင်ပြီး ဘယ်သူမှ လူထုရှေ့ ကိုတက်မလာသင့်ပါဘူး၊ နေရှင်းဝိုက်(ဒ်) ဂလိုဘယ်လိုက် (ဇ်) လေးစားမှူက သူတို့ ဆီမှာပဲရှိပါတယ်။
သူတို့  ငြိမ်းမှ လူထုငြိမ်းသွားပါလိမ့်မယ်။
စကားတွေကို ပြန်ချုပ်ခွင့်ပြုပါ။
၁။ ရှေ့ တန်း စစ်မျက်နှာတွေဖွင့်၊ စစ်ကြေငြာ
၂။ လူထုအုံကြွမှူစတင်
၃။ ကြံ့ ဖွတ်နဲ့ စွမ်းအားရှင် ကို စနိုက်ပါ ၊ ဂျင်ကလိ နဲ့ ရှင်း
၎။ လူထုကြီးတရပ်လုံး ပါဝင်ရဲ လာအောင် ရှေ့ က အနစ်နာခံ ဦးဆောင်
၅။ ခေါင်းဆောင်တွေ အချင်းချင်း အဆက်အသွယ်လုပ်၊ အစီအစဉ် အတိုင်းရှေ့ တက်
၆။ နယ်စပ် နဲ့  ပြည်တွင်း ဟန်ချက် ညီညီလှုပ်ရှား
၇။ ပြည်သူကို ထိမ်းဖို့  မောဠိ ဆရာတော်ကြီး နှစ်ပါး၊ ဒေါ်စု နဲ့  မင်းကိုနိုင် တို့ ရှေ့ တက်လာပါ
ပြီးပါပြီ။
“ခင်ဗျားသာ ဟစ်တလာ ဆို ရင် ကျနော့် ကို လာသတ်လှည့်ပါ။”
“လက်နက် နဲ့ တိုက်ယုံနဲ့  န.အ.ဖ ကို ဖြုတ်မချ နိုင်ပါ”
“ကျနော် သာ ဟစ်တလာဆိုရင် ခင်ဗျားတို့ ကို သူရဲကောင်း ဗိမ္ဗာန် ထဲ ထည့်ခွင့်ပြုပါ”။
သေနတ်လည်းလက်နက်၊ လူထုလည်းလက်နက်။
လူထုလက်နက်က ဈေးချိုတယ်။
လက်နက် နှစ်မျိုးလုံးသုံးရမယ်။
န.အ.ဖ ကျဆုံးပါစေ။။
ဇင်ဝေသော်
အောင်စေရာပြည်မှတင်ပြသည်။
Posted by Ashin dhamma at 2:47 AM 0 comments
ကျွန်တော်တို့ရဲ့အိမ်
ကျွန်တော်တို့ရဲ့အိမ်စုတ်လေးပါ...
ရှိုက်ငိုသံတွေ ကာရံထားတယ်
စိတ်ထွက်ပေါက်တွေ မဲ့နေတယ်.....
အဖြစ်မိုးထားတဲ့......
ရိသဲ့သဲ့ ဖက်ရွက်တွေကြားက
မိုးရွာရင်တောင် .....
သွေးစက်တွေဘဲယိုကျတယ်...။
အမှောင့်ပယောဂ လက်တံရှည်တွေကလည်း
အိမ်တစ်ခုလုံးကို ရစ်ပါတ်လို့ ....။
တစ်ခါတစ်ရံ....
အိမ်စုတ်လေးထဲက....
စကားသံ.....ဒါမှမဟုတ်
ငိုငြီးသံ ထွက်တဲ့အခါ.....
ဘေးအိမ်တွေ မကြားစေဘို့
အထဲကလူတွေ.....
တစ်ခုခုတော့ လုပ်လိုက်တယ်....။
အိမ်စုတ်လေးထဲက
မည်ကာမတ္တ ဆီမီးရောင်ကလည်း
ဘာကိုမှ ရဲရဲမကြည့်ရဲအောင်
အားငယ်နေရှာတယ်။
...........
ဒီအိမ်ထဲမှာဘဲ မွေးခဲ့ကြတာပါ
ဒီအိမ်ထဲမှာဘဲ သေကြရမှာပါ...
သူစိမ်းတွေလာမသတ်ပါဘူး
ဒီအိမ်ထဲကဘဲ နှိပ်စက်လို့ သေကြရမှာပါ..။
တစ်ချို့အိမ်တွေများ..
အိမ်အောက်က ရွှေအိုးတွေ့ပေမယ့်
ဟောဒီအိမ်အောက်မှာတော့
ဒီအိမ်ကလူတွေရဲ့ အရိုးတွေ
လက်စဖျောက်ထားလေရဲ့ ...။
ငါ့ရဲ့အိမ်ကလေးပါ....
ငါတို့ရဲ့မွေးဖွားရာ အိမ်စုတ်လေးပါ
ငါတို့ရဲ့ အိမ်ကလေးပေါ့.......
ဝမ်းသာခြင်း မရှိတဲ့အိမ်....
အေးချမ်ခြင်း မရှိတဲ့အိမ်....
........
သစ္စာဖောက်တွေ လုယူထားတဲ့ အိမ်။ ။
NZ
Posted by Ashin dhamma at 2:14 AM 0 comments
သဘာဝရဲ့သတိပေးချက်
သဘာဝ ဘေးအန္တရာယ်ကြောင့် အနဲဆုံးအနေနဲ့ နအဖက တရားဝင် ထုတ်ပြန်ကြေငြာထားတဲ့ လူဦးရေတောင်မှ သောင်းနဲ့ ချီပြီး သေ ကြေ၊ ဒဏ်ရာရ၊ အိုးမဲ့အိမ်မဲ့ ဖြစ်ရတာ လတ်လတ်ဆတ်ဆတ်ကြီး ရှိပါသေးတယ်။ ဒီတော့ ကျွန်တော် စဉ်းစားမိတာက ကျွန်တော်တို့တွေ ဘာကို တွယ်တာနေမှာလဲ။ ဂုဏ်တွေလား၊ ပကာသနတွေလား၊ ကောင်းပါပြီ။ ကျွန်တော်တို့ အားလုံးဟာ သာမာန် ရိုးရိုး လူသားတွေ၊ လောကီမှာ ကျင်လည် နေကျတာ ဖြစ်တဲ့အတွက် ဒီအချက်တွေဟာ လိုအပ်တယ်ဆိုတာကို ကျွန်တော် မငြင်းပါဘူး....။ ဒါပေမယ့် အဲဒီလို ဂုဏ်တွေ၊ ငွေတွေ ပကာသနတွေအတွက် လူအများစုကြီး ဒုက္ခရောက်ပြီးမှ တကယ်တမ်း အဆင်ပြေနေတဲ့ လူနည်းစု ဗိုလ်ချုပ်တွေရဲ့ အောက်ဆွဲပြီး မိမိရဲ့အရည်အချင်းကို မြှင့်တင်မှာလား၊ တကယ်ဆို ကျွန်တော်တို့ရဲ့သန်းငါးဆယ် ကျော်တဲ့ ပြည်သူ လူထုကြီး တစ်ရပ်လုံး ကို မတရား ဂုတ်သွေးစုတ်နေတဲ့ လူနည်းစု ဗိုလ်ချုပ်တွေရဲ့ အပေါင်းအပါ အင်အား စုစုပေါင်းတောင်မှ တစ်သိန်းမပြည့်ပါဘူး.....။ သူတို့ တွေဟာ ကျွန်တော်တို့လို လူသာမန်တွေပါပဲ...။ ဒါပေမယ့် သူတို့အခွင့်ထူးတွေ ခံစားနေကြတယ်...။ အဲဒီလို ခံစားတဲ့နေရာမှာလဲ အားလုံး က သဘောတူ ကြည်ဖြူလို့ သူတို့နဲ့ ထိုက်တန်ပါတယ် ဆိုပြီး ဂုဏ်ပြု ချီးမြှောက်ထားလို့ ဆိုရင် တစ်မျိုးတစ်ဘာသာပါ။
ကျွန်တော်တို့တွေ ဘာအတွက်ကြောင့် ခေါင်းငုံ့ခံပြီး သူတို့လုပ်ချင်တာ လုပ်နေတာ၊ ဂုတ်သွေး စုတ်နေတာတွေကို လိုက်ပြီး ဆောင်ရွက် လုပ်ကိုင်၊ မသိချင် ယောင်ဆောင် နေမှာလဲ....။ အဓိကအနေနဲ့တော့ တပ်မတော်သား ညီအကိုတွေအားလုံးကို ကျွန်တော်ဒီပို့စ်လေးနဲ့ အတူ မေတ္တာရပ်ခံပါတယ်။
ညီအကိုတို့ အားလုံးဆိုခဲ့ရတဲ့ သစ္စာ၊ အဓိဌါန်လေးချက်ရဲ့ အနက်အဓိပ္ပါယ်ကို သေသေချာချာ ပြန်ဆင်ခြင်ပြီး ကျွန်တော်တို့တစ်မျိုးသား လုံးရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ ပြည်သူ့ စစ်သားကောင်းတွေ အဖြစ် လုပ်ပြပြီး သမိုင်းကိုရေးဖို့ လုပ်ကြ စေချင်ပါ တယ်...။ ကျွန်တော်တို့ အားလုံးဟာ ဘယ်လိုမဆို တစ်နေ့ မြေကြီးထဲကို ရောက်ရမှာပါပဲ...။ ဒီတော့ ကျွန်တော်တို့ ဘာလို့ ဒီဗိုလ်ချုပ်တွေ ရဲ့အမိန့်ကို နာခံပြီး သံဃာပါမချန် သတ်ဖြတ်ပြနေမှာလဲ ညီအကိုတို့ ... အခုကျွန်တော်တို့ နိုင်ငံကို တစ်ကမ္ဘာလုံးက သိသွားပါပြီ...ဒီလို သိလာတာကလည်း အင်မတန်မှ ယဉ်ကျေးပါတယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ လူမျိုးဟာ ဘုရားရဲ့ သားတော်တွေကိုပါ သတ်ဖြတ်ပြလိုက်လို့ ပါ...။ ပြီးတော့လဲ ကျွန်တော်တို့ အားလုံးကို သဘာဝတရားကြီးက သတိပေးလိုက်လို့ပါပဲ...။ မြေကြီးထဲကို ရောက်ကို ရောက်ရမယ့် အတူ တူ မင်းတို့ ကောင်တွေ ဘာလို့ ငုံ့ခံနေမှာလဲ...။ ငုံ့ခံလို့ ဘာအကျိုး ဖြစ်ထွန်းလာမှာလဲ ဆိုပြီး မြေကြီးထဲ ရောက်တဲ့ ဥပမာတစ်ခုကို ပေး လိုက်တာ ချက်ချင်းလက်ငင်းပါပဲ...။ ကျွန်တော်တို့ အားလုံးဟာ ကိုယ်စီကိုယ်စီ အကြောင်း အမျိုးမျိုးကြောင့် ဂုဏ်သော်၎င်း၊ ငွေပကာသ နသော်၎င်း၊ ရာထူးဂုဏ်ရှိန် ကြောင့်သော်၎င်း၊ တစ်မျိုးသားလုံး စစ်ကျွန်ဘ၀ ရောက်နေတာကို မသိချင် ယောင်ဆောင်မှာလား၊ ဒါမှမ ဟုတ် ဖော်လိုလိုက် နေမှာလား၊ ဒါမှမဟုတ် မနိုင်သေးလို့ဆိုပြီး ငုံ့ခံနေမှာလား။
ဒီနအဖ စစ်ဗိုလ်ချုပ်တွေဟာ အခုဆိုရင် အင်မတန်မှပဲ ရေရှည်အတွက် တိုင်းပြည်ကို ရလဒ်ကောင်းတွေ ထွက်မလာအောင် အခြေခံဥပ ဒေကိုပါ သူတို့ ထိခိုက်လာပါပြီ။ ဒါဟာ တိုင်းပြည်ကို ချွတ်ချုံ ကျသထက်ကျပြီး ကမ္ဘာမပြောနဲ့ အရှေ့တောင် အာရှနိုင်ငံတွေမှာတောင် ဘယ်အပိုင်းကမှ မ၀င်ဆန့်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါလိမ့်မယ်။ ဒီထက် ပိုဆိုးတာက လူတွေမှာ ဘယ်သူသေသေ ငတေမာရင် ပီး ရောဆိုတဲ့ စိတ်ဓါတ်မျိုးတွေ လူတိုင်းမှာ ကိုယ်စီ ဖြစ်လာနိုင်ပါတယ်။ သမိုင်းကြောင်း အစဉ်အလာက အဲဒီလို ဖြစ်လာဖို့အတွက် ဒီနေ့မှာ ခင်ဗျားတို့ ကျွန်တော်တို့ ဖန်တီးနေသလို ဖြစ်နေပါတယ်။ ဒီတော့ ကျွန်တော်တို့ အားလုံး ဒီအချက်ကို သတိရှိရှိနဲ့ ကျွန်တော်တို့ရဲ့မျိုးရိုးစဉ် ဆက်တွေ ရေရှည်မှာ ကောင်းမွန်ဖို့ တကယ့် အခြေခံကျတဲ့ ဒီမိုကရေစီစနစ်ကို တက်လှမ်းနိုင်ဖို့ လိုပါတယ်။ ဒီကမှ တဆင့် ဒီထက် ကောင်းမွန်တဲ့ စနစ် ဆိုရှယ် ဒီမိုကရေစီဆိုလဲ ဆိုရှယ်ဒီမိုကို ကျွန်တော်တို့ အားလုံး တက်လှမ်းနိုင်ဖို့ ကြိုးစားသင့်ပါတယ်။
မင်းပြစ် မင်းဒဏ်သင့်မှာ ကြောက်လို့ မလုပ်ဖူးဆိုတာမျိုးကတော့ ဒီလို အစိုးရလက်အောက်မှာပဲ နေရမှာပါပဲ။ ဒီတော့ ကျွန်တော်တို့ ကြောက်နေကြမှာလား...။ ဗမာပြည်သား တိုင်းရင်းသားတွေ တစ်ဦးချင်းစီကို လိုက်မေးကြည့်ရင် ကြောက်ပါတယ်လို့ ဖြေမယ့်လူက မရှိ သလောက်ရှားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အဲဒီလိုပဲ ကမ္ဘာပြည်သား တိုင်းရင်းသားတွေအားလုံးလဲ မကြောက်ဖူးလို့ပဲ ယေဘူယျ သတ်မှတ်ရမှာပါပဲ။
ဒီတော့ ခင်ဗျားတို့ ကျွန်တော်တို့ မကြောက်တာမှန်ရင် ကျွန်တော်တို့ အားလုံးရဲ့ နောင်လာ နောင်သားတွေအတွက် ကျွန်တော်တို့ ဒီနအဖ ကိုပြုတ်ကျတဲ့အထိ ဆော်ပြနိုင်ဖို့ လိုပါတယ်။ ကျွန်တော်လဲ တစ်ချိန်တုန်းက ဒီလောကထဲကို မ၀င်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော် ရှက်လာ ပါတယ်။ ကျွန်တော်တို့ရဲ့ အမကြီးတွေ ဖြစ်တဲ့.. ဥပမာ.. မနီလာသိန်းတို့လို မိန်းကလေးတွေတောင် ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့ လူ မျိုးအတွက် ရေရှည်ကောင်းဖို့ကို ကိုယ်ကျိုးစွန့် အနစ်နာ ခံပြနေပါတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ ယောင်္ကျား ရင့်မာကြီးတွေက ကိုယ့်လူ မျိုး အချင်းချင်းထပြီး တစ်ဦးချင်းဆီမှာ ဓါးနဲ့ ခုတ်ထိုး သတ်ဖြတ်ဖို့ကျတော့ ၀န်မလေးကြပဲ နိုင်ငံအပေါ်မှာ ကျတော့ ကြောက်ပြ နေတယ် ဆိုရင် မလေးရှားက ကိုကျော်ကျော်တို့ရဲ့ပွဲကလို ဗိုလ်ချုပ်တွေကို ထမိန်ဝတ်ပေးပြီး သနပ်ခါး ပါးကွက် ကွက်ထား လိုက်တာက ပိုကောင်း မှာပါ။ ဒါတောင် အမှန်အကန် မိန်းမမျိုးတွေဖြစ်တဲ့ မနီလာသိန်းတို့က ကျွန်တော်တို့ ခင်ဗျားတို့ အားလုံးကို ပျင်းတယ်လို့ မျက်လုံးချင်း ဆိုင်ပြီး အေးအေးဆေးဆေးလေး ပြောသွားမှာပါ။
လောလောဆယ်ကတော့ သဘာဝတရားကြီးက ကျွန်တော်တို့ကို ဒဏ်ခတ်လိုက်ပါပြီ..။ ဒီအတွက် ကျွန်တော်တို့ အားလုံး ပေးလိုက်ရတဲ့ တန်ဖိုးကတော့ လက်ရှိဖြစ်ပျက်နေတဲ့ ဟာတွေအားလုံးပါပဲ..။ လူတွေမှာ လေနဲနဲ တိုက်လာရင်တောင် နေစရာ မရှိတော့ပါဘူး။ ကိုယ်လုပ် မှ ကိုယ်ရမှာပါ..။ ဘယ်လို အမေကိုမှ ကျော်ပြီး ကျွန်တော်တို့ အားလုံးဟာ ဒွေးတော်ကို လွမ်းလို့ မရနိုင်ပါဘူး..။ကုလ.. အမေရိက..ဂြိုလ် သား ဘာကိုမှ လွမ်းနေလို့ မဖြစ်နိုင်ပါဘူး..။ ဒီတော့ ကျွန်တော်တို့ ညီညာစွာနဲ့ နအဖကို ဆော်ရရင် ကောင်းမယ်ဗျာ...။ ဒီအတွက် ခင်ဗျား တို့လို ပြည်ထောင်စုရဲ့ တပ်မတော်သား အမှန်အကန်တွေကိုပဲ လိုအပ် နေပါတယ်။ သဘာဝ တရားကြီးက ကိုယ်လုပ်မှ ကိုယ်ရမယ် ဆို ပြီး သတိပေး၊ ဒဏ်ခတ် ပြလိုက်ပြီး တာဝန် ကျေပြလိုက်ပါပြီ။ ဒီအတွက် ဘာတွေ ပေးဆပ်လိုက်ရလဲ...။ ပေးဆပ်မှု မရှိပဲ ဘာမှ မရနိုင်ပါ ဘူး....။ ကျွန်တော်တို့ တတ်နိုင်သလောက် ပေးဆပ်ကြမယ်ဗျာ...။ ။
ကိုတေ
ခွပ်ဒေါင်းတို့ရဲ့နန်းတော်မှတင်ပြသည်။
Posted by Ashin dhamma at 2:09 AM 0 comments
ဒီပဲယင်းတိုက်ခိုက်မှု သန်းရွှေ ကိုယ်တိုင်အမိန့်ပေး မြန်မာသံအရာရှိဟောင်းပြော
လွန်ခဲ့တဲ့ ၅ နှစ် ၂၀၀၃ ခုနှစ် မေလကုန်မှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်းလုပ်ကြံတိုက်ခိုက်မှုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင်က အမိန့်ပေး ညွန်ကြားခဲ့တာ ဖြစ်တယ်လို့ မြန်မာ စစ်ထောက်လှမ်းရေးနဲ့ သံတမန် အရာရှိဟောင်း ဖြစ်တဲ့ ဗိုလ်မှူး အောင်လင်းထွဋ်က ပြောကြားလိုက်ပါတယ်။ မြန်မာစစ်အစိုးရရဲ့ ထောက်ပံ့မှုကို ရထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းနဲ့ လူရမ်းကားတွေကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ကားတန်းကို အကြမ်းဖက် တိုက်ခိုက်ခဲ့တာကြောင့် မိုလို့ လူ ၇၀ ထက်မနဲ သေဆုံးခဲ့ရတယ်လို့ အတိုက်အခံ အဖွဲ့ဝင်တွေက ဆိုပါတယ်။ ဗိုလ်မှူးအောင်လင်းထွဋ်ရဲ့ နောက်ကြောင်းပြန် ပြောကြားချက်ကို ဗီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်းက တင်ပြထားပါတယ်။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အမဲစက် ထင်ကျန်ရစ်စေမယ့် သွေးစွန်းတဲ့ နေ့ရက်တစ်ရက် ဖြစ်ပါတယ်။ အထက် မြန်မာပြည်ဘက်မှာ နယ်လှည့်စည်းရုံးရေးခရီး ထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ယာဉ်တန်းကို ဒီပဲယင်းမြို့နယ်အတွင်း ညမှောင်မှိတ်ချိန်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေ လူရမ်းကားတွေပါ ၀ိုင်းပြီး ခြုံခိုတိုက်ခိုက်ခဲ့ကြတာပါ။ ဒီမတိုင်ခင် ရက်တွေမှာလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စည်းရုံးရေးခရီးစဉ်တလျှောက် ဒီလူစုတွေရဲ့ သဲသဲမဲမဲ လိုက်နောက်ယှက်မှုတွေ ရှိနေခဲ့ပေမယ့် ဒီလောက်ထိတော့ သွေးချောင်းစီး တိုက်ခိုက်မှုကို ကျူးလွန်လိမ့်မယ်လို့ ဘယ်သူကမှ မထင်ခဲ့ကြပါဘူး။ ဒါပေမယ့် ဒါဟာ တကယ့်ကို ရက်ရက်စက်စက် စီမံလုပ်ကြံမှု တစ်ခုသာ ဖြစ်ပါတယ်လို့ မြန်မာ စစ်ထောက်လှမ်းရေး အရာရှိဟောင်းနဲ့ သံတမန်ဟောင်း တစ်ဦးဖြစ်သူ ဗိုလ်မှူး အောင်လင်းထွဋ်က ဗီအိုအေကို အခုလို ပြောပြခဲ့ပါတယ်။
“အမှန်တိုင်း ပြောရရင်တော့ သူတို့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ရှင်းရှင်းပြောရရင်တော့ အသေ လုပ်ကြံတာပဲခင်ဗျ။ ကျနော် သိသလောက်ပေါ့လေ။ နောက်ပိုင်း ကျနော်တို့ ပြန်ပြောကြတဲ့ အခါမှာပေါ့။ အဲဒီတော့ ကံကောင်းတာက ဒေါ်အောင်ဆန်းစုကြည်ကားဟာ ထိပ်ဆုံးက ဖြစ်ပြီးတော့မှ နောက်ဆုံး သူ့ကားက မောင်းပြီးတော့မှ ပြေးပြီး ထွက်သွားနိုင်တယ်လို့ သိရတယ်။ နောက်ပိုင်းမှာ ကျနော်တို့ ရဲစခန်းတစ်ခုမှာ သွားပြီးတော့ သတင်းပို့တယ်လို့ ကျနော်တို့ သိပါတယ်။ ရဲစခန်း ရောက်တဲ့အခါကျတော့ ကျနော်တို့ ထောက်လှမ်းရေးတပ်ဆွယ်က လူတွေက နေပြီးတော့ သတင်းပို့တယ်လို့ သိရပါတယ်။ နောက်ပိုင်း အန္တရာယ် ရှိတာနဲ့ ရဲစခန်းကနေပြီးတော့မှ တနေရာကို ရွှေ့တယ်လို့ ကျနော်တို့ သိတယ်။ တပ်ကို ရွှေ့တယ်လို့ သိတယ်။ ကျနော် သိသလောက်ပေါ့နော်။ အဲဒီ တပ်ထဲကျမှ ကျနော်တို့ မိထ္ထီလာ လေတပ်က တပ်လေယာဉ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ညတွင်းချင်းပဲ ရွှေ့သွားတယ်ဆိုပြီးတော့မှ ကျနောတို့ သိပါတယ်။”
ဒီပဲယင်းလုပ်ကြံတိုက်ခိုက်မှုမှာ လူပေါင်း ၇၀ ထက်မနဲ သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည်ပရောက် အတိုက်အခံတွေရဲ့ စုံစမ်း ထွက်ဆိုချက်တွေမှာ ဖော်ပြခဲ့ကြပါတယ်။ စစ်အစိုးရ ကတော့ သေဆုံးသူ ၄ ယောက်ပဲ ရှိပါတယ်လို့ ကနဦး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ ဒီကိစ္စအတွက် တရားဝင် အရေးယူစုံစမ်းမှုတွေလည်း အခုချိန်ထိ လုပ်မလာခဲ့ပါဘူး။
တကယ်တမ်းမှာ ဒီအဖြစ်အပျက်ဟာ အထက်က ညွှန်ကြားချက်အမိန့်နဲ့ အကွက်ချ စီစဉ်ခဲ့တဲ့ လုပ်ရပ်တစ်ခုပဲ ဖြစ်တယ်လို့ ဗိုလ်မှူး အောင်လင်းထွဋ်က အခိုင်အမာ ပြောပါတယ်။ ၀န်ကြီး ဦးအောင်သောင်း ဦးစီးတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေ လူရမ်းကားတွေ တဖြည်းဖြည်း အတင့်ရဲ ကြမ်းတမ်းလာပြီး ဒေါ်အောင်ဆန်းစုကြည် တို့ကို တိုက်ခိုက်မယ့်အဆင့်ထိ ရောက်လာနေတာကို နယ်မြေခံစစ်တပ်နဲ့ ထောက်လှမ်းရေးကတောင် စိုးရိမ်မကင်း ဖြစ်လာရပြီး အဲဒီအချိန်က ရန်ကုန်မှာရှိတဲ့ ထောက်လှမ်းရေးမှူးချုပ် ရုံးကို အကြောင်းကြားလာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံကို သွားရောက်ပြီး သတင်းပို့ မေးမြန်းခဲ့တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒါဟာ သူကိုယ်တိုင် ညွှန်ကြားထားတဲ့ကိစ္စ ဖြစ်တယ်လို့ ဖြေကြားခဲ့ကြောင်း ဗိုလ်မှူးအောင်လင်းထွဋ်က ပြောပါတယ်။
“ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကနေပြီးတော့မှ ဗိုလ်ချုပ်မှူးကြီး အခြေအနေ ဒီလိုဖြစ်တယ် ဆိုပြီး သူ ပြောပြတဲ့အခါကျတော့ - အေး ဘာဖြစ်လဲကွာ ငါ ခိုင်းထားတာ ဆိုပြီးတော့မှ သူက အဲဒီလို ပြန်ပြောပါတယ်။ ပြန်ပြောတော့ ဗိုလ်ချုပ်ကြီး ခင်ညွှန့်က ဘာထပ်ပြောလိုက်လဲဆိုတော့ - ဗိုလ်ချုပ်မှူးကြီး၊ အဲဒီလို လုပ်မယ်ဆိုလို့ရှိရင် အားလုံး ရှုပ်ထွေးကုန်လိမ့်မယ်။ ကျနော်တို့ မြန်မာ့နိုင်ငံရေးရော၊ ကျန်တဲ့ နိုင်ငံတကာနဲ့ ဆက်ဆံမှုတွေပိုင်းမှာပါ အားလုံးက ရှုပ်ပြီးတော့ ရှင်းမရတဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ် ဆိုပြီးတော့မှ ဗိုလ်ချုပ်ကြီး ခင်ညွှန့်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြောပါတယ်။ ပြောတော့အခါကျတော့ ဒီအဘိုးကြီးက ဘာပြန်ပြောလဲဆိုတော့ - အေး အဲဒါဆိုလည်း မင်းတို့ဘာသာ မင်းတို့ ကြည်လုပ်ကြပေါ့ကွာ ဆိုပြီးတော့မှ ပြောပြီးတော့မှ အဲဒီ စကားပြောတဲ့နေရာကနေပြီးတော့ အပြင်ကို ထွက်သွားတယ်ဆိုပြီးတော့ ကျနော် သိရပါတယ်ခင်ဗျ။”
မြန်မာစစ်တပ်မှာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန်ကိုပဲ နာခံတဲ့ လက်အောက်ခံ အဆင့်ဆင့်နဲ့ ဖွဲ့စည်းထားတာမို့ သူ့ရဲ့ တိုက်ရိုက်အမိန့်ကို ရထားတဲ့ လူတစ်စုရဲ့ လက်ရောက်ကျူးလွန်မှုကို ကျန်တဲ့အရာရှိကြီးတွေလည်း ဟန့်တားဖို့ ဘာမှ မတတ်နိုင်ခဲ့ကြောင်းကို ဗိုလ်မှူး အောင်လင်းထွဋ်က ထပ်ပြီး ရှင်းပြခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံတွင်းမှာ လွတ်လပ်မျှတတဲ့ ကော်မရှင် အဖွဲ့တစ်ခု စုံစမ်းပြီး စစ်ဆေးမှုတွေ လုပ်စေခဲ့မယ်ဆိုရင်တော့ ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ အမှုမှန်တွေ ပေါ်လာမှာတော့ မလွဲပါဘူး။
မြန်မာစစ်ထောက်လှမ်းရေးကနေ နိုင်ငံခြားရေးဌာနကို ပြောင်းရွှေ့တာဝန် ထမ်းဆောင်ပြီး ၂၀၀၅ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု မြန်မာသံရုံး ယာယီတာဝန်ခံ သံမှူးကြီး အဖြစ်ကနေ နိုင်ငံရေး ခိုလုံခဲ့သူဖြစ်တဲ့ ဗိုလ်မှူး အောင်လင်းထွဋ်ရဲ့ ဒီပဲယင်း အရေးအခင်းအကြောင်း ကြားသိရသမျှ ပြန်ပြောင်းပြောပြချက် အသေးစိတ်ကို တနင်္ဂနွေနေ့ မြန်မာ့ဒီမိုကရေစီ ရေးရာကဏ္ဍမှာ နားဆင်နိုင်ပါတယ်။
VOA News
Posted by Ashin dhamma at 12:36 AM 0 comments
လေဒဏ်သင့် ကျောင်းပျက်များကြောင့် ကျောင်းသား တသန်းကျော် ပညာရေးထိခိုက်ရ
May 31st, 2008 by admin
နာဂစ်မုန်တိုင်းသင့် ဒေသများတွင် ကျောင်းများ ပျက်စီးကြသဖြင့် ထိခိုက်နစ်နာရသူ ကျောင်းသားလူငယ် ဦးရေမှာ ၁ ဒဿမ ၁ သန်း ရှိသည်ဟု အစိုးရ ကိန်းဂဏန်းများက ဆိုသည်။ရန်ကုန်နှင့် ဧရာဝတီတိုင်းတွင် ပျက်စီးသွားသော အခြေခံပညာ ကျောင်းပေါင်း ၄၁၀၆ ကျောင်း ရှိသည့်အနက် လုံးဝ ပျက်စီးသွားသော ကျောင်း ၁၂၅၅ ရှိကာ၊ ၈၀၄ ကျောင်းမှာ ဆိုးဝါးစွာ ပျက်စီးသွားသလို၊ ၁၉၉၆ ကျောင်းမှာမူ အမိုးများ ပျက်သွားသဖြင့် ကျောင်းသားများ ယခုလို ပညာသင်ကြားရေး ထိခိုက်ကြရသည်။
“ကျနော်တို့ မြို့ပေါ်မှာက အထက ကျောင်း ၂ ကျောင်းကပဲ အမိုးလန်သွားတာ ရှိတယ်။ အဲဒါတော့ လူကြီးတွေ လာကြည့်တော့ ပြင်ပြီးသွားပြီ။ တခြား မူလတန်း ကျောင်းလေးတွေဆိုရင် ကျောင်းဆောင်တခုလုံး ပြိုသွားတာ ရှိတယ်။ အနီးအနားက ရွာတွေဆိုရင် ဘာမှကို မကျန်တော့တာတွေ ရှိတယ်” ဟု ဘိုကလေး မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံတ၀ှမ်း ကျောင်းဖွင့်ရာသီကို ရောက်တော့မည် ဖြစ်သော်လည်း မုန်တိုင်းဒဏ်သင့် ဒေသများမှ ပျက်စီးသွားသော ကျောင်းအများစုတို့မှာ ယနေ့ထိတိုင် ပြန်လည် ပြင်ဆင်နိုင်ခြင်း မရှိသေးပါ။
ကျောင်းသားမိဘများ အနေနှင့်လည်း မိသားစု စားဝတ်နေရေးကိုသာ လုံးပန်းနေရ၍ ကလေးများ၏ ကျောင်းတက်ရန် ကိစ္စကို မတွေးဝံ့အောင် ရှိနေကြသည်။
“ကျမကလေးတွေကို ပညာတတ်ကြီးတွေ ဖြစ်စေချင်လို့ ကြိုးစားပြီး ကျောင်းထားခဲ့တယ်။ အခုက ကျောင်းကလည်း ပျက်နေပြီ။ ကျမတို့ အိမ်လည်း မရှိတော့ဘူးဆိုတော့ ကလေးတွေကို ကျောင်းမထားနိုင်တော့ဘူး။ ကလေးတွေက ကျောင်းတက်ချင်ကြတယ်” ဟု ဘိုကလေးမ ကျောင်းသားမိဘ တဦးက ပြောသည်။
ကျောင်းသားငယ်များသည် ကျောင်းတက်ရန်ထက် စားဝတ်နေရေး အခက်အခဲများကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေကြသည်။
“သူများတွေက ကျောင်းအပ်နေရပြီလေ။ သမီးက မအပ်ရသေးဘူး။ စိတ်မကောင်းဘူး။ သမီးက ဒီနှစ် ၁၀ တန်းတက်မှာ၊ ၀ိဇ္ဇာဘာသာတွဲ ယူထားတယ်။ အဖေတို့က မရှိတဲ့ ကြားက မြို့မှာ ကျောင်းထားပေးထားတော့ ကြိုးစားပါတယ်။ အခုကတော့ အိမ်တောင် မရှိတော့ဘူး။ ကျောင်းတက်ရဖို့ကတော့ သမီးရဲ့ ကံတရားလို့ပဲ မှတ်ပါတယ်” ဟု ဘိုကလေးမြို့နယ်အပိုင် အတွဲနှစ်ရွာမှ မညိုညိုက ပြောသည်။
ဧရာဝတီတိုင်းအတွင်း လေဘေးဒဏ်သင့် ၇ မြို့နယ်တွင် အခြေခံ ပညာသင်ကျောင်းများ ဖွင့်ရက်ကို တလ နောက်ဆုတ်လိုက်ကြောင်း ဧရာဝတီတိုင်း ပညာရေးရုံးက ထုတ်ပြန်ထားသည်။
“ဒီလို ထုတ်ပြန်တာ ဟုတ်ပါတယ်။ ဧရာဝတီတိုင်းက အရင် ကြေညာပြီးတဲ့ ဘေးဒဏ်သင့် ၇ မြို့နယ်ကိုပါ။ တလ နောက်ဆုတ်လိုက်ပါတယ်” ဟု ပုသိမ်မြို့ တိုင်းပညာရေးရုံးမှ ၀န်ထမ်းတဦးက ပြောသည်။
ကျောင်းများ ဖွင့်ရန် အဆင်သင့် မဖြစ်သေး၍ ဧရာဝတီတိုင်းရှိ လေဘေးဒဏ်သင့် ငပုတော၊ ကျိုက်လတ်၊ ဘိုကလေး၊ လပွတ္တာ၊ ဖျာပုံ၊ ဒေးဒရဲ၊ မော်လမြိုင်ကျွန်းမြို့နယ် ၇ မြို့နယ်တို့အတွင်းမှ အခြေခံပညာ ကျောင်းဖွင့်ရက်များကို ရွှေ့ဆိုင်းလိုက်သည်။
တနိုင်ငံတ၀ှမ်းလုံး ကျောင်းအပ်ရက်ကို မေလ ၂၅ ရက်နေ့မှ စတင် သတ်မှတ်ထားသည်။ ကျောင်းဖွင့်ချိန်မှာ ဇွန်လ ၂ ရက်နေ့ ဖြစ်သည်။
ရန်ကုန်တိုင်းနှင့် အခြား ပြည်နယ်-တိုင်းများမှ ကျောင်းများသည် ပုံမှန်အတိုင်း ဖွင့်လှစ်သွားမည်ဟု သိရသည်။
Yangon.tk မှတင်ပြသည်။
Posted by Ashin dhamma at 12:12 AM 0 comments
လေဘေးဒဏ်သင့်သူများ ဆန္ဒမပါဘဲ ရွာပြန်ခိုင်းခြင်း
May 31st, 2008 by admin
မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ဒေသတွေကလူတွေကို သူတို့နေရပ်တွေဆီ အချိန်အခါမသင့်သေးဘဲ အတင်းအကျပ်ပြန်ပို့ တာမျိုးကို ကုလသမဂ္ဂအနေနဲ့ အတည်ပြု ထောက်ခံချက်မပေးပါဘူုးလို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ဒီလို လုပ်တာဟာ နောက်ထပ် ဘေးအန္တရာယ်တွေကို ကြုံတွေ့ရစေနိုင်တယ်လို့လည်း သတိပေးလိုက်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။
မုန်တိုင်းဒဏ်သင့်လူထုကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ တဖြည်းဖြည်း အရှိန်မြင့်လာတာနဲ့အမျှ မုန်တိုင်းဒဏ်သင့်လူထု ကိုယ့်ရပ်ကိုယ်ရွာပြန်ပြီး မိမိတို့ အသက်မွေးဝမ်းကျောင်းဘ၀တွေ ပြန်တည်ဆောက်နိုင်ရေးဟာ အတော့်ကို အရေးကြီးတဲ့ အခြေ အနေမှာ ရောက်နေပြီလို့ ပြောခဲ့သူကတော့ ကုလသမဂ္ဂ လူသားဘေးဒုက္ခဆိုင်ရာ ကူညီကယ်ဆယ်ရေးရုံး OCHA ရဲ့ အာရှဒေသ ညွှန်ကြားရေးမှူး မစ္စတာ တာရီယဲ စကာ့ဗ်ဒါးလ် (Terje Skavdal) ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ မိမိသဘောနဲ့မိမိဖြစ်ရမယ်၊ တိုင်ပင်ညှိနှိုင်းဆောင်ရွက်တဲ့ကိစ္စဖြစ်ရမယ်လို့ သူက ထောက်ပြလိုက်ပါတယ်။ ကုလသမဂ္ဂအနေနဲ့ကတော့ အတင်းအကျပ် နေရပ်ရင်းပြန်ခိုင်းတာမျိုးကို မထောက်ခံပါဘူးတဲ့။
“ဘာထောက်ပံ့မှု၊ ဘာဝန်ဆောင်မှုမှမရှိဘဲ ပြန်ခိုင်းတာမျိုးကို ကျနော်တို့ မထောက်ခံပါဘူး။ လူတွေကို ပြန်လည်နေရာချထားရာ မှာ ကူညီ ထောက်ပံ့ဖို့လိုပါတယ်။ သူတို့နေရပ်တွေဆီ မပြန်ခင်မှာကို ကျေနပ်လောက်ဖွယ်ရာ အခြေအနေတွေ ဖန်တည်းပေးဖို့ လိုပါတယ်။ လူတွေကို အင်အားသုံးပြန်ပို့တာမျိုးကို လုံးဝ လက်မခံပါဘူး။ ဒီအချက်နဲ့ပတ်သက်ပြီး အာဏာပိုင်တွေကို ကုလသမဂ္ဂ က ရှင်းရှင်းလင်းလင်း ပြောထားပြီးပါပြီ။ ကျနော်တို့ ဆက်ပြီး စောင့်ကြည့်သွားပါမယ်။” လို့ မစ္စတာ တာရီယဲ စကာ့ဗ်ဒါးလ်က ပြော သွားပါတယ်။
ဒါ့အပြင် မကြာသေးခင် ရက်ပိုင်းကမှ မြန်မာနိုင်ငံက ပြန်ရောက်လာခဲ့တဲ့ ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ အာရှဒေသ ညွှန်ကြားရေးမှူး မစ္စ အနုပါမာ ရောင် ဆင်းဂ် (Ms. Anupama Rao Singh) ကလည်း အချိန်အခါ မသင့်ခင် လူတွေပြန်ပို့တာဟာ အတော်လေး အန္တရာယ်ရှိပါတယ်လို့ သတိပေးခဲ့ပါတယ်။
“လူတွေကို အချိန်အခါမသင့်ခင် ပြန်ပို့တာ၊ ပြန်လည်နေရာချထားတာဟာ အတော်လေး စိုးရိမ်ဖွယ်အန္တရာယ်ရှိတယ်လို့ မိမိထင် ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ နေရာဒေသ စတုရန်းမိုင် ရာပေါင်း ထောင်ပေါင်းများစွာဟာ လုံးဝ ရေလွှမ်းမိုးနေပါတယ်။ လူ တွေပြန်သွားရင် တကယ့်အန္တရာယ်က ဘာလဲဆိုတော့ သူတို့နေရာတွေမှာ အသက်ကယ် ထောက်ပံ့ဝန်ဆောင်မှုတွေကို မရ တော့မယ့်အခြေအနေပါ။ ဒါ့ကြောင့် မိမိတို့အားလုံးဟာ ရောဂါဘယတွေနဲ့ ကပ်ဘေးတွေကျရောက်မယ့် ဒုတိယလှိုင်းနဲ့ တကယ့် ကို ရင်ဆိုင်ကြရပါမယ်။” လို့ မစ္စအနုပါမာက အလေးအနက် သတိပေးခဲ့ပါတယ်။
မြန်မာနိုင်ငံက မုန်တိုင်းဒဏ်သင့်လူထုအတွက် ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ရေးမှာ ကုလသမဂ္ဂနဲ့ မြန်မာစစ်အစိုးရကြား သဘောတူညီမှုတွေ ရရှိခဲ့တာ သီတင်းတပတ်ကြာသွားပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ ကုလသမဂ္ဂတာဝန်ရှိသူတွေဟာ မြစ်ဝ ကျွန်းပေါ်ဒေသကို လွတ်လွတ်လပ်လပ်နဲ့ မြန်မြန်ဆန်ဆန် သွားရောက်နိုင်ရေးရဲ့ အရေးကြီးပုံကို ဆက်ပြီးတော့ ထောက်ပြ ပြောဆိုနေရဆဲပဲရှိပါသေးတယ်။ မစ္စတာ တာရီယဲ စကာ့ဗ်ဒါးလ် က -
“နိုင်ငံတကာကြက်ခြေနီနဲ့ လခြမ်းနီအသင်းများအဖွဲ့ချုပ် IFRC က ကျွမ်းကျင်သူတွေအပါအ၀င် အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေက ကျွမ်းကျင်သူတွေ မြစ်ဝကျွန်းပေါ်ဒေသဆီကို ဗျူရိုကရေစီယန္တယား အတားအဆီးတွေမရှိဘဲ မြန်နိုင်သမျှ မြန်မြန် ပိုပြီးတော့ အရေအတွက်များများ သွားနိုင်တာကို ကျနော်တို့မြင်လိုပါတယ်။” လို့ ပြောခဲ့ပါတယ်။
ကုလသမဂ္ဂ၀န်ထမ်းတွေ မြစ်ဝကျွန်းပေါ်ဒေသသွားရောက်နိုင်ရေးအတွက် ကြိုတင်ခွင့်ပြုမိန့်တောင်းခံရမယ့် ကာလကို သီတင်း နှစ်ပတ်ကနေ နှစ်ရက်အထိ အစိုးရကလျှော့ချပေးခဲ့ပေမယ့် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေအတွက် ဘယ်လောက်ကြာမယ် ဆိုတာ ရှင်းရှင်းလင်းလင်းမရှိပါဘူး။
နိုင်ငံတကာကအကူအညီတွေကို မုန်တိုင်းဒဏ်သင့်လူထု ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန်ရရှိနိုင်ရေးမှာ အာဏာပိုင်တွေ ကြောင့် နှောင့်နှေးမှုတွေကြုံနေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာကလည်း ရက်အတန်ရှိပါပြီ။ ကုလသမဂ္ဂနဲ့ နိုင်ငံ တကာ အဖွဲ့အစည်းတွေရဲ့ တာဝန်ရှိသူတွေဟာ ဒီအချက်ကို ပွင့်ပွင့်လင်းလင်း ၀န်ခံပြောကြားမှုမရှိပေမယ့် သူတို့ ပြောသလောက် မှာကိုပဲ အဟန့်အတားတွေရှိနေတယ်ဆိုတာ ပေါ်လွင်နေပါတယ်။
နိုင်ငံတကာကြက်ခြေနီနဲ့ လခြမ်းနီအသင်းများအဖွဲ့ချုပ် IFRC ရဲ့ အရေးပေါ်အမိုးအကာ ထောက်ပံ့ရေးကဏ္ဍ လုပ်ငန်းညှိနှိုင်းရေး မှူး မစ္စတာ ဂရက်ဂ် မက်ဒေါ်နယ်လ်ဒ် (Mr.Gregg McDonald) က အမိုးအကာတွေဖြန့်ဖြူးနိုင်ရေးဟာ မိမိတို့ကိုပေးထားတဲ့ ခွင့်ပြုချက်အတိုင်းအတာပေါ်မှာ မူတည်နေပါတယ်၊ ဒါပေမယ့် နောက် သီတင်းခြောက်ပတ်အတွင်းမှာ မုန်တိုင်းသင့်လူထုရဲ့ ၄၀ ရာခိုင်နှုန်းဆီကို ဖြန့်ဖြူးပေးနိုင်ဖို့ စီစဉ်ထားပါတယ်တဲ့။
“ပြည်တွင်းမှာ ဖြန့်ဖြူးရေးဟာ စိန်ခေါ်မှုတရပ်အဖြစ် ရှိနေပါသေးတယ်၊ လုပ်ဆောင်နိုင်စွမ်းကလည်း နိမ့်နေဆဲပါ။ ဒါပေမယ့် မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ရဲ့ အကျယ်ပြန့်ဆုံးကွန်ယက်နဲ့အတူ အဖွဲ့တွေဟာ သွားလာခွင့်တွေ ပိုရလာနေကြပါပြီ။” လို့ဆိုပါတယ်။
ဇွန်လ ၂ ရက်နေ့မှာ ကျောင်းတွေပြန်ဖွင့်တော့မယ်လို့ အစိုးရကကြေညာထားတဲ့အတွက် ယူနီဆက်ဖ်အနေနဲ့ မုန်တိုင်းဒဏ်သင့် ကလေးသူငယ်တွေ ပညာသင်နှစ်တနှစ်လုံး လွတ်မသွားစေဖို့ ဦးစားပေးလုပ်ဆောင်နေတယ်လို့ မစ္စ အနုပါမာကပြောပါတယ်။
“ကလေးသူငယ်တွေအတွက် ပညာရေးဝန်ဆောင်မှုပေးဖို့ ဘယ်လို နှောင့်နှေးမှုမျိုးမဆို၊ ပညာသင်နှစ်တနှစ်လုံး လွတ်သွားနိုင်ခြေ ရှိနေတာမျိုးဟာ ကလေးတွေရဲ့အနာဂတ်အတွက် မကောင်းပါဘူး။ ဒါကြောင့် ပညာရေးဝန်ဆောင်မှုတွေ ပြန်လည် ထူထောင် ရေးကို ဦးစားပေးအဖြစ် မိမိသတ်မှတ်ပါတယ်။” လို့ မစ္စအနုပါမာက ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာကြုံနေရတဲ့ လူသားဘေးဒုက္ခကပ်ကြီးဟာ အင်ဒိုနီးရှားနိုင်ငံ၊ အာချေးဒေသမှာဖြစ်ခဲ့တဲ့ အတိုင်းအတာ ပမာဏနဲ့ အတော့်ကို တူတယ်လို့ ဆိုပါတယ်။ လက်တွေ့ လုပ်ကိုင်ရတဲ့အခြေအနေချင်းသာ မတူတာပါတဲ့။ ဒါ့ကြောင့်လည်း ကူညီ ကယ်ဆယ်ရေးအဆင့်ဟာ ပြီးမသွားသေးဘူး၊ နောက်ထပ် လအတော်ကြာ ဆက်သွားရဦးမယ်ဆိုတာကို ကုလသမဂ္ဂ တာဝန်ရှိသူ တွေအားလုံးက ပြောနေကြတာပဲဖြစ်ကြောင်းပါခင်ဗျား။
Yangon.tk မှတင်ပြသည်။
Posted by Ashin dhamma at 12:10 AM 0 comments
Friday, May 30, 2008
အကြင်နာတွေနဲ့ဖေးကူပါ
အကြင်နာတွေနဲ့ဖေးကူပါ
လေးဖြူ ၊ မျိုးကြီး ၊ ဟယ်ရီလင်း ၊ R ဇာနည် ၊ L လွန်းဝါ ၊ တင်ဇာမော် ၊ ဇမ်နူး ၊ ဆုန်သင်းပါရ် ၊ ကြိုးကြာ နှင့် အခြားတေးသံရှင်များ မေတ္တာဖြင့်သီဆိုထားကြပါသည်
ပြဇာတ်တစ်ပုဒ်လို ခဏအချိန်လေးအတွင်းမှာ ငါတို့ရဲ့ဘဝတွေ အဆုံးတိုင် ပျောက်ကွယ်ပြီလား
ကြိုးစားပြီး အိုဆောက်တည်ခဲ့သမျှဟာ အခုတော့ နံဘေးမှာ ဖိတ်စဉ်ကြွေကျ
ရေပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာ အသစ်က စရမလား
ပိုင်ဆိုင်ခဲ့သမျှ ငါတို့ ဘဝဟာ မမြဲခြင်းတရားတဲ့လား
ဆုံးရှုံးခဲ့ပြီ လူ့အသက်ပေါင်းများစွာ မိသားစုများစွာ ကြိတ်ခါရှိုက်ငိုသံများ
နှလုံးသားထဲမှာ ပွင့်ဝေဆဲမေတ္တာ ပေးအပ်ဖို့ရာ လက်ခံမယ့်သူရှိမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
အန္တရာယ်ရေပြင်ကျယ်ကြီးထဲမှာ အချစ်နဲ့ဘဝတွေ အဆုံးတိုင်ပျက်စီးသွား
(ဆုန်သင်းပါရ်) ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
(ဟယ်ရီလင်း) ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
(R ဇာနည်) စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲအခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ
အမေပျောက်လို့လိုက်ရှာ ကလေးငယ်ပေါင်းများစွာ ငိုကြွေးလို့ဟစ်အော် မိခင်ကြားနိုင်ပါ့မလား
အပြေးအလွှားလိုက်ရှာ အဖေ့ကိုလဲ မတွေ့ပါ ထွေးပိုက်ဖို့ရာ ဖခင်ကော ပြန်လာမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
မာယာအပြည့်နဲ့ မုန်တိုင်းအောက်မှာ တွဲလက်ဖြုတ်ကာ အဝေးဆုံးဝေးခဲ့ရ
ငါ့ရဲ့နှုတ်ခမ်းတွေ ရမ်းရောင်ခြောက်ကပ်လာ အသက်ဆက်ခွင့်ကို ရနိုင်ပါ့မလား
အသက်ပျောက်ခဲ့ပြီ ငှက်ငယ်လေးများပမာ ရုပ်ဝတ္ထုတွေ မျောပါမြစ်ပြင်အနှံ့အပြား
ရေပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာအသစ်က စနိုင်မလား..
သန်းခေါင်ယံညရဲ့ ဆုတောင်းများစွာ ပြည့်ဝခွင့်ဟာ အားလုံးရဲ့ အဖြေလား (အူး.. အားလုံးရဲ့အဖြေလား)
ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲအခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ
(လေးဖြူ) ဆုံးရှုံးခဲ့တဲ့ တို့ဘဝတွေ အတူပြန်လည်တည်ဆောက်ကြမယ် အနွေးထွေးဆုံးဒီအချစ်များနဲ့ အူး..
(မျိုးကြီး) ရင်ဆိုင်ကြဖို့ လက်တွေ အတူ.. တွဲထား အိုး ဘဝတွေ တစ်ခေါက်ပြန်လှစေဖို့ အတူတူဖြစ်စေရမယ် တို့ရဲ့လက်များနဲ့ (လက်များနဲ့)
မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘဝများစွာ ရှင်သန်ဖို့ အခွင့်တွေဟာ ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့်လက်များ ဝမ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ (အူး အချစ်နဲ့ဘဝတွေ နာကြင်ခြင်း)
မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘဝများစွာ ရှင်သန်ဖို့ အခွင့်တွေဟာ ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့် (တို့လက်များ) လက်များ ဝမ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ နာကြင်အဖေါ်မဲ့ ဘဝတွေ
Posted by Ashin dhamma at 10:18 PM 0 comments
နောက်ဆုံးခေါ်သံ - Final Call and Last Chance
အခုနောက်ဆုံးဝင်လာတဲ့ သတင်းအရ အမေရိကန်က ဆေးသဘောင်္ကို ၀င်ခွင့်ပြုဖို့ တောင်းဆိုနေသေးတယ်ဆိုတဲ့ သတင်းပါပဲ။ ဒါဟာ ကျနော်တို့ မြန်မာတွေကို နောက်ဆုံးခေါ်သံလားလို့ တွေးနေမိတယ်။ ဒီနေ့ မနက်မှာ ရောဝတီတိုင်းဖက်က လယ်သမားကြီးတယောက်နဲ့ စကားပြောဖြစ်ပါတယ်။
သူအပြောအရ နအဖ က ဘာဆို ဘာမှ ထိထိရောက်ရောက် မကူညီသေးပါဘူးလို့ ဆိုတယ်။ နှစ်အိမ်ကို အားလူး နှစ်လုံး၊ လူနှစ်ယောက် ကြက်ဥတလုံး နဲ့ ဆန် နှစ်ဗူးဆီသာရပါသေးသတဲ့။ မုန်တိုင်းဆဲပြီးနောက် စစ်တပ်က တပ်ရင်းမှူးနဲ့အဖွဲ့ ရောက်လာတယ်။ ဘာအကူညီမှမပါဘူး။ နောက်တပ်စုတစု လာထားတယ်။ သူတို့ကိုလည်း ရာရှင်တွေ မပေးလိုက်ဘူး။ ဒီတော့ ဒီစစ်သားသုံးဆယ်က ဒုက္ခသည်တွေဆီက ရသမျှ စုဆောင်းထားတဲ့ မရှိမဲ့ ရှိမဲ့လေးကို ကပ်စားသွားပါသေးသတဲ့။ သူထိုင်းဖက်ကို လာရတဲ့အကြောင်းကတော့ သူတို့ အမျိုးတယောက် ထိုင်းမှာ လာအလုပ်လုပ်နေလို့ လာရောက် အကူအညီတောင်းတာပါ။ ကျနော်တို့ သူ့ကိုဘတ် ၂ ထောင်သာ ကူညီလိုက်နိုင်ပါတယ်။
ကျနော်တို့ နိုင်ငံရေး အသိုင်းအ၀ိုင်းက လူတွေကလည်း အရှုံးနဲ့ အသားကျနေတော့ ရှုံးရင်လုပ်တတ်တယ်။ နိင်ရင်ဘာမှမလုပ်တတ်ဘူး။ အခွင့်အရေးကိုအသုံးမချတတ်ကြဘူး။ ၈ လေးလုံး လူထုတိုက်ပွဲ အမြင့်ဆုံးအချိန်မှာ ကျနော်တို့ အစိုးရဖွဲ့ဖို့ နှစ်ရက်ဆက်တိုက် ကြိုးစားကြတယ်။ အစိုးရ မဖွဲ့နိုင်ခဲ့ကြဘူး။ ဦးနုကို ထောက်ခံလိုက်ကြဖို့ ကျနော်တို့ ကြိုးပန်းချက်တွေဟာ သဲထဲရေသွန်ဖြစ်ရတယ်။ (ဦးနု အစိုးရအဖွဲ့ကို ထောက်ခံဖို့ သေရေး ရှင်ရေးတမျှ အရေးကြီးနေလို့ ကျောင်းသားတွေထဲမှာရော၊ နိုင်ငံရေး ခေါင်းဆောင်တွေကိုပါ အင်တိုက် အားတိုက် ပြောခဲ့ရတဲ့အတွက် အလွန်ပင်ပန်းသွားတယ်။ အစည်းအဝေးပြီးတော့ ဘာမှ မဖြစ်လာတဲ့အတွက် လူက အရုပ်ကြိုး ပြတ်ဖြစ်သွားတယ်။ အစည်းအဝေးတွေမှာ အရမ်းစကားပြောရတဲ့အတွက် အသလို ဖြစ်သွားခဲ့ရတယ်။ ကျနော် စကားပြောရင် ထစ်ထစ်သွားတယ်။ ကျနော့်ကိုယ်ကျနော် လန့်သွားပါတယ်။ ကိုဇော်မင်း (ဒေါက်တာဇော်မင်း)ကို သွားပြရတယ်။ သူက ကျနော်ကို ဂလူးကို့စ် ကုန်သွားတယ်လို့ ပြောပါတယ်။ ဂလူးကို့စ် နှစ်လုံးဆက်တိုက်သွင်းပြီး နှစ်ရက် နားခဲ့ရတာကို ခုထိမှတ်မိသေးတယ်။)
၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နိုင်တယ်။ လုပ်ရမှာက ပါလီမန်ခေါ် အစိုးရချက်ခြင်းဖွဲ့ ဒါပဲရှိတယ်။ ဒါပေမဲ့ ဒါဟာ ဖြစ်မလာခဲ့ပါဘူး။ ၂၀၀၈ - အခြေခံဥပဒေ ကို အတည်ပြုဖို့ ဆန္ဒခံယူပွဲ လုပ်တယ်။ ကိုခွန်မြင့်ထွန်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ရွေးကောက်ပွဲ ကိုယ်စားလှယ်က ကျနော်ကို ဘယ်လို သဘောထားလဲလို့ မေးတော့ - ကျနော်က ဆန္ဒ ခံယူပွဲမှာ ကျနော်တို့ ရှုံးမှာကို မပူပါဘူး။ နိုင်မှာကိုပဲ ပူတယ်။ သူက ရီပါတယ်။ ဘာဖြစ်လို့လည်းလို့မေးတော့ ကျနော်တို့က ရှုံးတာနဲ့ အသားကျနေပြီ။ နေတတ်နေပြီ။ ရှုံးရင်ဘာ ဆက်လုပ်ရမလဲကို သိကြတယ်။ နိုင်ရင်တော့ ဘာမှ ဆက်မလုပ်တတ်ကြတဲ့အတွက် နိုင်မှာကို ပူတယ်လို့ ပြောခဲ့ပါတယ်။
၂၀၀၈ - နာဂစ်မုန်တိုင်းဟာ ဒုက္ခတွေကိုပဲ သယ်လာတာမဟုတ်ဘူး။ အခွင့်အလမ်းတွေကိုလည်း သယ်လာတယ်လို့ ကျနော်မြင်တယ်။ အမေရိကန်သဘောင်္ပေါ်မှာ Food တခုတည်း မဟုတ်ဘူး Freedom
လည်း ပါလာပါတယ်။ အခွင့်အလမ်းကို အရယူတတ်ကြရမယ်။ အချိန်ကောင်းကို တွက်ချက်တတ်ရမယ်။
အရေးကြီးတာက ကိုယ်ဘာလုပ်ရမလည်းဆိုတာ သိကြဖို့ လိုတယ်။
ပြည်တွင်း အင်အားစုတွေက ကယ်ဆယ်ရေးထဲမှာ စုပြုံပြီးရောက်နေတာ မှားတယ်။ ဘာဖြစ်လို့လည်းဆိုတော့
အပျက်အစီးက သိပ်ကြီးလွန်းနေတယ်။ ရန်ကုန်က တက်ကြွသူတွေ အားလုံး သွားကူရင်တောင်မလောက်ဘူး။
နောက်ပြီိး ဘယ်နှစ်ကြိမ်သွားနိုင်မှာလဲ။ ရန်သူက ခွင့်ပေးနေရင်တောင် ခြေကုန်လက်ပန်းကျသွားနိင်တယ်။
နောက် ပြည်ပရောက်နေတဲ့ မြန်မာတွေက ဘယ်နှစ်သန်းဖိုး ကူညီနိုင်မှာ မို့လို့လည်း။ အခု ပင်လယ်ထဲ ရောက်နေတဲ့ စစ်သင်္ဘောတွေပေါ်မှာသာ အလုံအလောက် အစားစာတွေရှိတယ်။ လူအင်အားရှိတယ်။ တကယ် နားလည်တဲ့ သူတွေပါလာတယ်။
ဒီတော့ ငါဒို့အလုပ်က ဘာလဲ။ ငါဒို့အလုပ်က ဘာလဲ? ငါဒို့အလုပ်က ဆန္ဒပြပွဲတွေကို ဖော်ထုတ်ရမယ်။ ရန်ကုန်မြို့ကို Chaos ဖြစ်အောင် ဖန်တီးရမယ်။ သံရုံးတွေရှေ့ ဆန္ဒပြ။ အစာပေးပါ။ ရေပေးပါတောင်း။ အသက်ရှင်သန်ခွင့်ကိုတောင်း ကိုယ့်ကိုကူညီမဲ့သူတွေ ၀င်ရောက် ပတ်သက်လာအောင်လုပ်။ ဒါပဲ။
တော်လှန်ရေးက ဘာဖြစ်နေလဲဆိုတော့ Revolution Without Rebels ဖြစ်နေတယ်။ နအဖက ဒီမိုကရေစီ ခေါင်းဆောင်တွေနဲ့ တိုက်နေတာ မဟုတ်တော့ဘူး။ မီဒီယာတွေနဲ့ စစ်ဖြစ်နေသလိုပဲ ဖြစ်နေတယ်။ တော်လှန်ရေး သမားတွေက မရှိတော့ဘူးကိုး။ ဒီမှာ တွေ့နေရတာတွေကတော့ ပရောဂျက်လူးရှင်း ဖြစ်နေကြပြီ။ ဖွံ့ဖြိုးရေး သမားတွေ ဖြစ်နေကြတယ်။ ဘယ်သူကမှ တော်လှန်ရေးအကြောင်း၊ တိုက်ပွဲအကြောင်း၊ လက်နက်တွေ စုဆောင်းကြဖို့အကြောင်း မပြောကြတော့ဘူး။ ပြောရင်လည်း မကြိုက်ကြတော့ဘူး။
နိုင်ငံခြားက မြန်မာတွေကလည်း လွတ်မြောက်ရေးအကြောင်း ပြောပါတယ်။ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင် အင်အားတွေကို ကူညီဖို့ မပြောဘူး။ ကျနော်တို့ မုန်တိုင်းဖြစ်ကတည်းက ပြည်တွင်းလှုပ်ရှားမှုအတွက် ဒေါ်လာ ၁၆၆၅ သာ ရရှိဘူးသေးတယ်။ သန်းနဲ့ချီပြီး အကူညီတွေရတဲ့ အဖွဲ့တွေရတယ်။ သိန်းနဲ့ချီပြီး ရတဲ့သူတွေ ရတယ်။ ဒါပေမဲ့ တိုက်နေတဲ့ ပြည်တွင်းက ရဲဘော်တွေကတော့ ခြေဗလာပဲ ကိုယ်ထမင်းကိုယ်စားပြီး ရဲရဲတောက် ဆန္ဒပြနေတဲ့ ပုံတွေတွေ့ရတော့ ဘယ်လို ကြည်ညိုမှန်း မသိဘူး။ ကျနော်တို့ တော်လှန်ရေးက Revolution without rebels သာဖြစ်နေပေမဲ့ ခေါင်းဆောင်တွေကတော့ ရိုက်သတ်ရင် လက်ညောင်းသွားမယ်။ သောက်ပါးစပ်တွေ ပြောလိုက်တဲ့ နိုင်ငံရေး။ ပြောလိုက်တဲ့ ပေါ်လစီ။ ဒီကြားထဲ အမေရိကန်က ၀င်တိုက်တာ မလိုချင်ဘူးဆိုတဲ့ သောက်သံတွေက ထွက်လာလိုက်သေးတယ်။ သူတို့ကြည့်တော့လည်း ဒေါသထွက်လို့တောင် သေနတ်တချက် မဖောက်ဘူးကြတဲ့ သူတွေချည်းပဲ။ ကြွက်သေဖို့အရေးမှာ ကြောင်နီခုတ်မှ ကြောင်ပြာခုတ်မှ လုပ်နေသေးတယ်လေ။
ကဲ... ရဲဘော်တို့ ဒို့ဘာဆက်လုပ်ကြမလဲ။ အမေရိကန်ကတော့ ဆေးသင်္ဘော ၀င်ခွင့်ပြုပါလို့ နောက်ဆုံး ခေါ်သံ ပေးနေပြီ။
မိုးသီးဇွန်
ဆုံဆည်းရာမှတင်ပြသည်။
Posted by Ashin dhamma at 6:38 PM 0 comments
Our Helping Hands to Burmese Nagis Survivors - Various Artists - Songs
Posted by Ashin dhamma at 6:16 PM 0 comments
ကယ်ဆယ်ရေးပစ္စည်း မဝေသည့် ရယကဥက္ကဋ္ဌအရိုက်ခံရ
ရန်ကုန်မြို့၊ သုဝဏ္ဏမြို့နယ်အတွင်း ရယက ဥက္ကဋ္ဌတဦးကို ရပ်ကွက်သားများက ၀ိုင်း၍ ရိုက်နှက်ခဲ့ ကြောင်းသိရသည်။
ယမန်နေ့ည (၇) နာရီခန့်က အဆိုပါ ဥက္ကဋ္ဌ နေအိမ်အတွင်း ၀င်၍ ရပ်ကွက်မှ လူငယ် (၃၀) ခန့်က ဥက္ကဋ္ဌနှင့် ၎င်း၏ မိသားစုများကို ရိုက်နှက်ခဲ့ကြောင်း အဆိုပါရပ်ကွက်၏ မျက်မြင်သက်သေတဦးက ပြောသည်။
အကြောင်းမှာ နာဂစ်မုန်တိုင်းဒဏ်သင့် အိမ်များအတွက် ရပ်ကွက်အလိုက် ချပေးသော သွပ်၊ သံ အပါအ၀င် ထောက်ပံ့ရေး ပစ္စည်းများကို အိမ်ပေါ်တွင် မိမိတို့ ပစ္စည်းအဖြစ် ထားရှိကာ မျှဝေမပေး သည့်အတွက် ဖြစ်ကြောင်းသိရသည်။
“ရပ်ကွက်မှာ သွပ်တွေကို မဲဖောက်တယ်။ အမှန်ဆိုရင် ပျက်စီးတဲ့ အိမ်တိုင်းအတွက် ဒီထောက်ပံ့ ရေးပစ္စည်းတွေကို ပေးရမှာပဲ။ ခုတော့ မောင်ပိုင်စီးတယ်။ ဒါကြောင့် မကျေမနပ်ဖြစ်နေတာကြာပြီ” ဟု အဆိုပါ ရပ်ကွက်သားတဦးက ပြောသည်။
“ကျနော်တို့ ရပ်ကွက်မှာချည်း မဟုတ်ဘူး။ ဒီလိုမျိုး လုပ်တာတွေက ရပ်ကွက်တိုင်းမှာရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုဖြစ်ပျက်ခဲ့သော ရပ်ကွက်မှာ သုဝဏ္ဏမြို့အပိုင်၊ (၂) ရပ်ကွက်ဖြစ်ပြီး ဥက္ကဋ္ဌ အမည်မှာ ဦးတင်ထွဋ် ဖြစ်ကြောင်း၊ ၎င်းသည် ယခုအခါ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် ကုသ နေရပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်းသိရသည်။
ခေတ်ပြိုင်မှတင်ပြသည်။
Posted by Ashin dhamma at 7:49 AM 0 comments
ရန်ကုန်ရှိ ကျောင်းသားမိဘများ ကျောင်းအပ်ကြပြီ
အခြေခံပညာကျောင်းများတွင် ယခုနှစ်ကျောင်းအပ်နှံကြသော ကျောင်းသူကျောင်းသားများအား ရန်ကုန်မြို့လယ်ရှိ ကျောင်း အများစုက မည့်သည့် အခကြေးငွေမျှ ဖြတ်တောက်ရယူခြင်း မရှိကြောင်းနှင့် တချို့သော မြို့ ဆင်ခြေဖုံးကျောင်းများတွင် အခကြေးငွေတချို့ကို ကတိကဝတ်ဖြင့် ယူနေကြောင်း ကျောင်းသား မိဘများက ပြောသည်။ရန်ကုန်မြို့ မင်္ဂလာဒုံ မြို့နယ်ရှိ အထက်တန်းကျောင်း တကျောင်းတွင် သားသမီး ၃ ဦးကို ကျောင်းအပ်ခဲ့သည့် ကျောင်းသား မိဘ မိခင်တဦးက ကျောင်းသားတဦးလျင် ကျောင်းဝင်ကြး ၁၅၀၀ ကျပ်ကိုပေးခဲ့ရပြီး ကျောင်းဝတ်စုံ ဝယ်ယူရန်နှင့် နာဂစ် မုန်တိုင်း လေဘေးအတွက် အလှူငွေထည့်ရန် ကျောင်းတာဝန်ရှိသူများက ကတိကဝတ် ပြုခိုင်းသည်ဟု ပြောသည်။
“ကျောင်းဝင်ကြေးက ၁၄၀၀ ပါ၊ အကြွေမရှိလို့ ၁၅၀၀ ဖြစ်သွားတာ၊ သမီးတွေအပ်တုန်းကတော့ မပေးရသေးဘူး၊ သားကြီး ၉ တန်း ကျောင်းသားကိုအပ်တော့မှ လေဘေးအတွက် ထည့်ခိုင်းလို့ ၂၀၀၀ ထည့်ပါ့မယ်လို့ လက်မှတ်ထိုး ကတိပြုခဲ့ရတယ်၊ ဘာဖြတ်ပိုင်းမှ မပေးဘူး၊ ပါးစပ်နဲ့ပဲ၊ ကျောင်းတက်တော့မှ ကိုယ့်အသိစိတ်ဓာတ် နဲ့ ကိုယ့် ကျောင်းမှာ ကိုယ်လိုအပ်တာတွေ အကုန် ဝယ်ပါ ဖြည့်ပါလို့လည်း ပြောတယ်၊ ကျောင်းတက်တော့မှ ပိုက်ဆံ တောင်းမယ်နဲ့ တူပါတယ်၊ စာအုပ်ဖိုး ဟိုကြေး ဒီကြေးတွေတောင်းမှာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
၁ တန်းနှင့် ၃ တန်း တက်ရောက်ရန် ကျောင်းအပ်နှံခဲ့သော သမီး ၂ ဦး အတွက် ယခုနှစ် ကျောင်းဝတ်စုံ အသစ်များ ပြောင်း လဲမည်ဖြစ်သောကြောင့် ဝတ်စုံဝယ်ရန် တာဝန်ရှိသူများက စာရင်းတောင်းသည်ဟုလည်း သိရသည်။
“အခု ဒီနှစ် စိတ်ပျက်စရာကောင်းတာက ကျောင်းယူနီဖောင်းတွေ လဲပစ်တာပဲ၊ အသစ်တွေလဲတာ၊ မနှစ်ကမှ ၃ စုံ ၄ စုံ ဝယ်ပေးထားတာ၊ အခု တခါ ထပ်ပြောင်းပြန်ပြီဆိုတော့ ညီအစ်မ ၂ ယောက်ဆို တယောက် ၃ စုံလောက်၊ မိုးတွင်းဆို မလွယ်ဘူးလေ၊ အကုန်လုံးလဲရတာ စရိတ် မသက်သာဘူး၊ အခုပုံစံက စကတ်နဲ့ အင်္ကျီဖြစ်သွားပြန်ပြီ၊ မနှစ်က အင်္ကျီအဖြူ ပေါ်မှာ အပေါ်က ဂါဝန် အစိမ်းထပ်တဲ့ပုံစံ၊ တစုံကို သမီးအကြီးအရွယ်ဆို ကျပ် ၆၀၀၀ ၊ အငယ် ဆို ရင် ၅၅၀၀ ၊ မနှစ်က လည်း အဲဒီလိုပဲ ရောင်းတာ၊ သူတို့ဆီမှာပဲ ဝယ်ခိုင်းတာ၊ အခု စာရင်းတွေ အတင်း ပေးခိုင်း နေတယ်”ဟု လည်း အထက်ပါ ကျောင်းသားမိဘ မိခင်က ပြောဆိုသည်။
ယခုနှစ်ကျောင်းအပ်ရာတွင် စာအုပ်စာတန်းကြေးနှင့် တခြားသော အထွေထွေကြေးများ မကောက်ခံသည်ကို အံ့သြမိ သော်လည်း ဝမ်းမသာနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီနှစ်က လူအများစု ဒုက္ခဖြစ်နေကြတာဆိုတော့ အရမ်းတော့ ပိုက်ဆံ မကောက်ရဲဘူးပေါ့၊ ဒါပေမယ့် ယူနီဖောင်း ပြောင်း လိုက်တာတို့ ဘာတို့တော့လုပ်တာပေါ့၊ ကျောင်းဖွင့်မှ အကုန်တောင်းမယ် ထင်တယ်၊ ပြီးတော့ အလှူငွေ မကောက်ရလို့ ရစ်တာတွေရှိသေးတယ်၊ အမျိုးတယောက် ရပ်ကွက်ထဲက ကျောင်းတကျောင်းမှာသွားအပ်တာ လက်မခံဘဲ ရစ်နေတာ ၃ ရက်လောက်ရှိပြီ၊ မွေးစာရင်းတို့ သန်းခေါင်စာရင်းတို့ အထောက်အထားအပြည့် အစုံ ပါတာကို ရစ်တာ၊ အလှူငွေမှ မရတာ၊ ကလေးက အသက် ၉ နှစ်၊ သူငယ်တန်း အပ်တာ”ဟုလည်း ဆိုသည်။
ယခင်နှစ်များကဆိုပါလျင် မူလတန်းအဆင့် သူငယ်တန်းအတွက် ကျောင်းစအပ်ရာတွင် အပ်သည့်ကျောင်း၌ ညီအစ်ကို မောင်နှမများရှိပါက ကျပ် ၃ သိန်း ခန့် ကုန်၍ မရှိလျင် ကျပ် ၅ သိန်း မှ ၁၀ သိန်းခန့်အထိ ကုန်ကျကြောင်း သိရသည်။
“တချို့တတ်နိုင်တဲ့ ကျောင်းသားမိဘတွေ ကိုယ်တိုင်ကိုက ကိုယ့်စာရင်း ကိုယ်ရေးပြီး ပိုက်ဆံတွေထည့်ကြတာ မျိုးရှိတယ်၊ မြို့ဆင်ခြေဖုံး ရပ်ကွက်ထဲက ကျောင်းတွေကတော့ အဲဒီလောက်မကုန် ဘူးပေါ့၊ ဒါပေမယ့် ၂ သောင်း တို့ ၅ သောင်းတို့ လောက်တော့ ပေးရတာ ချည်းပဲ”ဟု ကျောင်းသားမိဘ မိခင်က ပြောပြသည်။
ရန်ကုန်မြို့လယ်ရှိ စာသင်ကျောင်းများတွင် တက်ရောက်မည့် ကျောင်းသားများကို ကျောင်းစတင်အပ်သည့် အချိန်တွင် မည်သည့်ငွေကြေးမှ မကောက်ခံသော်လည်း တချို့ကမူ ကျောင်းဝတ်စုံ ဝယ်ခိုင်းကြောင်း သိရသည်။
“ဗိုလ်တထောင် အထက ၄ မှာ ဂါဝန် ဝတ်စုံရောင်းတယ်၊ ကိုယ်လိုသလောက် တစုံ၊ ၂ စုံ ဝယ်လို့ရတယ်၊ ဝတ်စုံ က ကျပ် ၄၅၀၀ ရှိတယ်၊ မူလတန်းဝတ်စုံ၊ ဘယ်နှစုံဝယ်လို့ သတ်မှတ်မထားဘူး၊ အပြင်ဝတ်စုံက ၂၃၀၀ လောက် ပဲရှိတယ်၊ ဒါပေမယ့် ကျောင်း တဆိပ်ပါမှဆိုတော့ ကျောင်းက အနည်းဆုံး တစုံတော့ ဝယ်ရတာပေါ့၊ ကျောင်းဝင် ကြေးမပေးရဘူး၊ ကတိကဝတ် ပြုရတာမျိုးလည်း မရှိဘူး” ဟု ဗိုလ်တထောင်မြို့နယ်မှ ကျောင်းသား မိဘ တဦးက ပြောဆိုသည်။
ကျောက်တံတားမြို့နယ် မူလတန်းကျောင်းတွင် “အခမဲ့ ကျောင်းအပ်နိုင်သည်”ဟူသော ဆိုင်းဘုတ်ပင် ထောင် ထားကြောင်း နှင့် ဒဂုန်မြို့နယ် အထက်တန်းကျောင်း အမှတ် (၁) တို့တွင် ကျောင်းအပ်ခ မည်သည့်ငွေကြေးမျှ မပေးရကြောင်းလည်း ကျောင်းသားမိဘများက ပြောသည်။
“ဟုတ်တယ် ကျောင်းမှာ ဆိုင်းဘုတ်နဲ့ကို ရေးထားတာ၊ အခမဲ့ ကျောင်းအပ်နိုင်သည် ဆိုပြီးတော့လေ၊ ကျောင်း ဖွင့်မှ အကုန်ပေးရမလား မသိဘူး”ဟု ရန်ကုန် ကျောက်တံတားမြို့နယ်ရှိ မူလတန်း ကျောင်းသား မိဘ တဦးက ပြောသည်။
ဒဂုန်မြို့နယ် အထက်တန်းကျောင်း အမှတ် (၁) တွင် စတုတ္ထတန်းတက်ရောက်ရန် သွားရောက်အပ်နှံခဲ့သော ကျောင်းသား မိဘတဦးကလည်း“ကုန်ကျစရိတ် လောလောဆယ်ဘာတခုမှ မကောက်သေးဘူး၊ မိဘဆရာ အသင်းကြေးတွေလည်း ဘာတခုမှ မဖြတ်သေးဘူး၊ ကျနော်ကြားတာတော့ နောက်မှ ကျသင့်ငွေတောင်းမယ်တဲ့၊ ကျောင်းဖွင့်တော့မှပေါ့”ဟု ပြောဆိုသည်။
ယမန်နှစ်က အလှူငွေကောက်ခံမှုနှင့်ပတ်သက်ပြီး အခြေခံပညာကျောင်းပေါင်း ၄၀ ကျော်ကို အခြေခံပညာ ဦးစီး ဌာန က ဝင်ရောက် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဒဂုန်မြို့နယ် အထက်တန်းကျောင်း အမှတ် (၁) သည် အဆိုးဆုံး ဖြစ်ကြောင်း သတင်းထွက်ပေါ်ခဲ့ဖူးသည်။
ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်နှံရေးကာလကို မေလ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားပြီး ကျောင်းအပ် လက်ခံစဉ် အလှူငွေ မကောက်ခံရန်နှင့် ကောက်ခံပါကတိုင်ကြားနိုင်သော တယ်လီဖုန်းနံပါတ်များပါဝင်သည့် ကြေညာချက် ကို ၂၀၀၇ ခုနှစ် မေလ ၂၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
yangon News မှတင်ပြသည်။
Posted by Ashin dhamma at 6:59 AM 0 comments
ပရောက်စီနံပါတ်များ အသုံးပြုရန်မလိုကြောင်း မြန်မာတယ်လီပို့က ကြေညာ
အင်တာနက်ပေါ်မှ အစိုးရခွင့်မပြုသော သတင်းစာမျက်နှာများနှင့် ဘလော့ (Blog) များကို ယခင်က ပရောက်စီ (proxy) နံပါတ်များ အသုံးပြုကျော်ဝင်ကာ ဖတ်နိုင်သော်လည်း ယနေ့မှစ၍ ဝင်ရောက် ဖတ်ရှုနိုင်ခြင်းမရှိတော့ကြောင်း အင်တာနက် အသုံးပြုသူများ နှင့် အင်တာနက်ဆိုင် ဝန်ထမ်းများထံမှ သိရသည်။လက်ရှိ အင်တာနက် ပုံမှန် သုံးစွဲသူ တဦးက “ပရောက်စီနံပါတ် အခု ၂၀ လောက်ရှိတာ ၁ ခုပဲ စမ်းကြည့်ဖို့ ကျန်တော့တယ်။ စမ်းပြီးသမျှတွေ တခုမှမရဘူး။ အင်တာနက်ဆိုင်တွေမှာ အသုံးပြုနေကျ freedom ပရောက်စီလည်း မရတော့ဘူး။ ဆိုင်တွေ အားလုံး စိတ်ညစ်နေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယမန်နေ့က အင်ဂျင်နီယာအဖွဲ့၊ ကွန်ယက်လည်ပတ်ရေးဌာန၊ မြန်မာတယ်လီပို့ ဝက်ဘ်ဆိုက်မှတဆင့် proxy Server များ ပြောင်းလဲခြင်း ကြေညာချက်တရပ်ကို ထုတ်ပြန်လိုက်သည်။
ယင်းကြေညာချက်တွင် “မြန်မာတယ်လီပို့အနေဖြင့် ပိုမို၍ အဆင့်အတန်းမြင့်ကောင်းမွန်သော Internet ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် လိုအပ်သောစက်ကိရိယာများ အဆင့်မြှင့်ခြင်းကို ဆောင်ရွက်လျှက် ရှိပါသည်။ ယခုအခါ Internet သုံးစွဲရန်အတွက် proxy Server များကိုအသုံးပြုရန်မလိုအပ်တော့ပါ။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့၏ Web Brower Software များတွင် Proxy Setting များကိုဖြုတ်၍ Internet သုံးစွဲပါရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်” ဟု ဖော်ပြထားသည်။
အင်တာနက် အသုံးပြုသူ တဦးက “ပရောက်စီ သုံးစရာမလိုဘူးဆိုရင် အခုဒီအတိုင်းဖွင့်ရင်လာရမှာပေါ့၊ အခုဟာက ဘလော့ တောင်ကြည့်လို့ မရတော့ဘူး ဂျီမေးလေး ပေးသနားထားတာပဲ ကျေးဇူးတင်ရမယ်” ဟု ပြောသည်။
တခြားသော အင်တာနက် အသုံးပြုသူ တဦးကလည်း “ပြည်သူတွေ ကြည့်ချင်တာ ကြည့်ကြပါစေဆိုပြီး ချပေးတာတော့ မဟုတ်နိုင်ဘူး။ လှည့်ကွက်တခုဖြစ်နိုင်တယ်၊ Internet Access ကို ဖွင့်ပေးပြီး IP Address ကတဆင့် ဖမ်းချင်တာလည်း ဖြစ်နိုင်တယ်။ အရင်ကဆိုရင် proxy ခံပြီးသုံးနေတော့ ကျနော် သုံးနေတာ ဘာလဲဆိုတာမသိနိုင်ဘူး” ဟု ပြောသည်။
နိုင်ငံရေးနှင့်သက်ဆိုင်သည့် ဝက်ဘ်ဆိုက်များ၊ ပြည်ပအခြေစိုက် မြန်မာသတင်းဝက်ဘ်ဆိုက်များ၊ g-mail ၊ G-talk၊ Google၊ pop site၊ စသည့် ဆိုက်များကို မြန်မာနိုင်ငံသားများ တိုက်ရိုက် အသုံးပြုခွင့် မရအောင် အစိုးရက နည်းပညာအသုံးပြုပြီး အမျိုးမျိုး ထိန်းချုပ်ထားခဲ့သောကြောင့် သုံးစွဲသူတို့က ပရောက်စီ နံပါတ် များကို အမျိုးမျိုးပြောင်းလဲ၍ ပိတ်ပင်ထားသော ဝက်ဘ်ဆိုက်များကို ဝင်ကြည့်နေရခြင်း ဖြစ်သည်။
မြန်မာနိုင်ရှိ အင်တာနက်ဆိုင်ရာဝန်ဆောင်လုပ်ငန်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာတယ်လီ ပို့တို့က ဆောင်ရွက် ပေးလျှက်ရှိပြီး ယခုမြန်မာတယ်လီပို့သည် ယခင်က Bagan Net ဖြစ်ကာ ဝန်ကြီးချူပ် ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်၏ သား ဦးရဲနိုင်ဝင်း၏ လုပ်ငန်းဖြစ်ခဲ့သည်။
yangon News မှတင်ပြသည်။
Posted by Ashin dhamma at 6:57 AM 0 comments
မြို့ပေါ်ဒုက္ခသည်စခန်းများကို ပိတ်လိုက်ပြီး နိုင်ငံခြားကယ်ဆယ်ရေးအဖွဲ့များကို နယ်သို့သွားခွင့်မပြု
စစ်အစိုးရအာဏာပိုင်များက လေဘေးဒုက္ခသည်စခန်းများအားလုံးကို ပိတ်ပစ်လိုက်ပြီး နိုင်ငံခြား ကယ်ဆယ်ရေးအဖွဲ့များကို သွားရောက်ခွင့်မပြုသည့်အတွက် ဒုက္ခသည်ပြည်သူများ အခက်အခဲ ကြုံနေရသည်။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်ရှိ လေဘေးဒုက္ခသည်စခန်းများအားလုံးကို ယမန်နေ့က ပိတ်လိုက် ပြီးနောက် ငပုတောမြို့နယ်၊ ပျဉ်ခရိုင်ချောင်းဝသို့ သွားရောက်မည့် ဖိလစ်ပိုင်နိုင်ငံမှ ကယ်ဆယ် ရေးဆရာဝန်များအဖွဲ့ကို အာဏာပိုင်များက ခွင့်မပြုကြောင်း ပုသိမ်မြို့မှ ဆရာဝန်တဦးက ယနေ့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ပုသိမ်မှာ ရောက်နေတဲ့ ဖီလစ်ပိုင်ကယ်ဆယ်ရေးဆေးအဖွဲ့ဆိုရင် (၂၇) ရက်နေ့ကတည်းက ရောက်နေတာ၊ မနေ့က နေ့လည်(၁၂)နာရီလောက်မှာ ဘာဖြစ်လာလဲဆိုတော့ ဧရာဝတီတိုင်းရဲ့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့စည်းက သွားလို့မရဘူးလို့ပြောလိုက်တယ်၊ သူတို့လည်း ပုသိမ်ကနေ လှည့်ပြန်ရမယ်ဆိုတော့ အားလုံးစိတ်ညစ်သွားကြတယ်” ဟု ပြောသည်။
အဆိုပါ ဖိလစ်ပိုင်အဖွဲ့တွင် ဆရာဝန်နှင့် အင်ဂျင်နီယာများ (၃၀)ဦးခန့် ပါဝင်ပြီး ကယ်ဆယ်ရေး ပစ္စည်း၊ ဆေးဝါးများ ကုန်ကားနှစ်စီးဖြင့် တင်ဆောင်လာကာ ပုသိမ်မြို့မှာပင် ရပ်ထားရသည်ဟု အဆိုပါဆရာဝန်က ဆက်လက်ပြောသည်။
ယခုလာရောက်သည့် ဖိလစ်ပိုင်မှ အဖွဲ့သည် နိုင်ငံတကာတွင် ဒုက္ခသည်များအား ကယ်ဆယ် သည့်လုပ်ငန်း အတွေ့အကြုံရှိပြီး ကျွမ်းကျင်သူများဖြစ်သည့်အတွက် ခရီးသွားလာခွင့်မရသည့် အတွက် ဒုက္ခသည်များအတွက် ဆုံးရှုံးမှုတရပ်ဖြစ်သည်ဟုဆိုသည်။
ပုသိမ်မြို့ပေါ်ရှိကယ်ဆယ်ရေးစခန်း (၄) ခုမှ ဒုက္ခသည်များကို အာဏာပိုင်များက နေရပ်သို့ ပြန်ရန်နှင်ထုတ်ကာ ပိတ်လိုက်သည့်အတွက် ဒုက္ခသည် (၃,၀၀၀) ကျော်ခန့်သည် ဘုန်းကြီးကျောင်းများတွင် ကပ်နေရပြီး အခက်အခဲများ ကြုံနေရသည်။
ပုသိမ်မြို့ပေါ်မှ ဒုက္ခသည်များ အခြေအနေနှင့်ပတ်သက်၍ “မြို့ပေါ်က စခန်းတွေအားလုံးမှာ ကျနော်တို့ လေဘေးကယ်ဆယ်ရေး ဆေးခန်းတွေဖွင့်ထားတာရှိတယ်၊ ကျနော်တို့သွားတော့ ပိတ်လိုက်ပြီ ဆရာဆိုပြီး ပြန်ခိုင်းတာ၊ သူတို့ပြောတာက အမိန့်အတိုင်းဘဲ ပိတ်ဆိုပိတ်လိုက်ရတာ လို့ပြောတယ်” ဟု အဆိုပါဆရာဝန်က ပြောသည်။
ငပုတောမြို့နယ်တွင် ဆေးခန်းများသွားရောက်ဖွင့်ထားကာ လေဘေးသင့်ပြည်သူများကို အခမဲ့ ဆေးဝါးကုသ အကူညီပေးနေသည့်အဖွဲ့မှ ဆရာဝန်တဦး၏ ပြောဆိုချက်အရ (၁၅၀,၀၀၀) ခန့်ရှိ သည့် လေဘေးဒုက္ခသည်များမှာ အာဏာပိုင်များလုပ်ဆောင်သည် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေခြင်းနှင့် ပုဂ္ဂလိကအလှူရှင်များအား ကန့်သတ်ထားမှုများကြောင့် တနေ့ထက်တနေ့ ပိုမိုဒုက္ခရောက်နေရသည်ဟု ဆိုသည်။
yangon News မှတင်ပြသည်။
Posted by Ashin dhamma at 6:55 AM 0 comments
ဧရာဝတီတိုင်း အိုးမဲ့အိမ်မဲ့ (၇) သောင်းကျော်
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၏ ခန့်မှန်းချက်အရ ဧရာဝတီတိုင်းတွင် မုန်တိုင်းကြောင့် အိုးမဲ့ အိမ်မဲ့ဦးရေ (၁) သန်းခွဲ ရှိပြီး ဧရာဝတီတိုင်း လေးမြို့နယ်တွင် အိုးမဲ့အိမ်မဲ့ဦးရေ (၇) သောင်း ကျော်ရှိသည်ဟု ကုလသမဂ္ဂက မှန်းထားသည်။လပွတ္တာ၊ ဘိုကလေး၊ မြောင်းမြ၊ ဖျာပုံ (၄) မြို့နယ်တွင် လပွတ္တာမှာ အိုးမဲ့အိမ်မဲ့ဦးရေ (၃၄,၀၀၀) ရှိသည့်အတွက် စုစုပေါင်းလေးမြို့နယ် အိုးမဲ့အိမ်မဲ့ဦးရေ၏ (၄၈) ရာနှုန်း ရှိသည်။ ဒုတိယ အိုးမဲ့
အိမ်မဲ့ ဦးရေ အများဆုံးမှာ ဘိုကလေးဖြစ်ပြီး အဆိုပါမြို့တွင် အိုးမဲ့အိမ်မဲ့ဦးရေ (၁၅,၅၀၀) ရှိသည်။
မော်ကျွန်းဆိုလျင် မုန်တိုင်းမတိုင်မီက လူဦးရေ (၃) သိန်းခွဲ ရှိသော်လည်း မုန်တိုင်းကြောင့် လူ
(၅) ထောင်နီးပါး သေပြီး (၈) သောင်းနီးပါး ပျောက်ဆုံးနေသည်ဟု (UNOCHA) က မှန်းထား သည်။ ငပုတောတွင် မြို့နယ်လူဦးရေ၏ (၄၆) ရာနှုန်း ဒုက္ခရောက်ပြီး အိမ်ခြေ (၄၉) ရာနှုန်း ပျက်စီးသည်ဟုပါ UNOCHA က ထုတ်ပြန်သည်။
ဘိုကလေးမြို့ဆိုလျင် မုန်တိုင်းကြောင့် အိမ်ခြေ (၉၀) ရာနှုန်း ပျက်စီးသည်ဟု ဧရာဝတီတိုင်း ရောက်နေသည့် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောသည်။ မုန်တိုင်းကြောင့် ဘိုကလေးတွင် လူ (၁) သောင်း သေသည်ဟု မုန်တိုင်းအပြီး စစ်အစိုးရက ထုတ်ပြန်သည်၊
မုန်တိုင်းကြောင့် ဆန်ဂိုဒေါင်များ၊ စပါးဂိုဒေါင်များ ပျက်စီးကုန်သည့်အတွက် ဘိုကလေး ဈေး ကွက်မှာ ဆန်ရှားနေသည်။ မုန်တိုင်းမကျမီက ဆန်တအိတ် (၁) သောင်းခွဲ ရှိရာမှ မုန်တိုင်းအပြီး မေလ (၁၀) ရက်နေ့တွင် ဆန်တအိတ် (၆) သောင်း ဖြစ်သွားသည်ဟု Action Contre la Faim (ACF) အဖွဲ့က ထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်း နလံထူရေးအတွက် လုပ်ငန်းများတွင် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်ကလည်း ငွေဖြစ်လွယ်သည့် အလုပ်အကိုင် (Cash for Work Program) ဖြင့် စတင် လုပ်ဆောင်နေသည်
ဟု စုံစမ်းသိရသည်။ ဥပမာ- ဘိုကလေးနှင့် ကျိုက်လတ်ကဲ့သို့ ဒေသများတွင် ရေကန်ပြန်ဆည် သည့် လုပ်ငန်းများ၊ လယ်သမားများ စပါးစိုက်ရန် လုပ်ငန်းခွင် ကူညီသည့်လုပ်ငန်းများအတွက်
န၀လီပေးပြီး အလုပ်ရှာပေးသည့်သဘော ဖြစ်သည်။
yangon News မှတင်ပြသည်။
Posted by Ashin dhamma at 6:53 AM 0 comments
လပွတ္တာ ဘိုကလေး အင်တာနက်ရပြီ
မုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါးခံရသည့် လပွတ္တာနှင့် ဘိုကလေးမြို့များတွင် ဒုက္ခသည်များ စားစရာ လုံလုံလောက်လောက် မရှိသော်လည်း IPSTAR ဂြိုဟ်တုမှတဆင့် အင်တာနက်သုံး၍ ရနေပြီ ဖြစ်သည်။ သို့သော် ထိုအင်တာနက်မှာ ဒုက္ခသည်များအတွက် မဟုတ်ဘဲ လပွတ္တာနှင့် ဘိုကလေး မြို့များရှိ ကုလအဖွဲ့များဖြစ်သည့် UNICEF တို့အတွက်သာ ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
IPSTAR ဂြိုဟ်တုသည် ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်ပိုင်သည့် Shin Satellite ကုမ္ပဏီပိုင် ဂြိုဟ်တုဖြစ်ပြီး မြန်မာအပါအ၀င် အရှေ့တောင်အာရှ (၁၇) နိုင်ငံအတွက် အမြန်နှုန်း အင်တာ နက်ရစေရန် ဖြန့်ဖြူးပေးနေသည်။ အဆိုပါ ဂြိုဟ်တုကို Thaicom 4 ဂြိုဟ်တုဟုလည်း ခေါ်သည်။
yangon.tk မှတင်ပြသည်။
Posted by Ashin dhamma at 6:51 AM 0 comments
လွတ်လပ်စွာ အကူအညီပေးရေး စစ်အစိုးရ သတင်းစာများက ဆန့်ကျင်ဝေဖန်
မြန်မာနိုင်ငံရှိ နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒုက္ခသည်များအား လွတ်လပ်စွာအကူအညီပေးရေးနှင့်ပတ်သက်ပြီး ပြည်တွင်း ပြည်ပ အကူအညီများနှင့် ဒုက္ခသည်များအပေါ် ဝေဖန်ရေးသားထားသည်များကို ယနေ့ထုတ် စစ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာတွင် မေလ ၂၅ ရက်နေ့က ကျင်းပခဲ့သော နိုင်ငံပေါင်း ၅၁ နိုင်ငံနှင့် ကုလ သမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများပါဝင်သည့် လေဘေးဒုက္ခသည်ကူညီရေး အလှူရှင်နိုင်ငံများ ကတိ ကဝတ်ပြု ညီလာခံနှင့် ပတ်သက်၍“မြန်မာနိုင်ငံအတွင်း အဆီးအတားမရှိ လွတ်လပ်စွာ ဝင်ရောက် လုပ်ကိုင်ခွင့် Free Access ရမှ အကူအညီများ စို့စို့ပို့ပို့ ထပ်မံ ပေးအပ်မည်ဆိုသော အသံများကို ကြားရကြောင်း၊ ယင်း Free Access ဆိုသည့်စကားမှာ အိမ်ခြံဝင်းတံခါးမှ မီးဖိုချောင်တံခါးအထိ တံခါးအားလုံးကိုဖွင့်ပေးမှ ကျေနပ်မည့် အဆင့်မျိုးအထိ ရောက်သွားနိုင်၍ စဉ်းစားရမည်ဖြစ်ကြောင်း” စသည်ဖြင့် ဖော်ပြထားသည်။
မုန်တိုင်းကြောင့် ပျက်စီးမှုနှင့် ပြန်လည်ထူထောင်ရေးအတွက် စစ်အစိုးရ လိုအပ်ချက် ဒေါ်လာ ၁၁ ဘီလီယံခန့် တင်ပြ တောင်းဆိုသော်လည်း ဒေါ်လာသန်း ၁၅၀ ကျော်သာ ယခုညီလာခံက ကတိပြုကြသောကြောင့် ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ပြောဆိုသည့် အရေးပေါ် ၃ လစာ အကူအညီအတွက် ဒေါ်လာ ၂၀၁ သန်း ပမာဏ ကိုပင် မပြည့်မီကြောင်း လည်း သတင်းစာက ဝေဖန်ပြောဆိုသည်။
သတင်းစာတွင် လွန်ခဲ့သော ၂၀၀၄ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသ ဆူနာမီလှိုင်းဘေး သင့်ခဲ့စဉ် အရေးပေါ် ထောက်ပံ့ငွေ ဒေါ်လာ ၂၅ သန်း ပေးခဲ့သည့် ကမ္ဘာ့ဘဏ်က ယခု မုန်တိုင်းဒဏ်ခံ မြန်မာ ပြည်သူများ အတွက် အကူအညီ မပေး၊ ငွေမချေးကြောင်းကိုလည်း ထောက်ပြဝေဖန်ထားသည်။
၁၉၉၈ ခုနှစ်က မြန်မာစစ်အစိုးရ ချေးယူထားသော ငွေများ ပြန်လည်ပေးဆပ်ခြင်းမရှိသည့်အတွက် ယခုကဲ့သို့ ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ရှင်းလင်းချက်ကို မူ သတင်းစာက ဖော်ပြမထားပေ။
သို့သော်“မြန်မာပြည်သူများအတွက်မူ နိုင်ငံခြား အကူအညီ အထောက်အပံ့ဆိုသည်မှာ မရလျှင်လည်း မိမိတို့ ဘာသာ ရပ်တည်ထူမတ်နိုင်သူများ ဖြစ်ကြသည်။ တကယ်တော့ နိုင်ငံတကာက မြန်မာ ပြည်သူများကို နှစ်စဉ် ကူညီ ထောက်ပံ့သည့် နှုန်းထားမှာ လူတဦးလျှင် ၃ ဒေါ်လာခန့်သာ ရှိပြီး ဖွံ့မှုနည်းသော နိုင်ငံများတွင် အနည်း ဆုံးရရှိ မှုဖြစ်သည်”ဟု သတင်းစာ တွင်ဖော်ပြထားသည့် “နှစ်အကူးမှာတော့ ပုရစ်ဖူးတို့ ဝေကြပေလိမ့်မည်” ဆောင်းပါးက ပြောဆိုသည်။
မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်းသားများအနေဖြင့် အရသာလည်းရှိ အာဟာရလည်းဖြစ်စေသော ငါး၊ ပုစွန်၊ ဟင်းသီးဟင်းရွက် များစားသုံး၍ အသက်ရှင်သန်နိုင်သည်ဟုလည်း ယင်း ဆောင်းပါးက ဆိုသည်။
အင်္ဂလိပ်ဘာသာဖြင့် ယနေ့ထုတ်ဝေသော The New Light Of Myanmar သတင်းစာတွင်လည်း နာဂစ် မုန်တိုင်း ဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေရသော ဒုက္ခသည်များကို ဝေဖန်ပြောဆိုထားသည်။
လမ်းမပေါ်တွင် အလှူရှင်များ ပစ်ချပေးလှူသည့် ပစ္စည်းများကို တောင်းယမ်းလက်ခံယူနေသော ယင်းဒုက္ခသည် များသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော အပြုအမူများဖြစ်သည်ဟု သတင်းစာက ဝေဖန်သည်။
သတင်းစာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ကိုလည်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ လေ ဘေး ဒုက္ခ သည်များအား အကူအညီပေးရာတွင် နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးပမ်းသည်ဟု စွပ်စွဲထားပြန်သည်။
အန်အယ်လ်ဒီ ဧရာဝတီတိုင်း အတွင်းရေးမှူး ဦးဝင်းမြင့်ကမူ ၎င်းတို့ အနေနှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ် ရေးတွင် နိုင်ငံရေးရည်ရွယ်ချက် မပါဝင်ကြောင်း ပြောဆိုသည်။
“အခုအကူအညီပေးနေတဲ့သူတွေက ဧရာဝတီမြစ်ဝကျွန်းပေါ်သား အန်အယ်လ်ဒီ အဖွဲ့ဝင်တွေပါ၊ သူတို့ ကိုယ်တိုင်လည်း အကူအညီလိုနေတဲ့ လေဘေး ဒုက္ခသည်တွေဖြစ်ပါတယ်”ဟု ဦးဝင်းမြင့်က ပြောပြသည်။
ယမန်နေ့ထုတ် သတင်းစာပါ စစ်အစိုးရ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ၏ သတင်း ထုတ်ပြန်ချက် အမှတ်(၈) တွင် ကူညီလှူဒါန်းလိုသူများ ၎င်းတို့အဖွဲ့ထံတွင် အကူအညီတောင်းခံနိုင် ကြောင်းနှင့် လေဘေး ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ကြရသည့် ဒေသများအထိ သွားရောက်လှူဒါန်းနိုင်ပါက ပိုမို ထိရောက်ကြောင်း ဖော်ပြထားသည်။
သို့သော် ယင်းလေဘေးသင့် မြစ်ဝကျွန်းပေါ် ဒေသများသို့ သွားရောက်လိုသော နိုင်ငံခြားသားများအနေနှင့် နိုင်ငံခြားရေး ဝန်းကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနများ၏ ခွင့်ပြုချက်စာရယူရမည်ဖြစ် ကြောင်း လွန်ခဲ့သော ၂ ရက်ခန့်ကသွားရောက်ရန်ကြိုးပမ်းခဲ့သည့် INGO အဖွဲ့တဖွဲ့မှ အကူအညီပေးရေးဆောင်ရွက်နေသူ နိုင်ငံခြားသား တဦးက ပြောသည်။
နိုင်ငံတကာ အဖွဲ့အစည်းများနှင့် INGO အဖွဲ့အစည်းများ လေဘေးသင့် ဒေသများသို့ သွားရောက်မည်ဆိုပါက ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ခရီးသွားလာခွင့် ရယူရမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန ကလည်း မေလ ၂၃ ရက် ရက်စွဲဖြင့် ခရီးသွားလုပ်ငန်းရှင်များသိရှိရန် ထုတ်ပြန် ဖြန့်ဝေထားသည်။
လွန်ခဲ့သော တနင်္ဂနွေနေ့ကလည်း ဧရာဝတီတိုင်းသို့ သွားရောက်ခဲ့သည့် ပြည်တွင်း အကူအညီကား အစီး ၂၀ ကျော်ကို လှိုင်သာယာမြို့နယ်အစပ်တွင် အာဏာပိုင်များက ဖမ်းဆီးပြီး ယာဉ်မောင်းနှင့်အတူ အင်းစိန် ဂျီတီအိုင် ကျောင်းဝန်း အတွင်းသို့ခေါ်ဆောင်သွားကြောင်း လေဘေး အကူအညီပေးခဲ့သူများကပြောဆိုသည်။
Yangon.tk မှတင်ပြသည်။
Posted by Ashin dhamma at 6:46 AM 0 comments
မုန်တိုင်းအလွန် ဧရာဝတီ - ကျန်ရစ်သူတွေရဲ့ အသံ
လေဘေးကယ်ဆယ်ရေး စခန်း၊ သားဆုံးခဲ့သည့် မိခင် တဦး -
" ကျမသားလေးက ရန်ကုန်သိပ်ရောက်ဘူးချင်တာရှင်။ ကျမတို့လည်း သူ့ကို ပို့ပေးမယ် ပို့ပေးမယ်နဲ့ မပို့ဖြစ်ခဲ့ဘူး။ မုန်တိုင်းတိုက်မဲ့ညကလည်း သားက ပူဆာပြန်တယ်။ အခုတခါတော့ - သားရယ် အမေတို့ မကြာခင် အလုပ်အားတာနဲ့ လိုက်ပို့ပေးမယ် ပြောတော့ သူကျေနပ်သွားတယ်။ တကယ်ပါရှင်၊ ကျမလည်း သူ့ကို တကယ်ပို့ပေးဖို့ပါ။ အခုတော့ … သားလေးဝိဥာဉ် ရန်ကုန်ရောက်နေပြီ ထင်ပါရဲ့ ရှင် …"
လေဘေးကယ်ဆယ်ရေး စခန်း၊ မိသားစုတစုလုံး ဆုံးခဲ့သည့် လူတဦးရဲ့ အကြောင်း -
" သူတို့လယ်တဲမှာ အကိုရယ်၊ မိန်းမရယ်၊ ကလေးရယ် သူရယ် ရှိနေခဲ့ကြတယ်။ မုန်တိုင်းဝင်၊ ရေလှိုင်းများ တက်လာပြီး သူတို့လယ်တဲလေး လေထဲ ကျွတ်ပါသွားခဲ့တယ်။ နံရံတချပ်မှာ သူနဲ့ကလေးတို့ ပါသွားပြီး၊ အခြားနံရံမှာ မိန်းမနဲ့ သူ့အကိုတို့ ပါသွားတယ်။ မှောင်မှောင်မည်းမည်း ၁၈ပေ နက်တဲ့ လယ်ကွင်းရေပြင်ထဲ မျောနေရင်း လက်ထဲမှာဖက်ထားတဲ့ ကလေးကို ကြည့်လိုက်တော့ အသက်မရှိတော့ဘူး။ သူကတော့ သေချင်လည်းသေပါစေဆိုပြီး တွေ့သမျှအပင်တွေ ခေါင်းဝင်တိုက်ရင်း မျောနေခဲ့တာ နောက်ဆုံး ရေတိမ်ဆိုတဲ့ ရွာမှာ သွားတင်နေပြီး လမ်းလျောက် ပြန်လာရတယ်။ အဲဒီညက သူ့အကိုနဲ့ သူမိန်းမတို့လည်း ဆုံးပါးသွားပြီလို့ သူ သိပြီးနောက်ပိုင်း စိတ်နောက်သွားတော့တယ်။"
ကွမ်းခြံကုန်းမြို့နယ်၊ တော်ကူးကျေးရွာ၊ မိသားစုပျောက်သူ ကလေးတဦး အကြောင်း -
" တနေ့က ကလေးတယောက် ကျနော့်အိမ်ထဲ ငိုဝင်လာတယ်။ မေးကြည့်တော့ သူ့အမေပျောက်လို့တဲ့။ ဘယ်တုန်းက ပျောက်တာလဲ မေးကြည့်တော့ တရက် ရှိပြီတဲ့။ မအေလုပ်သူကလည်း တမင်တကာ ထားသွားတာ မဟုတ်လောက်ပါဘူး။ ထောက်ပံ့ရေး ပစ္စည်းတွေ ဝေတဲ့နေရာမှာ တိုးရင်းကြိတ်ရင်း ကွဲသွားတာ့ ဖြစ်မှာပါ။ ကျနော်လည်း ကိုယ့်ရွာက မဟုတ်တော့ ဘုန်းကြီးကျောင်းသွားပြီး ကျောင်းထိုင်ဆရာတော်ဆီမှာ အပ်ခဲ့တယ်။"
မိုးမခမှတင်ပြသည်။
Posted by Ashin dhamma at 3:43 AM 0 comments
ဧရာ၀တီသားေတြေခဵာကလက္စားစရာ မလိုပၝ
စစ်အစိုးရ အာဘော်ဆောင်းပါး ကောက်နုတ်ချက်
"ဧရာဝတီသားတွေ ချော့ကလက်စားစရာ မလိုပါ" ဟု ဆို
မိုးမခ
မေ ၃၀၊ ၂၀၀၈
ဧရာဝတီက ဒုက္ခသည်ကလေးတဦး ပြည်သူတွေကူတဲ့ အလှူထမင်းစားနေတဲ့ ပုံလေးနဲ့ တွဲပြီး တင်ပြလိုက်ပါတယ်။ ကိုယ်ထူကိုယ်ထ ကူညီစောင့်ရှောက်နေကြသူတွေ လှူနေတာက ဆန်၊ ဆီ၊ ဆား အဓိကထား လှူနေပါကြောင်း၊ စစ်အစိုးရ အာဘော်ဆောင်းပါးက စွပ်စွဲသလို ချော့ကလက်တွေစားပြီး ဧရာဝတီသားတွေ အားရှိနေကြတာမျိုး မတွေ့ရပါကြောင်း စေတနာဝန်ထမ်းတွေက ဆိုနေပါတယ်။
ဓာတ်ပုံတွေက ဖျာပုံ၊ ၁၄ ရပ်ကွက်က ဒုက္ခသည်စခန်းက ဖြစ်ပါတယ်။ သူတို့တွေကတော့ အစိုးရသတင်းစာက ပြောသလို ချော့ကလက်နဲ့ အသက်မဆက်ပါဘူးတဲ့။ ပြည်သူတွေ အချင်းချင်း ရိုင်းပင်းတဲ့ အလှူဒါနနဲ့ အသက်ဆက်နေကြတာပါတဲ့။
စားစရာ၊ ၀တ်စရာ၊ နေစရာ နဲ့ အားကိုးစရာ မရှိလို့ ယိုင်းပင်းသူ ပြည်သူတွေအချင်းချင်း မိသားစုအဖြစ် ခွဲဝေ ကျွေးမွေး ပြုစုနေတာတွေနဲ့သာ သူတို့မှာ အားရှိကြရပါတယ်။ သူတို့မှာ အားကိုးစရာအစိုးရ ရှိတယ်ဆိုတာ မသိဘူး။ စစ်အစိုးရက သူတို့ကို ကယ်တင်လိမ့်မယ်လို့လဲ မျှော်လင့်မထားပါဘူး။ စစ်အစိုးရရဲ့ သတင်းစာတွေလည်း သူတို့ မဖတ်ပါဘူး။ ကယ်ဆယ်ရေးစေတနာရှင် ပြည်သူတွေက သူတို့ကို အဲဒီအကြောင်း ပြောပြတော့ သူတို့က တအံ့တသြနဲ့ ဖြစ်ကြရပါတယ်။
သူတို့က တခွန်းပဲ ပြောပါတယ်။ မြန်မာပြည်သူတွေက ဘယ်ခေတ်မှာ ဖြစ်ဖြစ် ငတ်လို့ သေခဲ့တာ မရှိဘူး ဆိုတာ မှန်နိုင်ပါတယ် … တဲ့။ မြန်မာပြည်သူတွေဟာ စစ်အစိုးရသတ်လို့ သေခဲ့တာကတော့ အမှန်တရား ဖြစ်ပါတယ်တဲ့။
မန်မာတွေ ငတ်လို့ မသေခဲ့ပါဘူး။ စစ်အာဏာရှင်တွေ သတ်လို့ မြန်မာတွေ သေခဲ့ကြရတာ ဧရာဝတီ သက်သေ ဖြစ်ပါကြောင်း …
(သတင်းစာဖြတ်ပိုင်းကို အာဇာနည်ဘလောက်က ယူပါတယ်။ ဓာတ်ပုံတွေက - မိုးမခပါ)
မိုးမခမှတင်ပြသည်။
Posted by Ashin dhamma at 3:18 AM 0 comments
ကိုယ်ကျိုးမမျှော်ပဲ ပေးဆပ်ခြင်း
By Shih Chao-hwei 釋昭慧
ရှင့်ချောင်ဟွေ့
Tuesday, May 27, 2008
သြော် သနားစရာ မြန်မာပြည်… အောက်တိုဘာလ သံဃာတော် နှင့် အရပ်သားလူထုကို အကြမ်းဖက်နှိမ်နင်းပြီးနောက် အခြေခံ လူ့အဖွဲ့အစည်းတွေလည်း ပျက်စီးသွားခဲ့ပြီ။ သင်္ကန်းရောင်တော်လှန်ရေး သတင်းလှိုင်းလုံးကြီးလည်း ငြိမ်သက်သွားပြီးတဲ့နောက် မြန်မာဆိုတာလည်း ကမ္ဘာ့ မျက်နှာစာက တဖြည်းဖြည်း ပြန်လည်ကွယ်ပျောက်သွားခဲ့လေတော့ စစ်အာဏာရှင်တွေလည်း သာသနာ့ခေါင်းဆောင်တွေကို အထိန်းအသိမ်းမရှိ ဥပဒေပြင်ပမှ ပြစ်ဒဏ်ချမှတ်နေလေရဲ့။
သံဃာတော်တွေ တန်ဖိုးကြီးမားလှစွာ ပေးဆပ်ခဲ့ပြီးပြီ။ တစ်ချို့တွေလည်း အသတ်ခံရ၊ တစ်ချို့တွေလည်း အကျဉ်းချခံရ၊ တစ်ချို့တွေလည်း နိုင်ငံပြင်ပကိုထွက်ပြေးခဲ့ပြီ။ ကျန်ရစ်သူလူထုလည်း အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ရပြီး စစ်အစိုးရရဲ့မျက်စိအောက်က ဆွမ်းလှူဒါန်းဖို့ကိုတောင် ကြောက်နေရတဲ့အဖြစ်ပါ။ သာမာန် ပြည်သူတွေထက် လှုပ်ရှားမှုတစ်ခုမှန်သမျှ အကြွင်းမဲ့ မျက်စိဒေါက်ထောက်ကြည့်ခံနေရပြီး နှောင့်ယှက်ခံနေရတဲ့ သံဃာတော်တွေရဲ့ဘ၀က အံသြကုန်နိုင်ဖွယ်ပါ။ သူတို့မှာ နေစရာနေရာမရှိ၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်လည်း မရှိလေတော့ ဘုန်းတော်ကြီးကျောင်းတွေက စွန့်ခွာပြီး လောကီဘ၀ကို ပြန်ပြောင်းရုံကလွဲပြီး ရွေးစရာလမ်းမရှိတော့ဘူးပေါ့။
ဒီမိုကရေစီ၊ လွတ်လပ်ရေး နှင့် လူသားဆန်မှု တွေကို မမျှော်လင့်ထားနှင့်၊ မြန်မာတို့ရဲ့အထွက်အမျက် အထားဆုံး တန်ဖိုးအထားဆုံး ဖြစ်တဲ့ ဗုဒ္ဓဘာသာပင်လျှင် ဒုက္ခလှလှ တွေ့နေရနေပြီး အနာဂတ်တောင် မသေချာမရေရာတော့ပါ။
သြော်… သနားစရာမြန်မာပြည်… ကျိန်စာများတိုက်ခံထားရလေလား။ ခက်ခဲကြမ်းတမ်းတဲ့ ဘ၀ခရီးလမ်းကို နင်းလျှောက်နေတုံး နာဂစ်(စ်)မုန်တိုင်းကတိုက်ပြန်လေပြီ။ အခုချိန်ထိ လူ တစ်သိန်း ကျော်သေဆုံး အရေအတွက်မရှိ လူတွေပျောက်ဆုံးနေပြီး နှစ်သန်းသော ပြည်သူတွေလည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပေါ့။ တစ်ခါက ကမ္ဘာမှာ ဆန်စပါး အများဆုံးထုတ်လုပ်ပေးနိုင်ခဲ့တဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသလည်း အခုတော့ တစပြင်ဖြစ်ခဲ့ရပြီ။ နစ်မြုပ်ပျောက်ဆုံးသွားတဲ့ရွာတွေ၊ ကွင်းပြင်ကလူသေအလောင်းတွေ ကတော့ ဗုဒ္ဓဟောကြား သွားခဲ့တဲ့ အနစ္စ၊ မတည်မြဲသောတရားကို ထင်ဟတ်နေသလားပဲ။ ကမ္ဘာမြေကြီးကလည်း လှုံခြုံမှုမှမရှိလေပဲကိုး။
မြန်မာစစ်အစိုးရကတော့ ဆက်လက် ချစားပြီး ဘာဆိုဘာမှထိရောက်မှု မရှိမြဲပဲလေ။ သူတို့ရဲ့ ရိုင်းစိုင်းယုတ်မာမှု လူသားမဆန်မှုတွေဟာ သင်္ကန်းရောင်တော်လှန်ရေးတုန်းက ကမ္ဘာသူ ကမ္ဘာသားတွေကို ရွံရှာစေခဲ့ ဒေါသထွက်စေခဲ့ ပြီးပြီ။ ဒီအကြောင်းတွေဟာ စစ်အုပ်စုရဲ့ တရားဝင်ရပ်တည်ရေး ယုံကြည်ချက်တွေကို လျှောကျစေခဲ့လို့ ယခုတစ်ခါ မုန်တိုင်းဒုက္ခ ကိုလည်း နိုင်ငံတကာအကူအညီကိုငြင်းပယ်၊ ယုတ္တိမရှိတဲ့ အတွေးအခေါ်တွေနဲ့ သွေးရူးသွေးတမ်း ဖြေရှင်းနေတယ်လေ။
စစ်အစိုးရရဲ့ တားလိုတားဆီး လုပ်ခံရတဲ့ သဒ္ဓါသရားထက်သန်စွာ လှူဒါန်းကူညီမည့် အဖွဲ့အစည်းတွေလည်း ကူညီနိုင်မဲ့ပြတင်းတံခါးကိုစောင့်ရင်း စက္ကန့်နှင့်အမျှ မိနစ်နှင့်အမျှ တစ်ဖြည်းဖြည်း ရှောင်ထွက်သွားပြီ။ သန်းနှင့်ချီသော အသက်ရှင်ကျန်နေသူတို့ခမျာ အစာငတ်ပြတ်မှု၊ ရောဂါဘယ နှင့် သေဆုံးခြင်း သားကောင်တွေဖြစ်ခဲ့ရပြီလေ။ ကျွန်တော်လည်း ဒေါသထွက်၊ သောကရောက်ရုံကလွဲလို ဘာမှမလုပ်ပေးနိုင်တဲ့ အစွမ်းအစမဲ့သူတစ်ယေက်ဖြစ်နေသလိုပါပဲ။
ဇူးချီ ဗုဒ္ဓဂရုဏာ ကယ်ဆယ်ရေး အဖွဲ့အစည်းကတော့ မြန်မာစစ်အစိုးရရဲ့ တင်းကျပ်လွန်းတဲ့ စစ်ဆေးရေးတွေကို ကျော်လွန်အောင်မြင်ပြီး အကူအညီပေးဖို့ မြန်မာပြည်တွင်းကို ၀င်ရောက်ခွင့်ရရှိသွားပြီ။
ဇူးချီ ၀င်ခွင့်ရရှိသွားခြင်းက အကြောင်းအရင်းများစွာရှိပါတယ်။ ပထမဦးဆုံးကတော့ ဒီအဖွဲ့အစည်းက ၂၀၀၄ ဆူနာမီမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေအပြင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို ကောင်းစွာလုပ်သွားနိုင်ခဲ့တယ်။ ဒီအကြောင်းက သွေးအေးအေးစစ်အုပ်စုရဲ့နှလုံးသားကိုတောင် လှုပ်ကိုင်စေခဲ့ပြီး ဇူးချီကကူညီနိုင်မယ်လို့ယုံကြည်သွားစေတယ်။ (ဘာသာပြန်သူအနေနဲ့ ဘယ်လိုမှမယုံကြည်နိုင်ပါ၊ ရယ်တောင်ရယ်ချင်သေး။ သူတို့ကိုအန္တရာယ်မပေးနိုင်လို့သာ လက်ခံတာပါ၊ တခြားသောအဖွဲ့အစည်းတွေလည်း ကယ်ဆယ်ရေးလုပ်ငန်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ် တွေကို ကောင်းစွာလုပ်သွားနိုင်တာပဲလေ)။
ဒုတိယအချက်ကတော့ ဇူးချီရဲ့ နိုင်ငံရေးကင်းကင်းရှင်းရှင်းနေရန် မူဝါဒကြောင့်ပါ။ (ဒါကဖြစ်နိုင်တယ်၊ သူတို့အကြိုက်ပဲပေါ့။) သူတို့ကိုက တိုင်းတပါးသားတွေကို သံသယနဲ့ ဆက်ဆံပြီး သေလောက်အောင် အာဏာလက်လွတ်ရမှာ ကြောက်နေတယ့် ဒီအချက်က ဇူးချီ အဖွဲ့ကိုဝင်ခွင့်ရသွားစေတယ်။
ထိုင်ဝမ်က တစ်ချို့သောလူတွေက ဇူးချီရဲ့ နိုင်ငံရေးကင်းရှင်းရေးမူဝါဒကို ဝေဖန်ပြောဆိုကြတယ်။ ဒါပေမယ့် ဤမူဝါဒက ဇူးချီကို နိုင်ငံအားလုံးရဲ့ယုံကြည်မှုရရှိစေခဲ့တယ်လေ။ ဆိုးသွမ်းတဲ့ နိုင်ငံရေးသမားတွေဟာ သူတို့ရဲ့ အာဏာကိုမထိခိုက်စေနိုင်တဲ့အတွက် ဒီအဖွဲ့အစည်းအပေါ် သံသယမရှိသလောက်ပဲပေါ့။ ဒါကြောင့်မလို့ ရင်းနှီးမှုရစေခဲ့တာ။
ဤမျက်နှာစာမှကြည့်မယ်ဆိုရင် တခြားလူမှုရေး လှုပ်ရှားမှု အဖွဲ့အစည်းတွေက ၄င်းတို့မှာ အကန့်အသတ် ရှိနေပြီဆိုတာ ၀န်ခံရပါလိမ့်မယ်။ လူမှုရေးအဖွဲ့အစည်းတစ်ခုဟာ နိုင်ငံရေးကင်းရှင်းပြီး ဘယ်လောက်များများ ကောင်းမှုတွေဖော်ဆောင်နိုင်လဲဆိုတဲ့ ၀ါဒပေါ်သာအခြေခံပြီး လှုပ်ရှားမှ အကူအညီတွေဟာ အောင်မြင်နိုင်မယ်ဆိုတာ သတိထားမိ သင့်ပါပြီ။ တည်ငြိမ်တဲ့စွမ်းအားနဲ့ လူအများကို ကယ်ဆယ်နိုင်အောင် ကြိုးပမ်းချင်တယ်ဆိုရင် နိုင်ငံရေးနဲ့ ရောထွေးနေတာကိုရပ်ရပါလိမ့်မယ်။
ဆိုင်ကလုံးမုန်းတိုင်း မြန်မာပြည်ဝင်ပြီး ကိုးရက်အကြာ တရုတ်ပြည် စီးချွမ်းပြည်နယ်မှာ ပြင်းထန်တဲ့ငလျင် လှုပ်သွားခဲ့တယ်။ အခုတော့ နှစ်နိုင်ငံလုံး ဒုက္ခကိုယ်စီ တွေ့ကြုံနေပြီ။ ဒါပေမယ့် တရုတ် အစိုးရကတော့ နိုင်ငံတကာရဲ့ လူသားချင်စာနာထောက်ထားမှုအကူအညီတွေကို အေးဆေးစွာရင်ဆိုင် လက်ခံခဲ့တယ်။ အထူးသဖြင့် ထိုင်ဝမ်ရဲ့အကူအညီကိုရောပါ လက်ခံခဲ့တယ်။ သူတို့တွေ သဘာဝဘေးအန္တရာယ် သတင်းအချက်အလက်တွေကို မပိတ်ပင်ဘူး။ အကုန်လုံးကို ထင်သာမြင်သာအောင် ပွင့်ပွင့်လင်းလင်း ဖွင့်ပေးထားတယ်။ ဘယ်ရှုထောင့်ကကြည့်ကြည့် တရုတ်အစိုးရဟာ မြန်မာအစိုးရထက် လူသားဆန်မှုကို ပြသနိုင်ခဲ့တယ်။ မျက်နှာလည်းပွင့်လမ်းခဲ့တယ်။ ကမ္ဘာ ကလည်း ရက်ရက်ရောရောပေးလှူတယ်လေ၊ ဒီလိုလှူတဲ့နေရာမှာ ထိုင်ဝမ်လည်း မနောက်ကျကျန်ခဲ့ပါဘူး။
တရုတ်အစိုးရရဲ့ အရေးပေါ် ကိုင်တွယ်မှုတွေကတော့ မြန်မာအစိုးရနဲ့တေှာှ့ဆီနဲ့သေးနဲ့ ကွာပါတယ်။ (မမေသူရဲ့ နှိုင်းယဉ်ချက်ကို အငှားသုံး ဘာသာပြန်ထားတာပါ။) တန်စာဆို လီပိုင် က စီးချွမ်းကိုသွားတဲ့လမ်းက ခက်ခဲပါပေတယ် လို့စပ်ဆိုခဲ့ပေမယ့် အခုတော့ ရန်ကုန်ကို ပျံသွားရမှာ ပိုခက်ခဲပါတယ်လို့ စပ်ဆိုရမလိုပါပဲ။
ထိုမ်ဝမ်လူမျိုးတွေရဲ့ ဒုက္ခသည်တွေကို ကူညီချင်တဲ့ သဒ္ဒါတရားထက်သန်မှုဟာ ထိုင်ဝမ်သတင်းလောကရဲ့ အရေးပေးမှုကိုခံခဲ့ရပါပြီ။ သတင်းမှာပါတဲ့ သေဆုံးမှု၊ ပျက်ဆီးမှုဓာတ်ပုံ၊ ကြေကွဲနေတဲ့ အသက်ရှင်ကျန်နေသူတွေဟာ လူတွေကို မျက်ရည်ယိုစေပြီး သူတို့ရဲ့ဒုက္ခတွေကို ဂရုပြုမိလာကြပါတယ်။ ဒါပေမယ့် ထိုင်ဝမ်လူမျိုးတွေအတွက် မြန်မာပြည်ကတော့ ထိုင်ဝမ်နှင့် အနည်းငယ်ပိုဝေးတာကြောင့် ဒေသခံသတင်းဌာနတွေရဲ့ ဂရုပြုမှုကို အနည်းအကျဉ်းလောက်သာခံရပါတယ်။ ဒီအတွက်ကြောင့် လူတွေက မြန်မာပြည်ရဲ့ ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို မျက်မြင်တွေ့နိုင်ဖို့ခက်ခဲစေပါတယ်။
ဒါပေမယ့်လည်း အစိုးရနှင့် စီးပွားရေးလောကသားတွေကတော့ မြန်မာအရေးထက် စီးချွမ်းအရေးကို ပိုအရေးပေးနေခြင်းဟာ အရေးကြီးတဲ့မေးခွန်းတွေ ထုတ်ချင်စရာပါ။ အကယ်၍ သူတို့ရဲ့အလှူဟာ စီးချွမ်း ဘေးအန္တရာယ်ကျရောက်ရာဒေသသို့သာ NTD (New Taiwan Dollar) တွေသန်းချီ မရောက်ခဲ့ရင် ကျွန်တော်တို့ထိုင်ဝမ်အစိုးရနှင့် ချမ်းသာသူတွေရဲ့ အရင်းအမြစ်တွေက ဒုက္ခရောက်နေသူ အမြောက်အမြားကို အခုလို ရက်ရက်ရောရော ကယ်တင်ပါ့မလားဆိုတာပါပဲ။
ဘယ်အချိန်မှများ ထိုင်ဝမ်အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်များဟာ သူတို့ရဲ့ ကိုယ်ကျိုးကိုမကြည့်ပဲ ပေးဆပ်နိုင်မလဲ။ မြန်မာပြည်ရဲ့ မုန်တိုင်းပြီးနောက် ပြန်လည်ထူထောင်ရေးတွေမှာ ဖြစ်နိုင်ချေရှိပါတယ်။ သူတို့တွေ ပေါ့လျော့မှုတွေကိုသိမြင်နိုင်ပြီး လှူနိုင်တန်းနိုင်မဲ့ အခွင့်အရေးတွေ ပေါ်ပေါက်လာရင် ကိုယ်ကျိုးမကြည့်ပဲ လှူနိုင်ကြမယ်လို့မျှော်လင့်ပါတယ်။
Shih Chao-hwei 釋昭慧
ရှင့်ချောင်ဟွေ့ ဟာ ရွှမ်းချွှမ် တက္ကသိုလ်မှ ဘာသာရေးဆိုင်ရာ ပါမောက္ခ တစ်ယောက်ဖြစ်ပါတယ်။
တရုတ်ဘာသာမှ အင်္ဂလိပ်ဘာသာသို့ Anna Stiggelbout မှဘာသာပြန်သည်။
အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ လင်းစစ်သူ မှဘာသာပြန်သည်။
ကျွန်တော်အိမ်ဘလောဂ်မှတင်ပြသည်။
Posted by Ashin dhamma at 1:03 AM 0 comments
မယုံဘူး..၊ အရေးယူရမယ်..
30-05-2008
“ဟော.. တနေ့က သတင်းတွေထဲမှာ ပလူပျံလို့..။ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းကို မဲပေါင်း ၉၂% နဲ့ ထောက်ခံအတည်ပြုတယ်..” တဲ့..။ ကျုပ်စဉ်းစားမိတယ်ဗျာ..။ ၉၂% တဲ့..။ ဟုတ်ရဲ့လား? ဒါ.. သက်သက် လိမ်တာ..။ ဒါ နိုင်ငံတော်ကို တမင် အပုတ်ချတာ..၊ စော်ကားတာ..။ ကျုပ်ကတော့ မယုံ ဘူး..၊ လုံးဝ မယုံဘူး..။
ကျုပ် ယုံတာက အနည်းဆုံး ၁၀၀% ကို ဖြစ်ရမှာ..။ အခုဟာက စော်စော်ကားကား..။ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်..။ ပုဂ္ဂလိက အလှူရှင်တွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ နာဂစ်မုန်တိုင်းဒဏ် ကြောင့် ကံဆိုးလို့ အသက်ရှင်ကျန်ခဲ့သူတွေကို လှူတန်းတာထက် နိုင်ငံတော်ရဲ့ မဟာဂုဏ်သိက္ခာကို ပြင်းပြင်းထန်ထန် ထိခိုက်စေတယ်..။
စဉ်းစားကြည့်ဗျာ..။ ဒီလောက် ကမ္ဘာ့သက်တမ်းအရှည်ဆုံးနဲ့ အချိန်ပေးရေးဆွဲထားရတဲ့ “ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကြီး” ဖြစ်သလို (အမှန်မှာ ဂိနီမှတ်တမ်းမှာ ထည့်ရမဲ့ကိစ္စ) တဖက်ကလဲ အမျှော် အမြင်ကြီးကြီးနဲ့ ငွေကြေးတွေအကုန်ခံကာ စည်းရုံးရေးတွေဆင်းထားရက်နဲ့ ၉၂% တဲ့..။ ကဲ.. ဘယ် လောက် အသုံးမကျတဲ့ ဟာတွေလဲ? အဲဒီသတင်းကိုလဲကြားရော ကျုပ်တုန်လှုပ်သွားတယ်..။ “မယုံဘူး.. လုံးဝ မယုံဘူး..” လို့ အရူးတယောက်လို အော်မိတော့မလို့..။ တော်ကြာ တမျိုးထင်ပြီး လာဆွဲမှာ စိုးလို့ သာ..။ စိတ်ထဲကတော့ “မယုံဘူး.. လုံးဝ မယုံဘူး..” လို့ အခါခါအော်ပစ်လိုက်တယ်..။
တချို့မိတ်ဆွေတွေကလဲ မေးတယ်..၊ အဲဒီ သတင်းနဲ့ ပတ်သက်လို့..။ သူတို့လဲ တောက် တခေါက် ခေါက်ဖြစ်နေကြတယ်..၊ အားမလို အားမရနဲ့..။ “ဖြစ်နိုင်လား..” တဲ့..။ ကျုပ်ကလဲ ဖြစ်သင့်တဲ့အတိုင်း ပြော လိုက်တယ်..
“တကယ်တမ်းကဗျာ.. အနဲဆုံး ၁၀၀% ပဲဖြစ်ရမှာ..။ ပိုပြီးဖြစ်သင့်တာက ၁၂၅% တို့..၊ ၁၅၀% တို့ ဖြစ်ရမှာ..။ အခုဟာက မယုံနိုင်စရာဖြစ်နေလို့..။ မယုံဘူး..၊ လုံးဝ မယုံဘူး..” လို့..။
သူတို့လဲ မျက်စိလေး ပြူးတူးပြဲတဲနဲ့ အံ့သြနေတဲ့ပုံစံ..။ ဒါနဲ့ ကျုပ်ကဆက်ပြီး...
“ခင်ဗျားတို့ကော ယုံလား..” လို့ မေးတော့.. သူတို့က ကျုပ်ကို မယုံသလိုနဲ့ကြည့်ပြီး မဖြေရဲဘူး..။ ဒါတောင် ကျုပ်ဘေးနားမှာ ၀ါးစိမ်းတုတ်တို့ နှစ်တလက်မချောင်းတို့ ရှိတာမဟုတ်သေးဘူး..။ ဒါပေမဲ့ ကျုပ်သိတာပေါ့...။ ကျုပ်ကိုယ်တိုင်ကလဲ “ဒဲ့ဒိုးပြောရင် ရပ်မိတဲ့လူစား” ပဲ ဥစ္စာ..။ ချာတိချာတာမှ မဟုတ် ပဲ..။ ကျုပ်သိတာပေါ့.. သူတို့ မျက်စိတွေကပေးတဲ့ အဖြေကို..။ ဒါနဲ့ ကျုပ်က ဆက်ပြီး..
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ၉၂% ထောက်ခံမဲ ရတယ်-လို့ ကြေငြာခိုင်းတဲ့သူရော..။ ယုံတဲ့သူရောကို အရေးယူရမယ်..။ ပြင်းပြင်းထန်ထန်ကို အပြစ်ပေးရမယ်..။ မှတ်လောက်သားလောက်အောင်ကို လုပ်ပစ်ရ မယ်..” လို့ ပြောပြီး တအောင့် နားလိုက်တော့.. တယောက်က ဖောက်ပြီး.. “ဒီတော့ကား..” ဟု ဆိုကာ စလိုက်တော့ ကျုပ်က လက်ကာရင်း…
“မှတ်ထား.. ၉၂% ထောက်ခံမဲရတယ်လို့ ကြေငြာခိုင်းတဲ့သူတွေကို သားစဉ်မြေးဆက် မသေမချင်း လေပြင်းနဲ့ တိုက်သတ်ရမယ်..။ ယုံတဲ့သူတွေကိုတော့ တသက်လုံး သားစဉ်မြေးဆက် ငရဲမှာ အရှင်လတ် လတ် ခံစေရမယ်..။ အခု ဗမာပြည်အတိုင်းပေါ့..” လို့ ဆက်ပြောလိုက်တယ်..။ သူတို့လဲ မျက်ကလူး ဆံပြာနဲ့..။ ကဲ.. ဒီတော့.. စာရှုသူ..
ခင်ဗျားကော ယုံလား..။ ဘယ်လိုလဲ တသက်လုံး သားစဉ်မြေးဆက် ငရဲမှာ အရှင်လတ်လတ် ခံချင်လား..။ မယုံမရှိနဲ့ ကျုပ်တော့ မျက်စိစုံဖွင့်ပြီး.. “မယုံဘူး..၊ လုံးဝ မယုံဘူး..” ကဲ.. မှတ်ကရော..။
နီသွေး
MSMA
Posted by Ashin dhamma at 12:53 AM 0 comments
Thursday, May 29, 2008
သာသနာနှင့်နိုင်ငံရေး
ခုဆိုရင် စာရေးသူဟာ ကိုယ်ယုံကြည်ရာမျှော်လင့်ချက်တစ်ခုနဲ့ စာတွေရေးနေခဲ့တာ လေးငါးပုဒ်ရှိပြီ ဖြစ်တယ်။ ဒီဆောင်းပါးကတော့ နားလည်မှုရှိထားသူတွေအတွက် မရည်ရွယ်ပါဘူး။ န.အ.ဖခိုင်းစေသမျှ အ ဟုတ်မှတ်နေသူအချို့၊ န.အ.ဖ ဘာလုပ်လုပ် “ကောင်းတယ်၊ ကောင်းတယ်”လုပ်နေသူအချို့၊ န.အ.ဖ ထိရင် တီကောင်ကို ဆားတို့ခံရသလို ဖျပ်ဖျပ်လူးဖြစ်နေသူအချို့၊ န.အ.ဖ တိုက်ထားသော မှူးမှုန်မှိုင်းဝေနေတဲ့ လမ်းမ ထက်မှာ အမှန်တရားကို မြင်နိုင်စွမ်း ချို့တဲ့နေသူအချို့……အချို့…။ ထိုအချို့များအတွက် ဒီခေါင်းစဉ်တပ်ပြီး ဒီစာကို ရေးပါတယ်။
သာသနာ့ဝန်ထမ်း၊ ရဟန်းတစ်ပါးဖြစ်တဲ့ စာရေးသူမှာလဲ တာဝန်ရှိတယ်လို့ ခံစားရတယ်။ “ဘာကြောင့် ဘုန်းကြီးတွေ နိုင်ငံရေးထဲ ၀င်ပါရသလဲ”။ ဘုန်းကြီးတွေ နိုင်ငံရေးလုပ်သင့်, မသင့်ကိုတော့ မဆွေးနွေးတော့ ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်တော့မှ အဖြေတူမထွက်နိုင်တဲ့မေးခွန်း ဖြစ်လို့ပဲ။ ဒါပေမယ့် စာရေးသူ ပြောချင်တာကတော့ ဘုရားရှင်သော်မှ လိုအပ်ရင် နိုင်ငံရေးကိစ္စတွေထဲကို ၀င်လာလေ့ရှိခဲ့တယ် ဆိုတာပါပဲ။ စာရေးသူ ကိုယ်လိုရာဆွဲပြောတာ မဟုတ်ပါဘူး။ လေ့လာကြည့်ကြစေလိုပါတယ်။ ဒီနေရာမှာတော့ အကျယ် မဆွေးနွေးတော့ပါဘူး။ စာရေးသူ တင်ထားတဲ့ ခေါင်းစီးကို ပြန်သွားပါမယ်။ ဒီဆောင်းပါးဆုံးတာနဲ့ ဘုန်းကြီးတွေ နိုင်ငံရေးထဲ ဘာကြောင့်ဝင်ပါရသလဲဆိုတာ ရှင်းသွားပါလိမ့်မယ်။
မြန်မာနိုင်ငံဟာ ထေရ၀ါဒဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ထေရ၀ါဒရဟန်းတော်ပေါင်း ၅-သိန်းခန့်ကို ကျွေးမွေးလှူဒါန်းနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ တစ်နေ့ကို သံဃာတော်တစ်ပါးကို နို့ဆီဗူးနှစ်ဗူး နှုန်းဆိုရင် သံဃာတော်ငါးသိန်းခန့်အတွက် တစ်နေ့တာ ဆွမ်းစရိတ်ဟာ ဆန်တင်းပေါင်း ၁-သောင်းခွဲကျော်မယ် ထင်ပါတယ်။ (မှားသွားရင်လဲ ခွင့်လွှတ်ပါ။ ခန့်မှန်းခြေဖြစ်ပါတယ်။) စာရေးသူဆိုလိုချင်တာက မြန်မာပြည် သူတွေဟာ ဘယ်လောက်ပင် ဆင်းရဲကျပ်တည်းမှုများနှင့် ကြုံတွေ့နေရစေကာမူ သာသနာတော်ကို အလုပ် အကျွေးပြုခဲ့ကြတယ်။ အလုပ်အကျွေးပြုနေကြဆဲပဲ။ ဒီလောက်များပြားတဲ့ သာသနာ့ဝန်ထမ်းရှင်ရဟန်းတွေ အတွက် ကျွေးမွေးထားနိုင်ဖို့ဆိုတာ ဧရာမတာဝန်ကြီးတစ်ခုပါ။ ဒါကို ပြည်သူတွေဟာ မငြီးမငြူ ထမ်းဆောင် ထားနိုင်တယ်။
ဆိုတော့ ဒီပြည်သူတွေ ဒုက္ခရောက်နေတာကို စာရေးသူတို့ဟာ လက်ပိုက်ပြီး ကြည့်နေတယ်ဆိုရင် လောကကြီးမှာ စာရေးသူတို့ ဗုဒ္ဓဘာသာရဟန်းတော်တွေလောက် အသိတရားမရှိတာ ဘာရှိတော့မှာလဲ။ စာရေးသူတို့ လက်ပိုက်ကြည့်မနေခဲ့ပါဘူး။ လက်ပိုက်ကြည့်မနေပါဘူး။ နောင်ကိုလဲ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။
ပြည်သူတွေ ဘာလိုချင်နေတာလဲ။ ပြည်သူတွေအတွက် ရဟန်းတော်တွေက ဘာဖြစ်စေချင်နေတာလဲ။ အဲဒီလို မေးလာခဲ့ရင် အားလုံးက တစ်ညီတစ်ညွတ်တည်း ဖြေလိမ့်မယ်။ “တရားမျှတတဲ့ လူ့ဘောင်လောက တစ်ခု”။ ဒါပါပဲ။ မှန်ကန်သင့်တော်တဲ့စနစ်၊ မြန်မာနိုင်ငံအတွက်ရော နိုင်ငံသူနိုင်ငံသားတိုင်းအတွက်ပါ လွတ်လပ် ပြီး တရားမျှတတဲ့ စနစ်တစ်ခု၊ အဖွဲ့အစည်းတစ်ခု။ ကမ္ဘာ့တစ်ခွင်လုံးက လူရိုသေရှင်ရိုသေ အစိုးရအဖွဲ့အစည်း တစ်ခု။ ဒါကို စာရေးသူတို့ တစ်နိုင်ငံလုံးက အလိုရှိနေပါတယ်။
(မှတ်ချက်= တစ်နိုင်ငံလုံးဟု ဆိုရာတွင် န.အ.ဖ ခေါင်းဆောင်များနှင့် စိတ်သဘောထားထပ်တူကျ သောသူများ မပါဝင်ပါ။ “စိတ်သဘောထားထပ်တူကျသောသူများ”လို့ သုံးတာဟာ အကြောင်းရှိပါတယ်။ တစ်ချို့က အကြောင်းကြောင်းကြောင့် စစ်သားဖြစ်လာခဲ့ရပေမယ့် န.အ.ဖလုပ်ရပ်တွေကို ရွံမုန်းနေတဲ့စစ်သား တွေ ရှိပါတယ်။ စစ်သားထိရင် မှားမှားမှန်မှန် ရန်တွေ့တတ်သူများ နားလည်ပါလေ)။
ခုတော့ တစ်ချိန်က အရှေ့တောင်အာရှမှာ သာမက ကမ္ဘာမှာပါ တိုးတက်ဖို့ အလားအလာအကောင်း ဆုံးနဲ့ သယံဇာတတွေပေါများလှတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဟာ ကမ္ဘာအလယ်မှာ ဆင်းရဲနုံချာတဲ့နိုင်ငံတွေထဲ ပါဝင်နေရပြီ။ နည်းမျိုးစုံနဲ့ ရက်စက်မှုများနဲ့ဘက်ပေါင်းစုံမှာ ရှက်စရာဖြစ်နေခဲ့ရပြီ။ နေရင်းထိုင်ရင်း ဗုဒ္ဓဘာသာပါ သိက္ခာကျနေခဲ့ရပြီ။ တရားမျှတတဲ့ လူ့ဘောင်လောကတစ်ခု တည်ဆောက်ဖို့ စာရေးသူတို့ သာသနာတော်သုံး ဝေါဟာရနဲ့ သုံးရရင် သူတော်ကောင်းတရား ထွန်းကားတဲ့ လူဘောင်လောကတစ်ခု တည်ထောင်ဖို့ ပါဝင်ဆောင် ရွက်ခြင်းဟာ မလုပ်သင့်မလုပ်ထိုက်တဲ့ အလုပ်ဖြစ်ပါသလား။
ခုချိန်ထိ “န.အ.ဖ”ဟာ တရားမျှတမှုဆိုတဲ့စကားလုံးကို တွင်တွင်ကြီး သုံးနေဆဲပဲ။ အဲဒီစကားလုံးက မြန်မာနိုင်ငံမှာ ဆိတ်သုဉ်းနေတာကြာပြီ။ လူ့အခွင့်အရေးတွေ ပျောက်ဆုံးနေတာကြာပြီ။ လွတ်လပ်စွာသဘော ထားကွဲလွဲခွင့်ဆိုတာ ကဗျာလောကမှာပဲ ကြားရတာ။ မြန်မာနိုင်ငံမှာက ခေတ်စကားနဲ့ပြောရရင် linear ဆိုတဲ့ ဒေါင်လိုက်စနစ်ပဲ ရှိတယ်။ အထက်လူကြီးက “ဒါ”ဆိုရင် “ဒါ”ပဲ။ အမိန့်စနစ်ပဲ။ စစ်တပ်စနစ်ပဲ။ ဒေါင်လိုက် စနစ် မှာ အထက်က လူတွေက အဓိကပဲ။ အထက်ကလူက ဘယ်လောက်ပဲဆိုးဆိုး အောက်ကလူတွေဟာ ငုံ့ခံရုံက လွဲပြီး ဘာမှလုပ်လို့ မရဘူး။ ခက်တာက တစ်တိုင်းပြည်လုံးကို ဒေါင်လိုက်စနစ်ထဲရောက်အောင် လက်နက်နဲ့ ခြိမ်းခြောက်ပြီး သွတ်သွင်းထားတာ။ ဒေါင်လိုက်စနစ်ဟာ ခေတ်မမီတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူ့လောကအတွက် အန္တရာယ်များပါတယ်။ ဘာကြောင့်အန္တရာယ်များတာလဲ။
ဒေါင်လိုက်စနစ်မှာ အထက်လူကြီးက ကောင်းနေရင် သိပ်ကိစ္စမရှိဘူး။ ဆိုးဝါးနေပြီဆိုရင် အောက်ကလူတွေ စိတ်မချမ်းသာပါဘူး။ ကျန်တဲ့အထက် ဗိုလ်တွေဆို ပြောမနေနဲ့။ ရွာမှာ ရွာသူကြီးကိုတောင် ဖိန့်ဖိန့်တုန်အောင် ကြောက်နေကြရတာ။ ဘာလို့ ကြောက်တာလဲ။ “ရွာသူကြီးဆိုတာ ရဲနဲ့ပိုင်တယ်ကွ”။ “ဟိုစခန်းမှူးကြီးဆို လာဘ်စားပြီး ဟို လူသတ်ကောင်ကို ဘာအပြစ်မှ မပေးဘူး။ ဒါတောင် အထက်က သူ့ကို ဘာကြောင့်များ ဆက်ခန့်ထားသလဲ မသိဘူး“။ “သူက တိုင်းမှူးနဲ့ပိုင်တယ်ကွ”။ ဒါတွေက ဘာတွေလဲ။ ဒါတွေက န.အ.ဖရဲ့ မူရင်းကျင့်ဝတ်တွေလား။ နိုင်ငံအုပ်ချုပ်ပုံစနစ်လား။ ဒါတွေက န.အ.ဖရဲ့ တရားမျှတမှုစံနှုန်းတွေလား။ ဒါ ဥပမာအနေနဲ့ပြောတာပဲ ရှိသေးတယ်။ တရားဥပဒေအပေါ်မှာ မိန့်မိန့်ကြီး တက်ထိုင်နေတဲ့သူတွေက ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးမှာ အများကြီး။ ဒါမျိုးရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ခြစားနေတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းကြီးကို စာရေးသူတို့ သာသနာ့ဝန်ထမ်းတွေအနေနဲ့ “ကောင်းတယ် ဒကာကြီး”လို့ ဘယ်တော့မှ မပြောနိုင်ပါဘူး။ သာသနာကို တကယ်ချစ်သူတိုင်း၊ မြန်မာကို တကယ်ချစ်သူတိုင်း မပြောပါဘူး။
“အရှင်ဘုရားတို့က လမ်းတွေဖောက်၊ တံတားတွေထိုး၊ ဘုရားတွေတည်နေတာကျတော့ ထည့်မစဉ်း စားတော့ဘူးလား”။ တစ်ချို့က အဲလို မေးချင်ကြတယ်။ စာရေးသူကတော့ အဲဒိလို မေးလာသူတိုင်းကို “သြော် …တော်တော် နုံသေး အသေးတဲ့ ကလေးပါလား”လို့ပဲ ယူဆထားလိုက်တယ်။ ထင်သာမြင်သာဖြစ်စေမယ့် ဥပမာတစ်ခုထုတ်ပြလိုပါတယ်။ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးဟာ သူ့ကျောင်းတိုက်ထဲမှာ ကျောင်းဆောင်တွေ ပြုပြင်တာ၊ ဆောက်လုပ်တာ၊ ရေတွင်းရေကန်တူးတာ၊ ဘုရားတည်တာ၊ ကိုရင်လေးတွေကို ကျွေးမွေးတာ…။ ဒါတွေဟာ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးရဲ့ မဖြစ်မနေလုပ်ရမယ့်အရာတွေပဲ။
ဒါတွေကို လုပ်နေတာဟာ မထူးဆန်းပါဘူး။ ဒါတွေဟာ သတင်းမဟုတ်ပါဘူး။ ဒါတွေကို သတင်းအနေ နဲ့တင်ပြရင် ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် “အဲဒီဘုန်းကြီးက မိန်းကလေးတစ်ယောက်ရဲ့ လက်ကို သွားဆွဲသတဲ့”ဆိုရင်တော့ ဒါဟာ သတင်းဖြစ်သွားပါပြီ။ မီဒီယာလောကမှာ စကားတစ်ခွန်းရှိ တယ်မဟုတ်လား “ခွေးက လူကို ကိုက်ရင် သတင်းမဟုတ်ဘူး၊ လူက ခွေးကို ကိုက်မှ သတင်း” ဆိုတာမျိုးဖြစ်ပါတယ်။ ဒီလောက်ဆို သဘောပေါက်လောက်မယ်ထင်ပါတယ်။
ပုဂ္ဂိုလ်တစ်ဦးချင်းပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းလိုက်ဖြစ်ဖြစ်၊ တိုင်းပြည်တစ်ခုလုံးအတိုင်းအတာဖြစ်ဖြစ် စည်းမျဉ်းစည်းကမ်းဆိုတာ ရှိပါတယ်။ အဲဒီထဲကမှ လုံးဝကျူးလွန်လို့မရတဲ့၊ ချိုးဖောက်လို့မရတဲ့ စည်းကမ်းတွေရှိ ပါတယ်။ ရဟန်းအဖွဲ့အစည်းမှာဆိုရင် ပါရာဇိကလေးပါးစည်းကမ်းဥပဒေဟာ ချိုးဖောက်တာနဲ့ လူဝတ်ကြောင် ဖြစ်သွားပါတယ်။ န.အ.ဖ ဟာ မကျူးလွန်သင့်၊ မကျူးလွန်ထိုက်တဲ့ အမှားတွေကို ဆက်တိုက်လုပ်ပါတယ်။ ကမ္ဘာသိလူသတ်ပွဲများဖြစ်တဲ့ ၈၈-လူသတ်ပွဲ၊ ဒီပဲယင်းလူသတ်ပွဲ၊ ရွှေဝါရောင်ဘုန်းကြီးသတ်ပွဲ….။ ဒီအမှားတွေဟာ ဘယ်တော့မှ ခွင့်လွှတ်လို့မရတဲ့ အမှားတွေဖြစ်ပါတယ်။
န.အ.ဖ လုပ်သမျှ အကောင်းထင်နေသူအချို့ကို ထင်သာအောင်တစ်ခု ပြောပြမယ်။ “ခု စစ်ဗိုလ် တွေဟာ တရားမျှတစွာ၊ မှန်ကန်ဖြောင့်မတ်စွာ အလုပ်လုပ်ကြပါရဲ့လား”ဆိုတာ ပေါ်လွင်လာလိမ့်မယ်။ “နေ၀င်း သေတာ တစ်နိုင်ငံလုံး ဘယ်သူမှ ၀မ်းမနည်း”။ “စောမောင်သေတာ တစ်နိုင်ငံလုံး ဘယ်သူမှ မတုန်လှုပ်”။ “စိုးဝင်းသေတာ တစ်နိုင်ငံလုံး ၀မ်းနည်းသံတစ်ချက်မှ မထွက်”။ တပ်မတော်အတွင်းမှာကော သူတို့သေတုန်းက ဘယ်လောက်ထိ ၀မ်းနည်းပူဆွေးခဲ့ကြပါသလဲ။ စာရေးသူကတော့ တပ်ထဲအသွားအလာရှိတော့ သိပါတယ်။ ရုပ်ရှင်မင်းသား ဒွေးဆုံးတုန်းက ပြည်သူတွေအတော်များများ ပူဆွေးသောက ဖြစ်ကြရတယ်။ ကောင်းတာတွေ လုပ်ပြီး ပြည်သူက ချစ်တဲ့သူတွေပါဆိုရင်…………..။ သိပ်ရှင်းပြစရာ မလိုတော့ဘူးထင်ပါတယ်။ ခေါင်းလေးနဲ့ စဉ်းစားရင် အဖြေထွက်ပါပြီ။ သူငယ်တန်းမေးခွန်းလောက်တောင် ခေါင်းစားစရာမလိုပါဘူး။
(မှတ်ချက်။ ။စိုးဝင်းသေတုန်းက အဖြစ်အပျက်လေးနဲ့ ခွေးမလေးတစ်ကောင်သေတဲ့ အဖြစ် အပျက်နှစ်ခုကို ယှဉ်ပြီးရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ရှိပါတယ်။ မဖတ်ရသေးသူများ “လွင်ပြင်ရိုင်းရဲ့ ရိုး သားမှုနှင့်သမိုင်းတွင်ခြင်း”ဆိုတဲ့ဆောင်းပါးကို ဒီမှာ http://lanka-msma.blogspot.com/search/label/articleဖတ်ရှုနိုင်ပါတယ်။)
နောက်….ဟိုတုန်းက ခင်ညွန့်ထိ ဓားကြည့်ဆိုတဲ့ တပ်မတော်သားတွေ အများကြီးပဲ။ ၀င်းမြင့်ကို ဘုရား လို ကြည်ညိုတဲ့ တပ်မတော်သားတွေ အများကြီးပဲ။ ….စသည်…..စသည်….။ ခုအချိန်မှာ သူတို့ဆောက်ခဲ့တဲ့ တံတားတွေက ကျောက်စာတောင် အငြိမ်မနေရဘူး။ ပြုပြင်ခံလိုခံရ။ ကျောက်တော်ကြီးဘုရားမှာ ခင်ညွန့်ပုံ ကလဲ နေရင်းထိုင်ရင်း အဖျက်ခံရ။ ဒါတွေက ဘာကို ပြနေသလဲဆိုတော့ တပ်မတော်အတွင်းမှာကိုပဲ အချင်း ချင်း လေးစားမှုမရှိဘူးဆိုတာ ပြနေတာပဲ။ နောက်ပြီး တစ်ခုကောက်ချက်ချလို့ရတာက န.အ.ဖဟာ မလိုရင် မလိုသလို သမိုင်းကို ဖျက်တတ်တယ်ဆိုတာပါပဲ။
ကျောင်းတိုက်တစ်ခုမှာ ခေါင်းရင်းက ဘုရားပုံတော်ကို ဖြုတ်ပြီး မတော်တရော်ပုံတင်ထားပြီး ကိုးကွယ် ရင် အဆိုပါဘုန်းကြီးကို ဗုဒ္ဓဘာသာလို့ မခေါ်နိုင်တော့ဘူး။ တိုင်းပြည်တစ်ခုမှာ နိုင်ငံရဲ့လွတ်လပ်ရေးဖခင်ကို မြောင်းထဲပစ်ချပြီး သူ့နေရာမှ “တော်၏ မတော်၏”မစဉ်းစားဘဲ ခပ်တည်တည်ဝင်ထိုင်နေသူဟာ နိုင်ငံခေါင်း ဆောင်မဟုတ်ဘူး။
အမိန့်နဲ့ လက်နက်နဲ့ ခြိမ်းခြောက်ထားလို့သာရယ်၊ တစ်ရက်တစ်လေများး လွတ်လပ်ခွင့်ရလို့ ကတော့ ကွာ” စိတ်ထဲမှာ တနုံ့နုံ့နဲ့ ဘယ်သူမှ ကုသိုလ်မဖြစ်ပါဘူး။ စာရေးသူတို့ ရဟန်းတော်တွေဟာ “ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းမှာရှိကြတဲ့ အဖွဲ့အစည်းအားလုံး၊ လူမျိုးအားလုံး၊ ဒေသအားလုံး၊ လူကြီး၊ လူလတ်၊ လူငယ်၊ ကလေးအားလုံး” ကိုယ်စားပြုတဲ့ (ကိုယ်စားပြုနိုင်ခွင့် အတိုင်းအတာရှိတဲ့) အုပ်ချုပ်ရေးစနစ်တစ်ခုကို လိုလားပါတယ်။ အားလုံးဟာ တစ်သားထဲ တစ်ပြားထဲမှာရှိတဲ့ non-linear အလျားလိုက်စနစ်တစ်ခုဖြစ်ပါတယ်။ အဲဒီစနစ်ဟာ အကောင်းဆုံးစနစ်လို့ ရဟန်းတော်များ ယူဆထားတယ်။ ဒီမျှတတဲ့ စနစ်တစ်ခုကို တည်ထောင်ဖို့ စိတ်နှစ်ကြတာပါ။
နောက်ပြီး န.အ.ဖ၊ န.အ.ဖနဲ့စိတ်သဘောထားတူသူများကို စာရေးသူက ဦးဇင်းတစ်ပါးအနေနဲ့ စေတနာထားပြီး ပြောပါရစေ။ စာရေးသူတို့အပါအ၀င် တိုင်းသူပြည်သားတွေဟာ မြန်မာနိုင်ငံကို လွတ်လပ်ရေး ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် နိုင်ငံ့အာဇာနည်သူရဲကောင်းတွေကို လေးစား တယ်။ သူတို့ကို တိုင်းပြည်ရဲ့ ကျေးဇူးရှင်တွေလို့ ကျေးဇူးသိတဲ့ပုဂ္ဂိုလ်တိုင်းက ယူဆထားကြတယ်။ န.အ.ဖ လက်အောက်မှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းရေးတဲ့စာအုပ်တွေကို တရားဝင်ထုတ်ဝေခွင့် ဖတ်ရှုခွင့် ရရဲ့လား။ ဒီနိုင်ငံ့ကျေးဇူးရှင်တွေရဲ့ ပုံတွေကို လွတ်လွတ်လပ်လပ် ကိုင်ဆောင်ခွင့် ပြုသလား။ န.အ.ဖလက် အောက်မှာ ဘယ်လောက်ထိ ဆိုးသလဲဆိုရင် တိုင်းသူပြည်သားတွေဟာ ဗိုလ်ချုပ်အောင်ဆန်းပုံကိုတောင် ကိုယ့်အိမ်မှာ ချိတ်မထားရဲကြတော့ဘူး။ ဒါတွေကို သေသေချာချာ စဉ်းစားကြစေလိုပါတယ်။
ဆိုတော့ ပြည်သူထဲက ပြည်သူဖြစ်တဲ့ ရဟန်းတော်တွေဟာ အမိနိုင်ငံကို မတရားသဖြင့် အုပ်ချုပ်နေတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို အလိုမရှိကြောင်း ပြသနေရမှာပဲ။ ဒီလို ပြသတာဟာ စာရေးသူတို့ ရဟန်းတော်တွေ အနေနဲ့ အမိတိုင်းပြည်ကို ပြည်လည်ကျေးဇူးဆပ်ခြင်းလို့ သဘောရပါတယ်။ မတရားသဖြင့် အုပ်ချုပ်နေတဲ့ အဖွဲ့အစည်းတွေကို အလိုမရှိကြောင်း၊ သဘောမကျကြောင်း ပြသတာဟာ သူတော်ကောင်းတည်စေဖို့ဖြစ်သ လို သာသနာအဓွန့်ရှည်ဖို့ လုပ်ဆောင်ရာလဲ ကျပါတယ်။
စာရေးသူ နိဂုံးမသတ်သေးပါဘူး။ နောက် အလျဉ်းသင့်ရင် ဆက်ရေးပါအုံးမယ်။
စာရေးသူတို့ သာသနာရဲ့ဦးထိပ်မှာ မြတ်စွာဘုရားဟာ ရှိမြဲရှိနေမှာ ဖြစ်သလို ပြည်ထောင်စုမြန်မာ နိုင်ငံသူနိုင်ငံသားတွေရဲ့ ဦးထိပ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေဟာ ဘယ်သောအခါမှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ ဒါကိုလဲ ဘယ်မိစ္ဆာကောင်များကမှ တားဆီးလို့ ရမှာမဟုတ်ပါဘူး။
ပြည်ချစ်ဘုန်းဘုန်း
MSMA
30, 5, 2008
Posted by Ashin dhamma at 9:03 PM 0 comments
ရာဇအိနြေ္ဒ ပျက်ယွင်းနေသော မင်းတြားကြီး
စောထွန်း | မေ ၂၉၊ ၂၀၀၈
ကျနော်ငယ်စဉ်က စစ်တပ်ဝန်းထဲတွင် နေခဲ့ရပါသည်။ ဖခင်ဖြစ်သူမှာ ထိုခေတ် တပ်မတော်အရာရှိ တဦး။ နိုင်ငံခေါင်းဆောင် က ဗိုလ်နေ၀င်း။ ပါတီတွေ ကောင်စီတွေနှင့် ဆိုရှယ်လစ်အမည်ခံဝါဒ ကြီးစိုးချိန် ဖြစ်ပါသည်။
ထိုစဉ်တုန်းက ကျနော်တို့မြို့လေးမှာ မိုးသက်လေပြင်းများ ကျလိမ့်မည်ဟု နယ်ခံ မိုးလေ၀သဌာနလေးက သတင်းပေးပြီ ဆိုလျင် တပ်ထဲက အိမ်ထောင်သည်လိုင်းတွေ လုံခြုံစိတ်ချရအောင် သတိပေးထားသော်ငြား ရဲဘော်များမှာ အိမ်တွင် မနေကြရ။ ကားများပေါ်မှာ stand by … ။ လေပြင်းတိုက်သည်နှင့် မြို့ထဲမှာ လှည့်ပတ်ကြရသည်။ သစ်ပင်ကျိုးသလား။ အမိုးတွေလွင့်သလား။ အစိုးရ ရုံးတွေရော တဲငယ်များသာရှိသည့် မြို့စွန်ရပ်ကွက်များမှာပါ အရေးပေါ် အကူအညီပေးဖို့ ထွက်ကြရသည်။
တခါ မီးတွေလောင်ပြန်တော့လည်း မီးသတ်ကားတွေပေါ်တက်၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ အိမ်တွေထဲ ၀င်ဆွဲ ထုတ်ကြ၊ ပတ်လည်မှာလည်း တောကြောင်တွေ မထနိုင်အောင် ၀န်းရံကြသည်ကို မှတ်မိပါသည်။ ဒါက လွန်ခဲ့သော နှစ် ၂၀ ကျော် မဆလ ပျက်သုဉ်းခါနီးကပါ။
မနေ့တနေ့ကတော့ ကျနော်တို့အားလုံး ဘ၀မှာ မကြုံစဖူး မုန်တိုင်းဆိုသည်ကို တွေ့ကြရပါသည်။ ကျနော်သည် တိုက်ခန်း အလယ်ထပ်တစ်ခုမှာနေသူမို့ အန္တရာယ်နှင့်ဝေးသော်လည်း မအိပ်နိုင်ခဲ့။ ကလေးတွေကို အိပ်ခိုင်းပြီး လင်မယားနှစ်ယောက် တညလုံးစောင့်ကြည့်ကြသည်။ မြင်ဖူးချင်တာလည်း ပါသည်။ တခုခုဖြစ်ရင် ဘာလုပ်နိုင်မလဲ စဉ်းစားတာလည်းပါသည်။ မသိသော ထိုတခုခု ကို အိပ်ပြီး မကျော်ဖြတ်ချင်တာလည်းပါပါသည်။
မကြုံဘူးအောင် ပြင်းထန်သော လေကြမ်းအတွင်း သွပ်မိုးတွေ စက္ကူလေးတွေလို လွင့်ပျံနေချိန်ဝယ် တချို့ တက္ကစီတွေ၊ ကားလေးတွေ သတိကြီးစွာဖြင့် မောင်းနေကြသည်ကို မပြတ်တွေ့ရသည်။ တော်တော်မနေနိုင်တဲ့သူတွေပဲ၊ မိုက်မဲတဲ့သူ တွေပဲဟု မြင်မိသည်။ သို့သော် မြို့တဘက်ပိုင်းမှာ ရှိသော မိခင်နှင့် မိသားစုကို သတိရမိသောအခါ သူတို့လည်း စိုးရိမ်စရာ လူတွေ အမျိုးတွေရှိရာ ပြေးကြရှာတာနေမှာပဲဟု စဉ်းစားမိပါသည်။
ဒီအချိန်မှာ ကျနော်ရှာမိသည်။ မတွေ့ပါ။ လုံးဝမတွေ့ပါ။ တခြားတော့မဟုတ်ပါ။ ညနေမိုးချုပ်စအချိန်အထိ တွေ့ခဲ့ရသော တရုတ်ပြည်လုပ် စစ်ကားကြီးများ၊ ဒိုင်းများ၊ တုတ်များနှင့် လက်နက်အစုံပါ စစ်တပ်များ လုံထိန်းများကိုပါ။ သစ်ပင်တွေ ပြိုလဲ၍ မြို့ပျက်ကြီးဖြစ်နေသော ရန်ကုန်ကိုမြင်ကြရသည့် နောက်တနေ့တွင်လည်း သူတို့ကို ပြန်မတွေ့ရပါ။
တွေ့ရသည်က စက်တင်ဘာအကုန်ကတည်းက လမ်းတွေပေါ်မှာပျောက်သွားခဲ့သည့် သံဃာတွေကို အစုလိုက်တွေ့ရသည်။ သစ်ပင်တွေကို စက်လွှများဖြင့် ဖြတ်သူကဖြတ်၊ သစ်ကိုင်းတွေ သယ်ပြီးလမ်းရှင်းသူကရှင်း။ ဒီထဲမှာ ဆံပင်နီကြောင်ကြောင် နှင့် Hip Hop ပုံစံကောင်လေးတွေလည်းဝိုင်းလို့ ၀န်းလို့ ပါသည်။
ငယ်ငယ်တုန်းက ကျနော့်အတွေ့အကြုံကိုသတိရမိသည်။ ဘယ်လိုများဖြစ်တာပါလဲ။ အထက်က အမိန့် မရလို့ ဖြစ်မယ်ဟု ပြောသူကပြောသည်။ နောက်တော့ မိတ်ဆွေတယောက်က အနီးစပ်ဆုံးဖြစ်မည့် ဝေဖန်ချက်တခုကိုပေးသည်။
“ဘုန်းကြီးတွေကို ရိုက်နှက်သတ်ဖြတ်ခဲ့လို့ ဒီလို မုန်တိုင်းမျိုးတိုက်တာလို့ တို့တွေက ထင်ကြ ပြောကြတာ သာမာန်အနေနဲ့ပဲ။ ကိုယ်တိုင်လုပ်ခဲ့တဲ့ သူတွေကတော့ တကယ်ကို ယုံကြည်ကြတယ်။ မိုးသက်မုန်တိုင်းတွေတိုက် တပ်ဝန်းထဲမှာ သစ်ပင်တွေ ကျိုးကျ၊ သွပ်မိုးတွေပွင့်ထွက်တဲ့ အခါ သူတို့မှာ စိတ်လုံခြုံရာမရဘူး။ ဘုရားပဲ တနေခဲ့ကြရတာ အရာရှိကြီးကနေ တပ်သား တွေထိ အားလုံးပဲ။ ဘယ်မှာ သူများကို စောင့်ရှောက်ဖို့ တို့နောက်တနေ့ ထွက်ပြီး လမ်းရှင်းဖို့တို့ စိတ်ကူးနိုင်လိမ့်မလဲ” တဲ့။ ဖြစ်နိုင်ပါသည်။ နောက်တော့ ငလျင်လှုပ်လိမ့်မည်ဟု ကောလာဟလ တွေထွက်လာသည်။ ရယ်စရာလိုလို လူတွေက လျှောက်ပြော နေသော်လည်း အယုံကြည်ဆုံးမှာ ခေါင်းဆောင်ကြီးမိသားစုမှ သည် တပ်သားများအထိပါ။ ဒီတော့ ထုံးစံ အတိုင်း ငလျင်စကားပြောတဲ့သူ ဖမ်းမည်ဟု အမိန့်ထွက်လာပြန်သည်။
မုန်တိုင်းအပြီး ညနေလောက်မှစ၍ မြစ်ဝကျွန်းပေါ်က သတင်းဆိုးတွေကြားလာရသည်။ မနေ့ညကတည်းက ပျောက်သွား ခဲ့သည့် တပ်တွေ ရဲတွေ ဘယ်မှာမှ မတွေ့ရသေး။ ရေဒီယိုတွေ တီဗွီတွေလည်း မရှိ။ ပြည်သူအများမှာ လေလှိုင်းထဲက လူသတ်သမားဆိုသူ ဘီဘီစီ၊ ဗွီအိုအေတွေကိုပဲ အားထားကြရသည်။ သတင်းဆိုးတွေကြားတော့ ကိုယ့်ထက်ဆိုးပါလားဟု စိတ်မကောင်း ဖြစ်ကြရသည်။ ကူညီကြဖို့ စတင်စဉ်းစားကြရသည်။
ဆီတွေ ဂက်စ်တွေဖြတ်လိုက်သဖြင့် လူထုသယ်ယူပို့ဆောင်ရေး မရှိတော့သည့် လမ်းပေါ်မှာလမ်းလျှောက်သွားကြရင်း ၈၈ ကျောင်းသားတို့၏ လမ်းလျှောက်ပွဲတွေကို သတိရကြသည်။ သံဃာတွေကို ကူညီရင်း ကိုယ့်လမ်းကိုယ်ရှင်းကြ၊ ရေတွေ မီးတွေကို ကိုယ်တိုင်ရှာကြဖွေကြနှင့် ချမ်းသာသူတို့က အစွန်အဖျားကို သွားကြည့်ရင်း ထမင်းထုပ်ဝေဖို့ လုပ်ကြပြီ။
၂ ရက်ခန့်အကြာမှာ ပြန်တွေ့ရပါပြီ။ လမ်းဆုံလမ်းခွမှာ စစ်သားတွေ၊ အပွင့်တွေ အခက်တွေနဲ့ ခပ်ငယ်ငယ် ဗိုလ်လေးတွေ၊ ဗိုလ်ကြီးတွေ ပင်ပန်းနွမ်းနယ်နေသည့် ပုံသဏ္ဍန်နှင့် စည်ပင် စက်ယန္တယားကြီး ဘေးကနေ မ မ၊ ချ ချ အမိန့်ပေးနေသည်။ လုပ်နေကျအလုပ်ကို ဘေးက အမိန့်ပေးခံရသည့် ယာဉ်မောင်းသူမှာ လက်မောင်းခန့် သစ်ကိုင်းကို ကရိန်းဖြင့် မလို မရနှင့် အံ့သြဖွယ်မြင်ကွင်းတွေ၊ သတင်းစာ စဖတ်ရတော့ ထူးဆန်းထွေလာတွေ မြင်ကြရပြန်ပါသည်။
ဘယ်နေရာမှာ ရှားရှားပါးပါး ရိုက်လာမှန်းမသိသည့် ဓာတ်ပုံတွေပါ။ သူတို့တွေ လမ်းရှင်းပေးနေကြပြီ။ အမျိုးသား သဘာဝ ဘေးအန္တရာယ် ကာကွယ်တားဆီးရေးအဖွဲ့ ဥက္ကဌကြီးတို့ အစည်းအဝေးထိုင်ပြီတဲ့။ လှည့်ကြည့် နေပြီတဲ့။ အားရဖွယ်သတင်း တွေ။ ဒီအချိန် မြစ်ဝကျွန်းပေါ် ရေစပ်စပ်မှာ မသေဘဲ မျော့မျော့ ကျန်ရစ်သူ လူ တသောင်းလောက် ကယ်သူမရှိ၍ ထပ်မံ သေဆုံးကုန်ကြလောက်ပါပြီ။
မုန်တိုင်းမကျမီ ညဦးက ဒီမိုကရက်တစ်မြန်မာ့အသံက ကန့်ကွက်မဲပေးစို့ သီချင်းတွေကိုဆို၊ သင်္ကြန်သီချင်း အလိုက်မို့ သမီးငယ် ပျော်ရွှင်စွာ ကသည်ကို ကြည့်ရင်း အားတက်နေခဲ့သည့် ကျနော် အပါအ၀င် မြန်မာတွေအားလုံး ဆန္ဒမဲပေးဖို့ ရက်ကို မေ့နေကြပါပြီ။ စိတ်လည်းမ၀င်စားကြတော့ပါ။ ခုလိုအချိန် သဘာဝဘေးအန္တရာယ်ကျခဲ့သည်မှာ စီးပွားရေး နိုင်ငံရေး မလုပ်တတ်သဖြင့် ညံ့ဖျင်းလှသည်ဟု အပြောခံခဲ့ရသည့် တပ်မတော်အတွက် ကြီးစွာသော အခွင့်အရေးပင် ဖြစ်သည်။
နေရာအနှံ့သွားနိုင်သော စစ်သားတို့ အတွေ့အကြုံ အလေ့အကျင့်၊ အလုပ်ကြမ်းကို တသက်လုံးကျင့်သားရနေသည့် သူတို့၏ အားမာန်သည် ကယ်ဆယ်ရေး၊ ရှင်းလင်း တည့်မတ်ရေးတို့တွင် တခြားသူတွေထက် အပုံကြီးသာသည်။ အစိုးရငွေ တပြား တချပ် သုံးရန်မလို၊ ပြည်ပနှင့် စေတနာရှင်တို့၏ အလှူကို လက်ရောက်အောင်ပို့ပေးရင်း ဒုက္ခသည်တွေရှိရာ အစွန်အဖျားကို သွားစောင့်ရှောက်ပေးရုံမျှနှင့် ကြက်ခြေခတ်ရန် တာစူနေသည့်သူများ သူတို့ဘက် ပါသွားမည်သာဖြစ်သည်။
စစ်သားဆိုသည်မှာ ဗိုလ်ချုပ်ကြီးများကဲ့သို့ ၀လင်နေသူများ မဟုတ်သဖြင့် အလှူ့လက်ဖက်ကို ကိုယ်လည်းစား၊ ခိုးထုတ် ပြီးလည်း ရောင်းရုံနှင့်တော့ အထူး နာမည်ပျက်မည်မဟုတ်ပါ။ ရောက်သင့်သည့် နေရာကို ၈၀ ဖိုးရောက်ခဲ့ပါက ၂၀ ဖိုး ခိုးယူခြင်းအတွက် ပြောမည့်သူ မများလှပါ။ ခုတော့ဖြင့် သူတို့၏ ခြေလှမ်းတွေမှာ ထူးခြားလွန်းလှပါသည်။ အရာရှိတိုင်းကို ထိုင်းဆန် ၁၂ ပြည်စီ ထုတ်ပေးခြင်း၊ ဒုက္ခသည်များကို ဆန်ကွဲဝေခြင်းတို့သည် သူတို့ ရေးဆွဲသည့် အခြေခံဥပဒေပါ “စစ်အုပ်ချုပ်ရေးကာလအတွင်း တာဝန်အရဆောင်ရွက်ခြင်း” အဖြစ် နောင်အခါ အရေးယူ တရားစွဲခံရမှုမှ လွတ်ကင်းသည့် သဘောရိုးဖြင့် ဆောင်ရွက်ချက်မျိုး မဟုတ်ပါ။
သန်းပေါင်းများစွာ အကူအညီကို တက်တက်ကြွကြွ လက်ခံကာ မိမိ တပ်ဖွဲ့ များအတွက် မသိမသာ အမြတ်ထုတ်လျင် နိုင်ငံရေး စီးပွားရေး အမြတ်များစွာရနိုင်ပါလျှက် မရှက်မကြောက် ခိုးဝှက်ကြသည်။ ပြည်သူပြည်သားတို့အပေါ် မစ္ဆရိယ ထားခဲ့ကြသည်။ ၂ ရက်ခန့် မစားဘဲနေနိုင်သည့် စွမ်းအားမြင့် ချောကလက်ကို ၂ တောင့် ၃ တောင့် ဆက်တိုက် ခိုးစားရင်း သူတို့သားသမီးတွေ ဆေးရုံပို့ကြရသည်ဆိုသော သတင်းမျိုးတွေ ကြားလာကြရသည်။
ဖြစ်ချင်တော့ တရုတ်ပြည်မှာ ငလျင်ကြီးလှုပ်ခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပါ။ မြန်မာ့တပ်မတော်နှင့် လုံးဝ ကွဲပြားသော စွန့်စားမှု၊ စွန့်လွှတ်မှု၊ အားကိုးရမှုတို့ကို တရုတ်ပြည်သူ့တပ်မတော်နှင့် ကွန်မြူနစ်ပါတီ အစိုးရက ပြသခဲ့သည်။ မျက်ရည် ကျဖွယ် စွန့်လွှတ်ကူညီမှုများကြောင့် အစိုးရနှင့် ရန်စစ်ဖြစ်နေဆဲ တိဘက်တို့သည်ပင် ငြိမ်းချမ်းရေး အလံပြကြသည်။ တရုတ်အိုလံပစ်အပေါ် ဆန့်ကျင်မှုများ တခန်းရပ်ကြဖို့ ညွှန်ကြားရသည်အထိ သူတို့ အောင်မြင်ခဲ့ကြသည်။
တခြားတနေရာတွင်ဖြင့် ၀ိုင်းပြောနေသည့်ကြားက မဲပေးပွဲကို ဇွတ်ပင်လုပ်ခဲ့ပါသည်။ စိတ်မပါခြင်းကြောင့် လည်းကောင်း၊ ကန့်ကွက်မိလျင် အငြိုးခံရမည်ကို ထိတ်လန့်ခြင်းကြောင့်လည်းကောင်း မန္တလေးလို မြို့တွင်ပင် တစ်ဝက်မျှ မဲလာမပေး ကြပါ။ အလွန်ကောင်းပါသည်။ မလာသူအားလုံးကို မဲစာရင်းအတိုင်း ထောက်ခံမဲ ထည့်ပေးလိုက်ခြင်းဖြင့် မဲကိုဇွတ်လိမ်ရန် သိပ်မလိုတော့ပါ။
ဒီအချိန်မှာ မြန်မာခေါင်းဆောင်ကြီး လမ်းပေါ်ထွက်လာပါသည်။ ၁၀ ရက်ကျော်အကြာ အသေအပျောက် စာရင်း ၃၅၀ မှ ၇၀၀၀၀ သို့ တိုးပြလိုက်ချိန်နှင့် အချိန်ကိုက်ပါသည်။ အမေရိကန်နှင့် မဟာမိတ် သင်္ဘောတွေကို ခံတိုက်ဖို့ မြစ်ဝကျွန်းပေါ်ကို လှည့်ကြည့်သည်။ တပ်တွေကို ဘယ်သူတက်လာလာ ပစ်ဖို့အမိန့်ပေးပြီး ရဟတ်ယာဉ်ပေါ်မှ ပြင်သစ်သင်္ဘောကို မြင်သည့် အခါ တုန်လှုပ်သွားပါတော့သည်။ အာဆီယံကို အပြေးဦးတိုက်သည်။ မနေ့တနေ့က မျက်နှာပျက်ခံ ငြင်းဆိုထားသည့် ထိုင်းကို အချိုသတ်သည်။ ပြည်သူ့ဆက်ဆံရေးမှလာ၍ လွန်စွာ ပိုင်နိုင်ကျွမ်းကျင်သော သူ၏ဗျူဟာအတိုင်း ခေါင်းညိတ်ပြီးမှ တဖြည်းဖြည်း ခေါင်းခါပြသည့် လမ်းစဉ်ကို စတင်ကျင့်သုံးတော့သည်။
နောက်တော့ အရေးပေါ်အခြေအနေ ကြေညာထားသည့် နယ်မြေတွင်ပင် ဆန္ဒမဲပေးစေခဲ့သည်။ ဆင်ဟွာကဲ့သို့ သတင်းဌာန မျိုးကပင် အံ့သြဖွယ်အဖြစ် ဖေါ်ပြခဲ့ကြရသည်။ မည်သည့် အခြေခံဥပဒေတွင်မဆို အဆိုပါဒေသမျိုးတွင် လွတ်လပ်သောမဲ မရနိုင်ကြောင်း ပါရှိကြသည် ဆိုသော်ငြားလည်း (ယခုဖွဲစည်းပုံသစ်တွင် ပါ၊ မပါ ကျနော် သေချာမသိပါ) ချုပ်နှောင်ထားတာ ၅ နှစ်ပြည့်၍ ပြန်လွှတ်ရတော့မည့် ဒေါ်အောင်ဆန်းစုကြည် ထွက်မလာမီ အပြီးသတ် ကြေညာလိုက်တော့သည်။
သို့သော်လည်း သူတို့၏ ဥပဒေနှင့် မဲစာရင်းတို့ကို စိတ်ဝင်စားမှုနည်းနေကြောင်း၊ မခိုင်မာသေးကြောင်း သတိပြုမိသည့်အခါ ဥပဒေကို မကြည့်တော့ဘဲ ချုပ်နှောင်သက်တမ်းကို မျက်စိမှိတ်တိုးလိုက်ပါသည်။
ဤမျှဖြစ်နေစဉ်မှာပင် ဗိုလ်ချုပ်မှူးကြီး၏ စဉ်းစားနည်းမှာ အံ့သြဖွယ်။ လူတိုင်းက ပြန်လည်ထူထောင်ရေးတွင် လယ်တွေ ပြန်ကောင်းဖို့၊ မုန်တိုင်းဒီရေအတွက် ဘင်္ဂလားပြည်မှာကဲ့သို့ တက်ပြေးစရာ အဆောက်အဦမြင့်များ ဆောက်ဖို့၊ infrastructure နှင့် mitigation အတွက် အမျိုးမျိုးစဉ်းစားနေချိန်မှာ နောက်နောင် အမေရိကန်လာလျင် သူပိုင်နိုင်သည့် ကြည်းတပ်ဖြင့် ခုခံနိုင်စေရန်အတွက် လမ်းမ အမြင့်ကြီးများ ဆောက်ဖို့ ဘီလျံဒေါ်လာ အကူအညီများ တောင်းခံရှာသည်။ ကယ်ဆယ်ရေးမှလွဲ၍ မျက်မှောက်ခေတ် အမေရိကန်သည် အလုံးအရင်းဖြင့် ကမ်းမတက်တော့ကြောင်း သူမသိ။ စစ်တိုက် လိုလျင် မိမိလိုသော ပစ်မှတ် ကို ဗုံးမိုးချပြီး အတန်ကြာမှ အီရတ်သို့ ၀င်ခဲ့သည်ကိုလည်း သတိမထားမိ။ ယိုင်နဲ့လာသော စည်းစိမ်အာဏာ လုပ်ချင်ရာအတွက် ဟန်မဆောင်နိုင်တော့ပါ။ ဇာတ်ဆန်ဆန်ပြောရလျင် သူသည် ရာဇအိနြေ္ဒ ပျက်ယွင်း နေပေပြီ။ ။
ုThe Errawaddy မှတင်ပြသည်။
Posted by Ashin dhamma at 5:17 PM 0 comments