Thursday, April 10, 2008

ပြည်သူတွေကတော့ နိုး ပါတဲ့ဗျာ၊ ကဲ ဘယ်နှယ့်ရှိစ နအဖ ရေ။

11-04-2008

ဧပြီ ရရက် ၂၀၀၈ က generation wave က နိုင်ငံတ၀ှမ်းမှာ Vote No ကင်ပိန်း စဖို့ လှုံဆော်ခဲ့ပါတယ်။ ဒါ့ yangon က bus ပေါ်မှာပါ။
အခု နေရာအနှံမှာ ပြည်သူတွေ နိုးနိုးကြားကြား နိုးနေကြပါပြီ ခင်ဗျာ။ နိုး နိုး နိုး ပါ။။

ကျားနဲ့ဆင် လယ်ပြင်မှာ.တွေ့ ကြပြီ။
သည်းခံခြင်းဆိုတာ အတိုင်းအတာရှိပါတယ်ခင်ဗျာ။ လူ့ သမိုင်းတလျှောက် ဖြစ်ပျက်ခဲ့သမျှ အားလုံးသော တော် လှန်ရေးတွေ ဟာလည်း သည်းခံခြင်း အတိုင်းအတာရဲ့ တဖက်စွန်း ရောက်သွားတာမို့  တော်လှန်ခဲ့ ကြတာပါ။

ယနေ့ ခေတ်ဗမာပြည်မှာ တရားစီရင်ရေးဥပဒေမဲ့ ။ မတရား လက်နက်ပြ အာဏာသိမ်းထားတဲ့ စစ်အာဏာ ရှင်က သူ့ အာဏာစည်းစိမ် တည်မြဲမှု တစ်ခုထဲအတွက် လာဘ်စားဖောက်ပြန်။ ကိုယ့်လူမျိုး အချင်းချင်း ညှင်း ပန်းနှိပ်စက် သတ်ဖြတ်ရုံမက ခိုးဆိုး လုယက်မိုက်မဲတဲ့ ရာဇ၀တ်သားတွေကို နေရာပေး လုပ်ပိုင်ခွင့်တွေ တံခါးမရှိ ဓါးမရှိ ပေးလာ တဲ့အခါ။ မိမိ သမာအာဇီဝနဲ့ တပင်တပန်း ကြိုးကုပ် ရှာထားခဲ့ရတဲ့ ပြည်သူတွေရဲ့ အ သက်စည်းစိမ်ဥစ္စာတွေဟာ လုံခြုံ မှုမရှိ။ ကိုးကွယ်ရာ ဘာသာသည် အချိုးနှိမ်ခံ နောင်ရေးအနာဂတ် မတိ ကျတဲ့အထိ ဖြစ်လာနေခြင်း စသည်ဖြင့် အားလုံးခြုံကြည့်တဲ့အခါ တိုင်းပြည်ပျက်လာနိုင်တဲ့အထိ ပြည်တွင်းစစ်မီး ဖြစ်လာနို်င်တဲ့ အထိ ဆိုးရွားလာစေမဲ့ ကြောက်မက်ဖွယ် ဝမ်းနည်း ကြေကွဲဖွယ် အနာဂတ် ကြီးဖြစ်ပါတယ်။

ဒီအနာဂတ်လမ်းကို ပြည်သူတွေ ရှောင်လွဲနေခဲ့တာ အနှစ် ၄၆ နှစ်ရှိပါပြီ။ ဒါပေမဲ့  အခုအချိန်ကစ ဒီပုံ အတိုင်း သာဆက်သွားနေခဲ့ရင် နောင်အနှစ် ၃၀ အတွင်း မြန်မာမြေပေါ်မှ တိုင်းရင်းသား လူမျိုးတွေ ပျောက်ကွယ်။ ဗမာဆိုတဲ့ လူမျိုးတွေအစား တရုပ်တွေကြီးစိုးနေတဲ့ ဗမာပြည်ကြီးအဖြစ်ဘဲမြင်တွေ့ ရတော့မှာပါ။

တိုင်းပြည် ဆင်းရဲတာက ကြိုးစားနိုင်ရင် တိုးတက်ပါဦိးမယ်။ ရေကူးတတ်တဲ့သူ ကို ကြိုးတုတ်ရေကူးခိုင်းတာက မတရားတဲ့ ကိစ္စတရပ်ပါ။ ဒီ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲရဲ့ အဖြေဟာ ဖြူသည်ဖြစ်စေ မဲသည်ဖြစ်စေ ဂယ်ပေါက် မရှိတဲ့ မြှုံးတစ်တခုပါဘဲ။ အခုဘဲ ကြည့်ပါခင်ဗျာ။

ပြည်သူအပေါ် ညှင်းပမ်းနှိပ်စက် အနိုင်ကျင့်ဗိုလိကျနေသူ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းခေါင်းဆောင် တဦးကို သေနတ်သမားများက ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် မှာ လုပ်ကြံ သတ်ဖြတ်မှုဖြစ်ပွါး ခဲ့ပါတယ်။
http://www.mizzimaburmese.com/content/view/906/1/

မတရားဖိနှိပ် အုပ်ချုပ်မှု တွေရှိနေသမျှ ကာလပတ်လုံး ဒီလိုလက်တုန့် ပြန်ကလဲ့စားတွေ ရှိနေဦးမှာပါဘဲ။ ဒီလို မြန်မာပြည် ဘာကြောင့်ဖြစ်နေခဲ့ရပါသလည်း။
အရင်းစစ် အမြစ်မြေက မို့  ဒီ စစ်အာဏာရှင်ဝါဒ မတည်တံ့ရေး တော်လှန်ဖို့ အချိန်ကျပါပြီ။ VOTE NO သာ ရဲရဲလုပ်ကြပါ ခင်ဗျာ။

0 comments: